China
၂၀၂၅ ခုနှစ် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူးကျန့်ထိပ်သီးအစည်းအဝေး ဖွင့်လှစ်ကျင်းပ
ဟန်ကျိုး၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူးကျန့်ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၇ ရက်တွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူးကျန့်မြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာန အကြီးအကဲ လီဆူးလေ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ဧည့်သည်တော်များက လွန်ခဲ့သည့် ၁၀ နှစ်တွင် သမ္မတ ရှီကျင့်ဖိန်သည် ဆိုက်ဘာစပေ့ရှ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် အယူအဆအား ဆန်းသစ်မှုဖြင့် အဆိုပြုခဲ့ပြီး အင်တာနက်ကဏ္ဍ နိုင်ငံတကာ ပူးပေါင်းဖလှယ်မှုအား နက်ရှိုင်းစေရန်၊ ဆိုက်ဘာစပေ့ရှ် အေးအတူပူအမျှ အသိုက်အဝန်း လက်တွဲတည်ဆောက်ရန်အတွက် ဦးတည်ချက် လမ်းညွှန်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် အနာဂတ် ၅ နှစ်အတွင်း တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်ကို ရေးဆွဲခဲ့ပြီး အင်တာနက်ကဏ္ဍ ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးရန်အတွက် အရေးကြီး ဖြန့်ကြက်နေရာချထားမှုများစွာ လုပ်ဆောင်ခဲ့ရာ ယင်းသည် ကမ္ဘာ့အင်တာနက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များစွာ သယ်ဆောင်လာပေးမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ဧည့်သည်တော်များက ဆန်းသစ်တီထွင်မှုအခြေခံသော ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားအဖြစ် အခိုင်အမာ လက်ကိုင်ထားပြီး ရှင်သန်မှုစွမ်းအားများ ပေါ်ထွက်လာနိုင်သော ဒစ်ဂျစ်တယ်စီးပွားရေးကို ပျိုးထောင်ကာ ဒစ်ဂျစ်တယ်နည်းပညာနှင့် လက်တွေ့အသုံးပြုမှု လက်လှမ်းမီရေးကို တွန်းအားပေးရမည်ဖြစ်ကြောင်း၊ ဘုံလုံခြုံမှုကို အခြေခံအုတ်မြစ်အဖြစ် အခိုင်အမာ လက်ကိုင်ထားပြီး ဆွေးနွေးဖလှယ်မှုကို မြှင့်တင်ကာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံမှုကို စီမံဆောင်ရွက်၍ ငြိမ်းချမ်းတည်ငြိမ်သော ဆိုက်ဘာစပေ့ရှ်အား တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ပြည်သူအချင်းချင်းဖလှယ်မှုကို ချိတ်ဆက်မှုအဖြစ် အခိုင်အမာလက်ကိုင်ထားကာ ဒစ်ဂျစ်တယ်စမတ်နည်းပညာဖြင့် ယဉ်ကျေးမှု လက်ဆင့်ကမ်းခြင်းနှင့် ဆန်းသစ်တီထွင်မှုကို အားဖြည့်ကာ သာယာချမ်းမြေ့မှုများ အတူယှဉ်တွဲမျှဝေခံစားသော စိတ်ဓာတ်ရေးရာ မိသားစုဥယျာဉ်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ညှိနှိုင်းစီမံခန့်ခွဲမှုကို အားထားခြင်းအား ခိုင်မာစွာ လက်ကိုင်ထား၍ နိုင်ငံအသီးသီး၏ အင်တာနက် အချုပ်အခြာအာဏာ၊ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းနှင့် စီမံခန့်ခွဲမှုပုံစံကို လေးစားကာ တရားမျှတ၍ လျော်ကန်သော စီမံခန့်ခွဲမှုစနစ်အား တည်ဆောက်ရမည်ဖြစ်ကြောင်း ယူဆကြသည်။
ယခုအကြိမ် ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ်မှာ “တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လုံခြုံ၍ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုသော ဒစ်ဂျစ်တယ်စမတ်အနာဂတ်အား အတူတည်ဆောက်ခြင်း – ဆိုက်ဘာစပေ့ရှ် အေးအတူပူအမျှ အသိုက်အဝန်း လက်တွဲတည်ဆောက်ခြင်း” ဖြစ်ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ဒစ်ဂျစ်တယ်အသွင်ပြောင်း ထိန်းသိမ်းရေးနှင့် လက်ဆင့်ကမ်းရေး စသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဖိုရမ်ခွဲ ၂၄ ခု ကျင်းပသွားမည်ဖြစ်သည်။ အစည်းအဝေးသို့ နိုင်ငံနှင့် ဒေသပေါင်း ၁၃၀ ကျော်မှ ဧည့်သည်တော်ပေါင်း ၁,၆၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
2025年世界互联网大会乌镇峰会开幕 李书磊出席开幕式并发表主旨讲话
新华社杭州11月7日电 2025年世界互联网大会乌镇峰会7日在浙江乌镇开幕。中共中央政治局委员、中宣部部长李书磊出席开幕式并发表主旨讲话。
中外嘉宾表示,10年前,习近平主席创造性地提出构建网络空间命运共同体理念,为深化互联网领域国际交流合作、携手构建网络空间命运共同体指明了方向。前不久闭幕的中共二十届四中全会,擘画了未来五年中国式现代化发展蓝图,对推动互联网领域创新发展作出一系列重要部署,必将为世界互联网发展带来更多新机遇。
中外嘉宾认为,要坚持以创新发展为动力,培育活力迸发的数字经济,推动数字技术和应用普及。要坚持以共同安全为基石,加强交流对话,统筹发展和安全,打造和平稳定的网络空间。要坚持以人文交流为纽带,以数智技术赋能文明传承和创新,建设美美与共的精神家园。要坚持以协同治理为依托,尊重各国的网络主权、发展道路和治理模式,构建公正合理的治理体系。
本届峰会以“共筑开放合作、安全普惠的数智未来——携手构建网络空间命运共同体”为主题,将围绕数字经济、文化遗产数字化保护与传承等议题举办24场分论坛。来自130多个国家和地区的1600多名嘉宾参会。(完)
图说:11月7日,2025年世界互联网大会乌镇峰会在浙江乌镇开幕。中共中央政治局委员、中宣部部长李书磊出席开幕式并发表主旨讲话。 新华社记者 黄宗治 摄
