Connect with us

China

တရုတ်နိုင်ငံနှင့် ဗဟိုအာရှနိုင်ငံများက ဆောက်လုပ်ရေးလုပ်ငန်းတွင် စက်မှုလုပ်ငန်းအသွင်၊ ဒစ်ဂျစ်တယ်အသွင်နှင့် အစိမ်းရောင်အသွင် ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုများ စူးစမ်းရှာဖွေသွားမည်

ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့၌ အပေါ့စားရထားအား ရထားလမ်းပေါ်သို့ မတင် တပ်ဆင်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗဟိုအာရှနိုင်ငံများက ဆောက်လုပ်ရေးလုပ်ငန်းတွင် စက်မှုလုပ်ငန်းအသွင်၊ ဒစ်ဂျစ်တယ်အသွင်နှင့် အစိမ်းရောင် အသွင်ပြောင်းလဲရေး စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများအား စူးစမ်းရှာဖွေသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အိမ်ရာနှင့် မြို့ပြ-ကျေးလက်တိုးတက်ရေးဝန်ကြီးဌာန (MOHURD) မှ နိုဝင်ဘာ ၉ ရက်တွင် သိရသည်။
၂၀၂၅ ခုနှစ် တရုတ်-ဗဟိုအာရှ ဆောက်လုပ်ရေးဝန်ကြီးများအစည်းအဝေးကို လတ်တလောတွင် ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်နှင့် ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ တာ့မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ ဆောက်လုပ်ရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် အတူတကွ ဆွေးနွေးညှိနှိုင်းခဲ့ပြီး အိမ်ရာနှင့် မြို့ပြ-ကျေးလက် တည်ဆောက်ရေးကဏ္ဍ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ မြှင့်တင်ခဲ့ကြကြောင်း သိရသည်။

MOHURD မှ သက်ဆိုင်ရာတာဝန်ရှိသူက ယခုအကြိမ်အစည်းအဝေးသည် “အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်း၊ တရုတ်-ဗဟိုအာရှ အိမ်ရာနှင့် မြို့ပြ-ကျေးလက် တည်ဆောက်ရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် “ပေကျင်းအဆိုပြုချက်” ကို အတည်ပြုခဲ့ကြောင်း၊ လုံခြုံသော၊ သက်သောင့်သက်သာရှိသော၊ အစိမ်းရောင်ဖြစ်သော၊ စမတ်ကျသော “အိမ်ရာကောင်း” များကို တည်ဆောက်ခြင်း၊ မြို့သစ်နယ်မြေသစ်များ တည်ဆောက်ရေးနှင့် မြို့ပြပြန်လည်မွမ်းမံရေးကို မြှင့်တင်ခြင်းကို တွန်းအားပေးခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း စက်မှုလုပ်ငန်းအသွင်၊ ဒစ်ဂျစ်တယ်အသွင်နှင့် အစိမ်းရောင် အသွင်ပြောင်းလဲရေး စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများအား စူးစမ်းရှာဖွေခြင်း တို့တွင် အရေးကြီးသော သဘောတူညီချက်များ ရရှိခဲ့ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။

အဆိုပါ သက်ဆိုင်ရာတာဝန်ရှိသူက တရုတ်-ဗဟိုအာရှ အိမ်ရာနှင့် မြို့ပြ-ကျေးလက် တည်ဆောက်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် အချက် ၄ ချက် အကြံပြုခဲ့သည်။
ပထမအနေဖြင့် ပုံမှန်အသွင် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်မှုယန္တရား ထူထောင်ကာ အိမ်ရာတည်ဆောက်ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဖလှယ်လေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုအတွင်း အရေးကိစ္စများကို ဖြေရှင်းနိုင်ရန်အတွက် ပလက်ဖောင်းတည်ဆောက်ပေးခြင်း၊ လမ်းကြောင်းများ ပံ့ပိုးပေးခြင်း လုပ်ဆောင်ရမည်ဖြစ်သည်။
ဒုတိယအနေဖြင့် စီမံကိန်းဆောက်လုပ်ရေးတွင် စံသတ်မှတ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်း၊ စီမံကိန်းဆောက်လုပ်ရေး စံချိန်စံညွှန်းများ အပြန်အလှန် လေ့လာမှု၊ ပေါင်းစပ်မှုကို တွန်းအားပေးခြင်း၊ အင်ဂျင်နီယာနည်းပညာဆိုင်ရာ အခက်အခဲများကို အဆက်မပြတ် သုတေသနပြု ဖြေရှင်းနိုင်ရန်အတွက် အင်ဂျင်နီယာဓာတ်ခွဲခန်းများ စသည့် နည်းပညာဆိုင်ရာ ပလက်ဖောင်းများကို ပူးပေါင်းတည်ဆောက်ခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်သည်။

