China
ချီလျန်တောင်ခြေက တောရိုင်းတိရစ္ဆာန် “စောင့်ရှောက်ရေးဂေဟာ”
ချီလျန် (ချင်းဟိုင်)၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်ပေ ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ချီလျန်ခရိုင်ရှိ ချီလျန်တောင် အမျိုးသားဥယျာဉ် (လျာထားရာနေရာ) ချင်းဟိုင်ဧရိယာတွင် တောရိုင်းတိရစ္ဆာန် “စောင့်ရှောက်ရေးဂေဟာ” တစ်ခုအဖြစ် ရပ်တည်လျက်ရှိသော ချီလျန်ဆန်း အမျိုးသားဥယျာဉ် တောရိုင်းတိရစ္ဆာန် ကူညီကယ်ဆယ်ရေးနှင့် မျိုးပွားရေးစခန်းရှိသည်။ ၂၀၂၂ ခုနှစ်တွင် အဆိုပါစခန်း စတင်တည်ဆောက်လာချိန်မှစ၍ ဤနေရာသည် ထိခိုက်ဒဏ်ရာရှိသော တောရိုင်းတိရစ္ဆာန်များစွာ၏ “ခိုလှုံရာ” နေရာ ဖြစ်လာခဲ့သည်။
ကူညီကယ်ဆယ်ရေးနှင့် မျိုးပွားရေးစခန်းသို့ ရောက်ရှိလာသော တိရစ္ဆာန်တိုင်းအား ကြပ်မတ်သော ရောဂါရှာဖွေ စစ်ဆေးပေးခြင်း၊ မှတ်တမ်းယူထားခြင်းတို့ ပြုလုပ်ပေးပြီး ၎င်းတို့အတွက် သီးသန့်သတ်မှတ်ပေးထားသော ပြန်လည်သန်စွမ်းရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးသည်။ တောရိုင်းအတွင်း ပြန်လွှတ်ပေးရန် အခြေအနေပြည့်မီသည့် တိရစ္ဆာန်များကို ဝန်ထမ်းများက တောရိုင်း၌ နေထိုင်နိုင်ရန် လေ့ကျင့်ပေးပြီး ပြန်လည်သန်စွမ်းရေးလေ့ကျင့်မှု အရည်အချင်းပြည့်မီပြီးနောက် သဘာဝတောအတွင်းသို့ ပြန်လွှတ်ပေးသည်။
လက်ရှိအချိန်အထိ ကူညီကယ်ဆယ်ရေးနှင့် မျိုးပွားရေးစခန်းသည် တောရိုင်းတိရစ္ဆာန် စုစုပေါင်း ၂၃၅ ကောင်အား လက်ခံကူညီကယ်ဆယ်ခဲ့ပြီး နှင်းကျားသစ်၊ သဲကန္တာရကြောင်၊ လည်ပင်းနက်ကြိုးကြာ၊ ရှီးဇန့်ဒရယ်ငယ် စသည့် နိုင်ငံတော် အဆင့် အဓိက ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်အမျိုးမျိုး ပါဝင်သည်။ ယင်းအနက် တိရစ္ဆာန် အမျိုးအစားပေါင်း ၂၁ မျိုးမှ ၅၆ ကောင်ကို တောရိုင်းသို့ အောင်မြင်စွာ ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။ အိုမင်းခြင်း၊ ဒဏ်ရာရမသန်စွမ်းခြင်း စသည့် အကြောင်းများကြောင့် တောထဲတွင် အသက်ရှင်သန်နိုင်စွမ်း မရှိတော့သည့် တိရစ္ဆာန်များမှာမူ စခန်းတွင်း၌ပင် အခြေချနေထိုင်ကာ အေးချမ်းစွာ “အနားယူသောဘဝ” ကို ခံစား ဖြတ်သန်းလျက်ရှိသည်။
ဤနေရာတွင် ဝန်ထမ်းများသည် ဆရာဝန်များ၊ လေ့ကျင့်ရေးဆရာများဖြစ်ရုံသာမက “တိရစ္ဆာန်လေးတွေရဲ့ ဖေဖေ၊ မေမေ” လည်းဖြစ်သည်။ ၎င်းတို့သည် တိရစ္ဆာန်များအတွက် အစာကျွေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ လှောင်အိမ်ခန်းသန့်ရှင်းရေးလုပ်ခြင်း၊ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ပေးပြီး ဂရုတစိုက် စောင့်ရှောက်မှုနှင့် အဖော်ပြုပေးမှုတို့ဖြင့် တောရိုင်းတိရစ္ဆာန်များအား ပြန်လည် ရှင်သန်တက်ကြွလာစေရန် ကူညီပေးလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ်ရှိ တောရိုင်းတိရစ္ဆာန် ကူညီကယ်ဆယ်ရေးနှင့် မျိုးပွားရေးစခန်းတွင် ဝန်ထမ်းများက ရေခဲတောင်ဆိတ်များအား ကာကွယ်ဆေးထိုးပေးနေသည်ကို နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)





……………………..
(Chinese Version)
祁连山下,有家野生动物“福利院”
新华社照片,祁连(青海),2025年11月11日
在青海省海北藏族自治州祁连县的祁连山国家公园(候选区)青海片区,藏着一座野生动物“福利院”——祁连山国家公园野生动物救护繁育站。自2022年建站以来,这里成了许多受伤野生动物的“避风港”。
每一只来到救护繁育站的动物,都会经过严格的体检、建档,并接受个性化的康复护理。具备放归条件的动物会由工作人员带领实施野化训练,在康复且训练合格后回归自然。截至目前,救护繁育站已累计收容救助野生动物235只,涵盖雪豹、荒漠猫、黑颈鹤、藏原羚等多种国家重点保护动物。其中,21种56只已成功放归。而那些因年老、伤残等原因失去野外生存能力的动物,则在站中定居,安心享受“养老生活”。
在这里,工作人员是医生和教练,也是“奶爸奶妈”。他们为动物喂食、打疫苗、清理圈舍、监测健康,在细致的照料与陪伴中帮助一只只野生动物恢复生机。
图说1:11月10日,在救护繁育站,工作人员徐永青和一只被救助的马鹿互动。 新华社记者 齐芷玥 摄
图说2:11月10日,在救护繁育站,工作人员为岩羊打疫苗。 新华社记者 齐芷玥 摄
