Connect with us

China

ရှီကျင့်ဖိန်နှင့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီ တွေ့ဆုံဆွေးနွေး

တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ ၃၂ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီတို့ ဒေသစံတော်ချိန် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့စဉ် (ဆင်ဟွာ)

ဂယောင်းဂျူ၊ တောင်ကိုရီးယား၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ ၃၂ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် ဒေသစံတော်ချိန် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ကနေဒါ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၅၅ နှစ်ပြည့်နှင့် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၂၀ ပြည့်ဖြစ်ကြောင်း၊ နှစ်ဖက်၏ အတူတကွ ကြိုးပမ်းမှုတွင် တရုတ်-ကနေဒါ ဆက်ဆံရေးသည် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ရာ ယင်းမှာ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိကြောင်း၊ ကနေဒါနိုင်ငံအနေဖြင့် လက်တွေ့ကျပြီး အပြုသဘောဆောင်သော နည်းလမ်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်လိုသည့် ထုတ်ဖော်ပြောကြားမှုကို တရုတ်နိုင်ငံက အထူးအလေးထားကြောင်း၊ ကနေဒါနိုင်ငံနှင့်အတူ ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုကို အခွင့်အလမ်းအဖြစ် ထားရှိကာ တရုတ်-ကနေဒါ ဆက်ဆံရေးအား ကောင်းမွန် တည်ငြိမ်၍ စဉ်ဆက်မပြတ်ဖြစ်သော မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိစေရန် တွန်းအားပေးသွားပြီး နှစ်နိုင်ငံ ပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုသွားလိုကြောင်း ထောက်ပြခဲ့သည်။

တရုတ်-ကနေဒါ နှစ်ဖက်အနေဖြင့် ဓမ္မဓိဋ္ဌာန်ကျမှု၊ ကျိုးကြောင်းဆီလျော်မှုရှိသော သိမြင်မှုကို တည်ဆောက်ကာ အပြန်အလှန်အပေါ် မှန်ကန်သော အမြင်ထားရှိရမည်ဖြစ်ပြီး နှစ်နိုင်ငံ ဘုံနှင့်ရေရှည် အကျိုးစီးပွားရှုထောင့်မှ တရုတ်-ကနေဒါ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို လက်ကိုင်ထားကာ ကုန်သွယ်စီးပွားရေး၊ စွမ်းအင်စသည့် ကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူမှုယဉ်ကျေးမှုဖလှယ်ရေး နီးကပ်စေပြီး နှစ်နိုင်ငံ နယ်ပယ်အသီးသီး အပြန်အလှန် နားလည်မှု မြှင့်တင်ရန် ပံ့ပိုးကူညီကာ နှစ်ဖက်ဆက်ဆံရေး၏ ပြည်သူ့သဘောထား အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ စသည့် နိုင်ငံစုံမူဘောင်များအတွင်း ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ဖွဲ့စည်းတည်ဆောက်ရန် မြှင့်တင်ကာ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးအနက်ထား ပြောကြားခဲ့သည်။

မာ့ခ်ကာနီက သံတမန်ဆက်ဆံရေး ထူထောင်သည့် ၅၅ နှစ်ကာလအတွင်း ကနေဒါနှင့် တရုတ်နိုင်ငံသည် ကောင်းမွန်သော ဆက်ဆံရေးကို ရေရှည်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ကနေဒါအစိုးရအသစ်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားပြီး လက်တွေ့ကျ၍ အပြုသဘောဆောင်သော နည်းလမ်းများဖြင့် ကနေဒါ-တရုတ် ဆက်ဆံရေး ပိုမိုများပြားသော အောင်မြင်မှုရလဒ်များရရှိရန်၊ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်တိုးတက်လာမှု အခွင့်အလမ်းကို အသုံးချ၍ သံတမန်ဆက်ဆံရေး မူလရည်ရွယ်ချက်ကို ပြန်လည်ဖော်ဆောင်ကာ ဆုံးရှုံးသွားသော အချိန်များ ပြန်လည် ရယူရန်နှင့် နှစ်ဖက်ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ကနေဒါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုများကို နီးကပ်စေပြီး စိုက်ပျိုးရေး၊ စွမ်းအင်နှင့် ရာသီဥတုပြောင်းလဲမှုစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်နိုင်လျက် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသောချမ်းသာကြွယ်ဝမှုများ ဆောင်ကြဉ်းပေးလိုကြောင်း၊ နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် ကနေဒါ-တရုတ် နှစ်နိုင်ငံ၏ သဘောထားအမြင်များ နီးစပ်သည့်အတွက် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ အတူတကွ ကျင့်သုံးခြင်း၊ လွတ်လပ်သော ကုန်သွယ်ရေးကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် နိုင်ငံတကာ စီးပွားရေးစည်းစနစ် ပြုပြင်ပြောင်းလဲရေးကို မြှင့်တင်ခြင်းတို့တွင် ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်သည် ကဏ္ဍစုံ ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည် စတင်ရန်၊ အပြန်အလှန် စိုးရိမ်သော အသေးစိတ်ကုန်သွယ်စီးပွားရေးကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရေးကို တွန်းအားပေးဆောင်ရွက်ရန်၊ ပြန်လည်ကောင်းမွန်လာမှု အရှိန်အဟုန်ကို ခိုင်ခံ့စေရန်၊ တရုတ်-ကနေဒါ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွမြှင့်တင်ရန် သဘောတူညီခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ချိုက်ချီ၊ ဝမ်ရိ စသည်တို့ ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
习近平会见加拿大总理卡尼
新华社韩国庆州10月31日电(记者孙浩 程静)当地时间10月31日下午,国家主席习近平在韩国庆州出席亚太经合组织第三十二次领导人非正式会议期间会见加拿大总理卡尼。
习近平指出,今年是中加建交55周年和建立战略伙伴关系20周年。在双方共同努力下,中加关系呈现恢复向好发展态势,这符合两国共同利益。中方重视加方愿以务实、建设性方式推动两国关系改善发展的表态,愿同加方一道努力,以这次会见为契机,推动中加关系早日回到健康、稳定、可持续的正确轨道,更好造福两国人民。
习近平强调,中加双方要树立客观理性认知,正确看待彼此,从两国共同和长远利益出发,推动中加关系发展。坚持互利共赢,拓展经贸、能源等领域务实合作。密切人文交流,支持两国各界增进相互了解,厚植双边关系的民意基础。加强在联合国等多边框架内协调和合作,推动构建更加公正合理的全球治理体系,维护国际公平正义。
卡尼表示,建交55年来,加拿大和中国长期保持良好关系。加拿大新政府高度重视对华关系,期待抓住两国关系改善发展的机遇,重拾建交初心,找回失去时间,重启双边合作,以务实和建设性方式推动加中关系取得更多成果。加方愿同中方密切高层往来,推进农业、能源、气候变化等领域合作,实现互利共赢,为两国人民带来更多福祉。在国际事务中,加中两国理念相近,可加强协作,共同践行多边主义、维护自由贸易,推动国际经济秩序改革。
双方同意,恢复重启各领域交流合作,推进解决彼此关切的具体经贸问题,巩固转圜势头,共同推动中加战略伙伴关系发展。
蔡奇、王毅等参加。(完)
图说:当地时间10月31日下午,国家主席习近平在韩国庆州出席亚太经合组织第三十二次领导人非正式会议期间会见加拿大总理卡尼。 新华社记者 姚大伟 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.