Connect with us

China

ကာဗွန်စံနှုန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအကြံပြုချက်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် တရုတ်နိုင်ငံ အဆိုပြုတင်သွင်း

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရုံးချုပ် ပြင်ပမြင်ကွင်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ကမ္ဘာကုန်သွယ်ရေးအဖွဲ့ (WTO) ကုန်သွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကော်မတီ (CTE) သည် နှစ်ပတ်လည် နောက်ဆုံးအကြိမ်အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့က “ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ကာဗွန်စံနှုန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာအကြုံပြုချက်” အဆိုကို တရားဝင်တင်သွင်းခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်စံနှုန်းများ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေသည့်ကိစ္စရပ်ကို ကိုင်တွယ်စီမံရန် အဓိကထားကာ စနစ်တကျပူးပေါင်းဆောင်ရွက်မှုဖြင့် ကုန်သွယ်ရေးနှင့် ရာသီဥတု ဟန်ချက်ညီညီ တိုးတက်စေသည့် အသေးစိတ်နည်းလမ်းများကို အဆိုပြုခဲ့သည်။

အာဖရိက၊ ကာရေဘီယံနှင့် ပစိဖိတ်နိုင်ငံများအဖွဲ့ (ACP) ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဖွဲ့နှင့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ ဂျပန်၊ ဆွစ်ဇာလန် စသည်တို့ အပါအဝင် အဖွဲ့ဝင်နှင့် အဖွဲ့ဝင်အဖွဲ့အစည်း စုစုပေါင်း ၂၅ ခုက ပါဝင်ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ၏ အဆိုပြုချက်သည် အပြုသဘောဆောင်၍ အားလုံးပါဝင်မှုရှိကြောင်း ဘက်ပေါင်းစုံက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု လက်ခံခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်အသွင်ပြောင်းမှုလုပ်ငန်းစဉ် အရှိန်မြှင့်တင်လာခြင်းနှင့်အတူ ကာဗွန်စံနှုန်းနှင့် ဆက်စပ်မှုများသည် ဥတုရာသီပြောင်းလဲမှုနှင့် နိုင်ငံတကာကုန်သွယ်မှုစနစ်ကျရေးကို ကိုင်တွယ်စီမံသည့် အခန်းကဏ္ဍတွင် နေ့စဉ်နှင့်အမျှ ထင်ရှားလာကြောင်း တရုတ်နိုင်ငံ ကိုယ်စားလှယ်က ထောက်ပြ ပြောကြားခဲ့သည်။ အဆိုပြုချက်သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလက ကျင်းပသော ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ကြေညာခဲ့သည့် ၂၀၃၅ ခုနှစ် နိုင်ငံကိုယ်ပိုင်အကျိုးဆောင်မှုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အဆိုပါ ရည်မှန်းချက်သည် စွမ်းအင်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ပြနှင့်ကျေးလက် တည်ဆောက်ရေး စသည့် ရှုထောင့်အလွှာများစွာကို လွှမ်းခြုံထားသော လှုပ်ရှားမှုမူဘောင်ကို စနစ်တကျ တည်ဆောက်လိုက်ခြင်းဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု စီမံခန့်ခွဲမှုတွင် ပါဝင်ရန်၊ တရားမျှတ၍ ထိရောက်မှုရှိသော နိုင်ငံစုံစနစ်တည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်ရန် တရုတ်နိုင်ငံ၏ သန္နိဋ္ဌာန်ကို အထင်အရှားပြသခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစိမ်းရောင် ကာဗွန်လျော့နည်းအသွင်ပြောင်းခြင်းသည် ခေတ်ကာလ၏ဒီရေစီးကြောင်း ဖြစ်ကြောင်း၊ အစိမ်းရောင်စံနှုန်းများသည် ကုန်သွယ်ရေးအတားအဆီးအသစ်များ မဖြစ်သင့်ဘဲ နိုင်ငံအသီးသီးက အစိမ်းရောင်နည်းပညာနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း နိုင်ငံတကာဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်သော ပေါင်းကူးတံတားဖြစ်သင့်ကြောင်း တရုတ်နိုင်ငံက အလေးထားပြောကြားခဲ့သည်။ အဆိုပြုချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ တည်ဆဲလုပ်ငန်းစွမ်းရည်များတွင် အခြေခံထားပြီး တာဝန်ဝတ္တရားထပ်တိုးခြင်း၊ အချိန်ကန့်သတ်ခြင်းမရှိဘဲ “သဘာဝအလျောက်၊ အချိန်အတိုင်းအတာအလျောက် ဖြစ်မြောက်စေရန်” ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ သတင်းအချက်အလက်မျှဝေမှုကို အားဖြည့်ခြင်း၊ အပြန်အလှန်လုပ်ဆောင်နိုင်မှုကို မြှင့်တင်ခြင်း၊ စံနှုန်းစနစ်ချိတ်ဆက်မှုကို တွန်းအားပေးခြင်းမှတစ်ဆင့် ဘက်အသီးသီးအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်စီမံခြင်းနှင့် ကုန်သွယ်ရေးလွယ်ကူအဆင်ပြေမှုကို မြှင့်တင်ခြင်းအကြား ချိန်ခွင်လျှာကို ပို၍ကောင်းမွန်စွာ ထိန်းညှိနိုင်ကြောင်း တရုတ်နိုင်ငံ ပြောကြားခဲ့သည်။

