China
ကမ္ဘာ့တောင်ဘက်ခြမ်းမှ “ချိုမြိန်သောစကား” – နယူးဇီလန်မှ ပျားရည်များ တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ၌ ပါဝင်ပြသ
ရှန်ဟိုင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
Manuka ပျားရည်သည် နယူးဇီလန်နိုင်ငံ၏ ကိုယ်စားပြုနိုင်မှုရှိသော ပျားရည်အမျိုးအစားဖြစ်သည်။ ၎င်းပျားရည်ရရှိရာ Manuka အပင်သည် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံအနည်းစုတွင်သာ ပေါက်ရောက်သော မျိုးစိတ်ဖြစ်ကာ နယူးဇီလန်နိုင်ငံ မြောက်ကျွန်းစု၌ စုစည်းပေါက်ရောက်မှု အများဆုံးဖြစ်သည်။
အဆိုပါပျားရည်၏ ထူးခြားချက်မှာ ၎င်းတွင် ပိုမိုတည်ငြိမ်၍ စွမ်းရည်မြင့်မားသော သဘာဝပါဝင်ပစ္စည်းများ ပါဝင်ပြီး အလွန်မြင့်မားသော အာဟာရတန်ဖိုးရှိသည်။ ပန်းပွင့်သည့်ကာလ တိုတောင်းသောကြောင့် Manuka ပျားရည်၏ တစ်နှစ်အထွက်နှုန်းသည် အလွန်အကန့်အသတ်ရှိကာ ယင်းကြောင့်လည်း ပိုမိုအဖိုးတန်လှသည်။
၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် Manuka ပျားရည်များ သယ်ဆောင်၍လာရောက် ပြသသည့် နယူးဇီလန်လုပ်ငန်းကုမ္ပဏီများစွာသည် အဆိုပါနိုင်ငံတကာအခမ်းအနားကြီး၏ “မိတ်ဆွေဟောင်း” ဖြစ်နေပြီဖြစ်သည်။ အဆိုပါလုပ်ငန်းကုမ္ပဏီများသည် CIIE ပြပွဲအထောက်အကူဖြင့် တည်ဆောက်ထားသော ပေါင်းကူးတံတားမှတစ်ဆင့် Manuka ပျားရည်နှင့် သက်ဆိုင်ရာထုတ်ကုန် အမျိုးအစားများစွာကို တရုတ်ဈေးကွက်အတွင်း အဆက်မပြတ် မိတ်ဆက်တင်သွင်းလျက်ရှိပေသည်။ (Xinhua)

နယူးဇီလန်နိုင်ငံ မြောက်ကျွန်းစုရှိ ပျားရည်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းက ပျားအိမ်အား စစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ်လက တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) စိုက်ပျိုးရေးစားသောက်ကုန်ပြခန်းဇုန်ရှိ နယူးဇီလန် ပျားရည်အမှတ်တံဆိပ်တစ်ခု၏ ပြခန်း၌ ပါဝင်ပြသသူက ပျားရည်ထုတ်ကုန်အား ပြသနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
镜头连中外|来自南半球的“蜜语”:新西兰蜂蜜飘香进博
新华社照片,上海,2025年11月7日
麦卢卡蜂蜜是新西兰具有代表性的蜂蜜品类,其蜜源植物——麦卢卡树是一种仅分布于南半球少数国家的特有物种,在新西兰北岛最为集中。该蜂蜜的独特之处在于其含有更稳定且高浓度的天然活性物质,具有很高的营养价值。由于花期短暂,麦卢卡蜂蜜年产量非常有限,因而也更显珍贵。
在第八进博会的舞台上,多家携麦卢卡蜂蜜而来的新西兰企业已是这一国际盛会的“老朋友”。这些企业借助进博会搭建的桥梁,持续将多种麦卢卡蜂蜜及相关产品引入中国市场。
1、10月29日,在新西兰北岛一家蜂蜜生产企业的展示区,工作人员检查蜂后的健康状态。 新华社记者 龙雷 摄
2、2025年8月,新西兰北岛一家蜂蜜生产企业的工作人员在检查蜂箱。新华社发
3、11月6日,在第八届进博会农食产品展区一家新西兰蜂蜜品牌展台,一名参展商展示蜂蜜产品。新华社记者 刘佳琪 摄
