China
ဝမ်ရိနှင့် ဂျော်ဂျီယာနိုင်ငံခြားရေးဝန်ကြီး Maka Botchorishvili တွေ့ဆုံဆွေးနွေး
ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျော်ဂျီယာနိုင်ငံခြားရေးဝန်ကြီး Maka Botchorishvili နှင့် အောက်တိုဘာ ၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်-ဂျော်ဂျီယာ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ်ပေါင်း ၃၃ ကြာကာလတစ်လျှောက်တွင် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အစဉ်အမြဲပင် နှစ်နိုင်ငံဆက်ဆံရေး၏ အဓိကအကြောင်းအရာဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျော်ဂျီယာနိုင်ငံနှင့် မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုခိုင်မာစေရန်၊ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှု ဆက်လက်ထိန်းသိမ်းရန်နှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ တရုတ်-ဂျော်ဂျီယာ ဆက်ဆံရေးတွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး မြှင့်တင်ရန် ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပိုမိုကြီးမားသော အတိုင်းအတာ၊ ပိုမိုကျယ်ပြန့်သော ကဏ္ဍများ၊ ပိုမိုနက်ရှိုင်းသော အဆင့်များဖြင့် ပြင်ပသို့ တံခါးဖွင့်လှစ်သွားမည်ဖြစ်ပြီး တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို မြှင့်တင်ကာ နိုင်ငံအသီးသီး ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Botchorishvili က ဂျော်ဂျီယာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး နေရာအခင်းအကျင်းအားလုံးတွင် နည်းလမ်းအစုံဖြင့် တရုတ်နိုင်ငံအား ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ဂျော်ဂျီယာနိုင်ငံသည် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) စသည့် အစီအမံများစွာကို ထောက်ခံအားပေးလျက် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများတွင် ညှိနှိုင်းဆောင်ရွက်မှုများ အားကောင်းအောင် ဆက်လက်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
王毅同格鲁吉亚外长博乔里什维利会谈
新华社北京11月7日电 中共中央政治局委员、外交部长王毅7日在北京同格鲁吉亚外长博乔里什维利举行会谈。
王毅表示,中格建交33年来,友谊同合作始终是双边关系的主旋律。中方愿同格方巩固战略互信、赓续传统友谊、深化互利合作,推动中格关系实现更大发展。中国将在更大范围、更宽领域、更深层次对外开放,推动建设开放型世界经济,更好惠及各国人民。
博乔里什维利表示,格方坚定奉行一个中国政策,将以所有方式在所有场合支持中方。格方支持习近平主席提出的全球治理倡议等系列倡议,愿同中方继续加强国际和地区事务协作。(完)
图说:11月7日,中共中央政治局委员、外交部长王毅在北京同格鲁吉亚外长博乔里什维利举行会谈。 新华社记者 戴天放 摄