အာဖရိက၊ ကာရေဘီယံနှင့် ပစိဖိတ်နိုင်ငံများအဖွဲ့ (ACP) ကိုယ်စားလှယ်များက ကာဗွန်စံနှုန်း အစိတ်စိတ်အမြွှာမြွှာဖြစ်ခြင်းသည် ဖွံ့ဖြိုးဆဲအဖွဲ့ဝင် အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးအဖွဲ့ဝင်များအတွက် သိသာထင်ရှားသော စိန်ခေါ်မှုဖြစ်ကြောင်း၊ ဘက်စုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် စွမ်းရည်တည်ဆောက်မှုကို ထောက်ခံအားပေးခြင်းဖြင့် စည်းမျဉ်းလိုက်နာမှုဆိုင်ရာကုန်ကျစရိတ်ကို လျှော့ချပြီး အစိမ်းရောင်ကဏ္ဍ အတားအဆီးအသစ်များ ဖြစ်လာခြင်းကို ရှောင်ရှားရမည်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။

ဘရာဇီး၊ ထိုင်း၊ ဖိလစ်ပိုင်၊ တောင်အာဖရိက၊ အီဂျစ် စသည့် နိုင်ငံကိုယ်စားလှယ်များကလည်း တရုတ်နိုင်ငံအဆိုပြုချက်သည် အားလုံးပါဝင်မှုနှင့် ဟန်ချက်ညီမှု နှစ်ခုစလုံးကို ထည့်သွင်းစဉ်းစားခြင်းဖြစ်ရာ စံနှုန်းရေးဆွဲသတ်မှတ်မှုတွင် ဖွံ့ဖြိုးဆဲအဖွဲ့ဝင်များ၏ ပါဝင်မှုအတိုင်းအတာကို မြှင့်တင်ရာတွင် အထောက်အကူပြုကြောင်း ယူဆကြသည်။

တရုတ်နိုင်ငံ၏ အဆိုပြုချက်သည် ပွင့်လင်းမြင်သာမှုနှင့် စံနှုန်းတစ်ပြေးညီရှိရေးကို မြှင့်တင်ရာတွင် အကျိုးရှိသောတွေးခေါ်နည်းကို ပံ့ပိုးပေးကြောင်း၊ စံနှုန်းညှိနှိုင်းပေါင်းစပ်မှုနှင့် အပြန်အလှန်အသိအမှတ်ပြုမှုကို မြှင့်ရန်အတွက် အချို့အဖွဲ့ဝင်များက ကုန်သွယ်ရေးကဏ္ဍ နည်းပညာအတားအဆီးများဆိုင်ရာ ကော်မတီအတွင်း၌ ခေါင်းစဉ်ကဏ္ဍအလိုက်ဆွေးနွေးရန် အကြံပြုကြကြောင်း ဥရောပသမဂ္ဂနှင့် ဩစတြေးလျ၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန် စသည့် နိုင်ငံကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

