Connect with us

China

ရေခဲတောင်ထိပ်များကို ကျော်ဖြတ်ကာ တောက်ချိန်ရာတင်းရှုမြင်ကွင်းနှင့် တွေ့ဆုံခြင်း

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကန်းကျီ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ရှန်းနိုင်ရစ် နှင်းတောင်အောက်ရှိ ကျောမာလားချော့ရေကန်သည် ရောင်စုံသစ်တောများကြားတွင် ထင်ဟပ်နေသည်ကို အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောက်ချိန် (စီချွမ်း)၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
လက်ရှိအချိန်သည် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကန်းကျီ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ တောက်ချိန်ရာတင်း ရှုခင်းသာဧရိယာသည် ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ။
တောက်ချိန်ရာတင်း ရှုခင်းသာဧရိယာကို “ရှန်းနိုင်ရစ်၊ ယန်းမိုက်ယုံ၊ ရှနော့တောကျီ” ခေါ် နှင်းတောင် သုံးလုံးနှင့် ပတ်ဝန်းကျင်ရှိ မြစ်များ၊ ရေကန်များနှင့် တောင်ပေါ် မြက်ခင်းပြင်များဖြင့် အဓိကဖွဲ့စည်းထားပြီး ၎င်း၏ တစ်မူထူးခြားသော မူလဂေဟစနစ်ပတ်ဝန်းကျင်နှင့် ခမ်းနားသော၊ ဆန်းကြယ်သော၊ ကြော့ရှင်းသော၊ လှပသော သဘာဝရှုခင်းတို့ကြောင့် ပြည်တွင်းပြည်ပတွင် ကျော်ကြားပေသည်။
ရာတင်းရှုခင်းသာဧရိယာသည် 5A အဆင့် ခရီးသွား ရှုခင်းသာဧရိယာဖြစ်ကာ ရာတင်းအမျိုးသားသဘာဝထိန်းသိမ်းရေးနယ်မြေတွင် ပါဝင်ပြီး ၂၀၀၃ ခုနှစ် ဇူလိုင်လတွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ရာတင်း ကမ္ဘာ့ဇီဝအဝန်းနယ်မြေအဖြစ် အသိအမှတ်ပြုတည်ထောင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကန်းကျီ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ရှန်းနိုင်ရစ် နှင်းတောင်အောက်ရှိ ကျောမာလားချော့ရေကန်ကို အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

…………………………
(Chinese Version)
美丽中国|穿越冰峰 遇见稻城亚丁
新华社照片,稻城(四川),2025年11月6日
时下,位于四川省甘孜藏族自治州的稻城亚丁景区已进入最佳观赏期。稻城亚丁景区主要由“仙乃日、央迈勇、夏诺多吉”三座雪山和周围的河流、湖泊和高山草甸组成,以其独特的原始生态环境和雄、奇、秀、美的自然风光而闻名中外。 稻城亚丁景区是国家5A级旅游景区,属亚丁国家级自然保护区,2003年7月由联合国教科文组织批准设立亚丁世界生物圈保护区。
图说1:仙乃日雪山下的湖泊卓玛拉措掩映在彩林中(10月26日摄,无人机照片)。新华社记者 江宏景 摄
图说2:仙乃日雪山下的湖泊卓玛拉措(10月26日摄,无人机照片)。新华社记者 江宏景 摄