တတိယအနေဖြင့် မြို့သစ်နယ်မြေသစ်များ ဖော်ဆောင်တည်ဆောက်ရန် ပူးပေါင်းစူးစမ်းရှာဖွေကာ တရုတ်နိုင်ငံ၏ စီမံချက်ရေးဆွဲမှု၊ တည်ဆောက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများကို အပြည့်အဝအသုံးချပြီး ဗဟိုအာရှနိုင်ငံ ၅ နိုင်ငံနှင့် မြို့သစ်နယ်မြေသစ်များ ဖော်ဆောင်တည်ဆောက်ရေးတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရမည်ဖြစ်သည်။
စတုတ္ထအနေဖြင့် ကုလသမဂ္ဂ မူဘောင်အောက်တွင်ရှိသော ကမ္ဘာလုံးဆိုင်ရာ လူသားအခြေချနေထိုင်မှု ပတ်ဝန်းကျင် စီမံခန့်ခွဲရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ကုလသမဂ္ဂ၏ အဆိုပြုချက်များကို တက်ကြွစွာ တုံ့ပြန်ခြင်း၊ ကမ္ဘာ့မြို့ပြများနေ့ အခမ်းအနားနှင့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မြို့ပြများဆု အကဲဖြတ်ရွေးချယ်မှုတွင် ပါဝင်ခြင်း၊ ကုလသမဂ္ဂ ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်၊ မြို့ပြအစီအစဉ်သစ်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ အစီအမံ (GGI) တို့ကို အတူတကွ မြှင့်တင်ဖော်ဆောင်ရွက်ခြင်း တို့ လုပ်ဆောင်ရမည်ဖြစ်သည်။ (Xinhua)

တာဂျစ်ကစ္စတန်နိုင်ငံ မြို့တော် ဒူရှန်ဘဲရှိ လူပန်းအလုပ်ရုံအတွင်းရှိ လေ့လာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄ ခုနှစ် ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
中国与中亚将探索建筑业工业化、数字化、绿色化转型合作
新华社北京11月9日电(记者王优玲)记者11月9日从住房城乡建设部了解到,中国与中亚将探索建筑业工业化、数字化、绿色化转型等方面的合作。
据了解,2025中国—中亚建设部长会议近日在北京召开。中国和哈萨克斯坦、吉尔吉斯斯坦、塔吉克斯坦、土库曼斯坦、乌兹别克斯坦的建设部长和代表,共商加强务实合作,共同推进住房城乡建设领域高质量发展。
住房城乡建设部相关负责人介绍,本次会议以“互利共赢 共同发展 加强中国—中亚住房和城乡建设领域合作”为主题,通过了《北京倡议》,就建设安全、舒适、绿色、智慧的“好房子”,推动新城新区建设和城市更新,探索建筑业工业化、数字化、绿色化转型等方面合作达成重要共识。
相关负责人提出了深化中国—中亚住房城乡建设领域合作的4点建议:
第一,建立常态化沟通协调机制,围绕住房建设和城市发展领域的议题,定期开展研讨交流培训,为解决双方合作中的问题搭建平台、提供渠道。
第二,加强工程建设标准化合作,推动工程建设标准的互鉴融通,联合建设工程实验室等技术平台,不断研究攻克工程技术难题。
第三,探索合作开发建设新城新区,充分利用中国规划、建设、管理经验,与中亚五国在开发建设新城新区方面开展务实合作。
第四,加强联合国框架下全球人居环境治理方面的合作,积极响应联合国倡导,参加世界城市日活动和全球可持续发展城市奖评选,共同推动落实联合国2030年可持续发展议程、新城市议程和全球发展倡议、全球治理倡议。(完)
图说1:10月19日,在哈萨克斯坦阿斯塔纳,轻轨列车被吊装到轨道上(无人机照片)。新华社发(奥斯帕诺夫摄)
图说2:这是5月29日在塔吉克斯坦杜尚别拍摄的中国品牌新能源出租车。新华社记者 李任滋 摄
图说3:2024年6月14日,学生们在塔吉克斯坦首都杜尚别的鲁班工坊内学习。 新华社记者 郑开君 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.