China
ရှီကျင့်ဖိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ် တွေ့ဆုံဆွေးနွေး
ဂယောင်းဂျူ (တောင်ကိုရီးယား)၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ ၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်စဉ် ကာလ ဒေသစံတော်ချိန် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံခြင်းအတွက် များစွာဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်းထံသို့ စိတ်ရင်းအမှန်ဖြင့် နှစ်သိမ့်အားပေးပါကြောင်း တစ်ဆင့်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ဆွေမျိုးကောင်း၊ မိတ်ဖက်ကောင်းဖြစ်ရာ အစဉ်အမြဲအသွားအလာရှိပြီး မိသားစုပမာ ချစ်ခင်ရင်းနှီးကြောင်း ရှီကျင့်ဖိန်က ထောက်ပြပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် မိမိသည် ထိုင်းနိုင်ငံသို့ ခရီးစဉ်သွားရောက်ခဲ့ရာ တရုတ်-ထိုင်းဆက်ဆံရေးသည် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်သည့် အဆင့်သစ်သို့ ဝင်ရောက်ခဲ့ကြောင်း၊ နှစ်နိုင်ငံ၏ ချစ်ကြည်ရေးအရင်းခံသည် ပိုမိုခိုင်မြဲလာပြီး ပူးပေါင်းဆောင်ရွက်မှု စွမ်းအားများ ပိုမိုအားကောင်းလာကြောင်း၊ ယခုနှစ်သည် တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့်နှင့် “တရုတ်-ထိုင်း ချစ်ကြည်ရေး ရွှေရောင် နှစ် ၅၀” ဖြစ်ကြောင်း၊ စမှတ်အသစ်တွင် နှစ်ဖက်အနေဖြင့် အစဉ်အလာကို ဆက်ခံ၍ အနာဂတ်သို့ ဆက်လက်လှမ်းချီပြီး တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်း ခိုင်မြဲလာစေရန် အတူတကွ တွန်းအားပေးရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ၏ ကိုယ်စီခေတ်မီအသွင်ပြောင်းမှု လုပ်ငန်းစဉ်ကို အားဖြည့်ကူညီ၍ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောရန်အတွက် ပိုမိုကြီးမားသည့် အကျိုးထမ်းဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မကြာသေးမီက ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးအား အောင်မြင်စွာကျင်းပခဲ့ရာ “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” ရေးဆွဲမှု အကြံပြုချက်အား စိစစ်အတည်ပြုခဲ့ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ချိတ်ဆက်မှုအား မြှင့်တင်ကာ ခေတ်သစ် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံအား မျှဝေသွားလိုကြောင်း၊ နှစ်ဖက်အနေဖြင့် တရုတ်-ထိုင်း ရထားလမ်း တည်ဆောက်မှုကို အရှိန်မြှင့်၍ စိုက်ပျိုးရေးထုတ်ကုန် ကုန်သွယ်ရေး၊ အစိမ်းရောင်စီးပွားရေး၊ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှု စသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ နှစ်နိုင်ငံပြည်သူများ ပြည့်ဝမှု ပိုမိုရရှိစေရမည်ဖြစ်ကြောင်း၊ ခရီးသွားလာရေး၊ လူငယ်၊ ဒေသန္တရ စသည့် ပြည်သူအချင်းချင်း ဖလှယ်မှုများကို ထဲထဲဝင်ဝင် လုပ်ဆောင်ကာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် ဂုဏ်ပြုအခမ်းအနားများကို ကောင်းမွန်စွာ ကျင်းပ၍ ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ရေးကို မြှင့်တင်ကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် လုံခြုံသော ပတ်ဝန်းကျင် ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ပြောင်းလဲရှုပ်ထွေးနေသည့် နိုင်ငံတကာအခြေအနေအား ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အား တွန်းအားပေး အကောင်အထည်ဖော်ဆောင်၍ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ် ထိန်းသိမ်းကာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အနူတင်က