ထို့အပြင် အစည်းအဝေးကာလတွင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ဂျီနီဗာအခြေစိုက် Think Tank ကုန်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ဖိုရမ် (TESS) နှင့်အတူ ဖွံ့ဖြိုးဆဲအဖွဲ့ဝင်များနှီးနှောဖလှယ်ပွဲအား ကြီးမှူးကျင်းပခဲ့ပြီး တရုတ်နိုင်ငံက ကာဗွန်စံနှုန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍတွင် နောက်ဆုံး ထည့်သွင်းစဉ်းစားမှုနှင့် မူဝါဒအကြံပြုချက်များကို မျှဝေခဲ့သည်။ အီကွေဒေါ၊ ပါရာဂွေး၊ ဘရာဇီး၊ ဘာဘေးဒိုးစ်၊ ကိုလံဘီယာ၊ ကို့စ်တာရီကာ၊ တူကီယဲ၊ မိုဇမ်ဘစ်၊ ဖိလစ်ပိုင်၊ ပီရူး၊ ချီလီ စသည့် ဖွံ့ဖြိုးဆဲအဖွဲ့ဝင်ကိုယ်စားလှယ်များ တက်ရောက်၍ တက်ကြွစွာ ပါဝင်ဆွေးနွေးပြောကြားခဲ့ရာ အစည်းအဝေးတုန့်ပြန်မှုအားကောင်းခဲ့သည်။

တရုတ်နိုင်ငံက ဘက်ပေါင်းစုံနှင့်အတူ ဆက်လက်လက်တွဲ၍ အစိမ်းရောင်စံနှုန်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုနည်းလမ်းကို ရှာဖွေသွားရန်၊ ကျယ်ပြန့်များပြားလှသော ဖွံ့ဖြိုးဆဲအဖွဲ့ဝင်များ၏ ဘုံစိုးရိမ်မှုကို တုံ့ပြန်၍ အစိမ်းရောင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအကျိုးကို ကမ္ဘာ၏နေရာအနှံ့တွင် အစစ်အမှန်လက်လှမ်းမီနိုင်စေရေး ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
中国在世贸组织提出加强涉碳标准合作建议提案
新华社日内瓦11月5日电(记者焦倩)世界贸易组织贸易与环境委员会4日在瑞士日内瓦召开年度最后一次会议。会上,中国代表团正式提交《关于在世贸组织加强讨论涉碳标准合作的建议》提案,聚焦应对全球涉碳标准碎片化问题,提出以系统性合作推动贸易与气候协同发展的具体路径。
共有25个成员及成员集团参与讨论,包括非洲、加勒比和太平洋国家集团、最不发达成员集团,以及美国、欧盟、澳大利亚、日本、瑞士等。各方普遍认可中方提案的建设性与包容性。
中方代表指出,随着全球绿色转型进程加快,涉碳标准在应对气候变化和规范国际贸易中的作用日益凸显。提案旨在落实中方在2025年9月联合国气候变化峰会上宣布的2035年国家自主贡献目标。该目标系统构建了覆盖能源、产业、交通、城乡建设等多维度的行动框架,彰显中方参与全球气候治理、推动构建公平有效多边体系的决心。
中方强调,绿色低碳转型是时代潮流。绿色标准应成为各国加强绿色技术和产业国际协调的桥梁,而非新的贸易壁垒。提案基于世贸组织现有职能,不增设义务,不设时限,力求“顺其自然,水到渠成”。通过加强信息共享、提升互操作性、推动标准体系衔接,各方可在应对气候变化与促进贸易便利之间实现更优平衡。
非洲、加勒比和太平洋国家集团代表指出,碳标准碎片化对发展中成员特别是最不发达成员构成显著挑战,支持通过多边协调与能力建设降低合规成本,避免形成新型绿色壁垒。巴西、泰国、菲律宾、南非、埃及等国代表认为,中方倡议兼顾包容与平衡,有助于增强发展中成员在标准制定中的参与度。欧盟和澳大利亚、瑞士、英国、加拿大、日本等国代表表示,中方提案为提升透明度与标准一致性提供了有益思路,部分成员建议在技术性贸易壁垒委员会同步开展专题讨论,以促进标准协调与互认。
此外,中国代表团在会议期间还与日内瓦智库贸易、环境与可持续发展目标论坛(TESS)主办了发展中成员研讨会,分享中方在推动涉碳标准合作方面的最新思考与政策建议。来自厄瓜多尔、巴拉圭、巴西、巴巴多斯、哥伦比亚、哥斯达黎加、土耳其、莫桑比克、菲律宾、秘鲁、智利等发展中成员的代表出席并积极发言,现场反响热烈。中方表示,愿继续同各方携手,探索绿色标准协调的多边合作路径,回应广大发展中成员的共同关切,让绿色发展真正惠及世界每个地方。(完)
1. 这是9月17日在瑞士日内瓦拍摄的世界贸易组织总部外景。新华社记者 连漪 摄