သမ္မတ ရှီကျင့်ဖိန်အနေဖြင့် ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံမှုအတွက် ဝမ်းနည်းကြောင်း ပြောကြားခြင်းသည် ထိုင်းနိုင်ငံပြည်သူများအတွက် များစွာကြီးမားသော အနက်အဓိပ္ပာယ်ရှိပြီး ထိုင်းနိုင်ငံအနေဖြင့် ယင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးအား အောင်မြင်စွာကျင်းပ၍ “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” ရေးဆွဲမှု အကြံပြုချက်အား စိစစ်အတည်ပြုခဲ့ရာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများသည် လေးစားထိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်သည် ထိုင်း-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်ဖြစ်ရာ ယင်းသည် နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးမှတ်ကျောက်တိုင်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ယင်းအခါအခွင့်ကြုံခိုက် တရုတ်နိုင်ငံနှင့် အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို နီးကပ်စွာဆောင်ရွက်ပြီး စီးပွားရေးနှင့်ကုန်သွယ်ရေး၊ သိပ္ပံနည်းပညာ၊ အပြန်အလှန်ချိတ်ဆက်မှု၊ ခရီးသွားလာရေး စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ကာ ထိုင်း-တရုတ် ဆက်ဆံရေးအား အဆင့်သစ်သို့ မြှင့်တင်လိုကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှု ပြစ်မှုကျူးလွန်မှုများကို ဆက်လက် ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း အနူတင်က ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်သည် တရုတ်နိုင်ငံက နိုင်ငံတကာရေးရာကိစ္စရပ်များတွင် တာဝန်ယူမှုရှိသည့် နိုင်ငံကြီး အခန်းကဏ္ဍမှ ပါဝင်မှုကို ပေါ်လွင်စေကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ယင်းအပေါ် များစွာတန်ဖိုးထားချီးကျူး၍ တက်ကြွစွာ ထောက်ခံအားပေးကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ကာ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စည်ပင်ဝပြောရေးကို လက်တွဲအတူ မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အထက်ပါတွေ့ဆုံဆွေးနွေးပွဲသို့ ချိုက်ချီ၊ ဝမ်ရိတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ ၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်စဉ်ကာလ ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
习近平会见泰国总理阿努廷
新华社韩国庆州10月31日电(记者韩梁 曹嘉玥)当地时间10月31日下午,国家主席习近平在韩国庆州出席亚太经合组织第三十二次领导人非正式会议期间会见泰国总理阿努廷。
习近平对诗丽吉王太后逝世深表哀悼,并请转达对哇集拉隆功国王的诚挚慰问。
习近平指出,中国和泰国是好邻居、好朋友、好亲戚、好伙伴,常来常往、亲如一家。2022年11月我访问泰国,中泰关系进入构建命运共同体的新阶段,两国友好根基更牢、合作动能更强。今年是中泰建交50周年暨“中泰友谊金色50年”。站在新起点上,双方要继往开来,共同推动中泰命运共同体建设走深走实,助力两国各自现代化进程,为地区和平稳定和发展繁荣作出更大贡献。
习近平强调,不久前,中共二十届四中全会成功召开,审议通过了“十五五”规划建议。中方愿同泰方加强发展战略对接,分享新时代中国的发展经验。双方要加快中泰铁路建设,加强农产品贸易、绿色经济、数字创新等合作,让两国人民有更多获得感。深化旅游、青年、地方等人文交流,办好建交50周年庆祝活动,促进民心相通。要加大打击网赌电诈等跨境犯罪力度,为两国交往和合作营造安全环境。面对变乱交织的国际形势,中方愿同泰方一道推动落实全球治理倡议,维护国际公平正义,维护全球南方共同利益。
阿努廷表示,习近平主席对诗丽吉王太后逝世表示哀悼,这对泰国人民意义重大,泰方对此深为感谢。中共二十届四中全会成功召开并通过“十五五”规划建议,中国的发展成就令人钦佩。今年是泰中建交50周年,这是双边关系发展的重要里程碑。泰方愿以此为契机,同中方密切高层交往,加强经贸、科技、互联互通、旅游等领域合作,将泰中关系提升到新高度。泰方将继续严厉打击网赌电诈犯罪活动。习近平主席提出四大全球倡议体现了中国在国际事务中的负责任大国作用,泰方对此高度赞赏并积极支持。泰方愿同中方加强多边协作,携手促进地区和平、稳定、繁荣。
蔡奇、王毅等参加。(完)
图说:当地时间10月31日下午,国家主席习近平在韩国庆州出席亚太经合组织第三十二次领导人非正式会议期间会见泰国总理阿努廷。 新华社记者 姚大伟 摄
