China
ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov နှင့် ဝမ်ရိ တွေ့ဆုံဆွေးနွေး
ဘီရှကက်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကာဂျစ္စတန်နိုင်ငံ ဘီရှကက်မြို့တွင် နိုဝင်ဘာ ၁၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် Sadyr Japarov က သမ္မတ ရှီကျင့်ဖိန်ထံသို့ ရင်းနှီးစွာနှုတ်ခွန်းဆက်စကား ဝမ်ရိမှတစ်ဆင့် ပြောကြားခဲ့သလို တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ထွန်းလင်းတောက်ပသည့် အောင်မြင်မှုများရရှိခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ပြုကြောင်း၊ “အိမ်နီးချင်းကောင်း၊ အဖိုးမဖြတ်နိုင်ခြင်း” ဟူသည်မှာ ကာဂျစ္စတန်-တရုတ် ဆက်ဆံရေးအပေါ် သက်ဝင်ထင်ရှားသော ဖော်ကျူးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကာဂျစ္စတန်-တရုတ် ဆက်ဆံရေးသည် သမိုင်းတွင် အကောင်းဆုံးသောကာလသို့ ဝင်ရောက်ပြီဖြစ်ကြောင်း၊ ကာဂျစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်ရေးကို အနီးကပ်ဆောင်ရွက်သွားရန်၊ ကုန်သွယ်ရေးပမာဏ တိုးချဲ့ရန်၊ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းတည်ဆောက်ရေးကို တွန်းအားပေးရန်၊ နှစ်နိုင်ငံ ခိုင်မာမြဲမြံသော ချစ်ကြည်ရေး စံနမူနာသစ်ကို တည်ဆောက်ရန် ဆန္ဒရှိကြောင်း၊ အရပ်ဘက်လေကြောင်းလိုင်း၊ ကုန်စည်ပို့ဆောင်ရေး၊ ဆိပ်ကမ်းဂိတ် စသည့် အဓိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန်၊ အပြန်အလှန်ချိတ်ဆက်မှုအဆင့်ကို မြှင့်တင်ရန်၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ “အကြမ်းဖက်၊ ခွဲထွက်ရေးနှင့် အစွန်းရောက် အင်အားစုသုံးခု” ကို တိုက်ဖျက်ရန်၊ ကာဂျစ္စတန်-တရုတ် ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား ဘက်စုံတွန်းအားပေးဆောင်ရွက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကာဂျစ္စတန်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို အထူး တန်ဖိုးထားထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ၊ တရုတ်-အလယ်အာရှ ယန္တရား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်သွားလိုကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အလှည့်ကျဥက္ကဋ္ဌနိုင်ငံ လုပ်ငန်းများကို ကာဂျစ္စတန်နိုင်ငံ ထမ်းဆောင်သည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပြီး ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး၊ စည်ပင်ဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ မြှင့်တင်ပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးနွေးထွေးသည့် နှုတ်ခွန်းဆက်စကားအား Sadyr Japarov ထံသို့ တစ်ဆင့်ပြောကြားခဲ့ပြီး နိုင်ငံအကြီးအကဲသံတမန်ရေးသည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရန်အတွက် အစားထိုးမရသော ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
အဆွေတော်သမ္မတနှင့် သမ္မတ ရှီကျင့်ဖိန်တို့သည် ယခုနှစ်တွင် သုံးကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထိပ်တန်းဒီဇိုင်းကို ရေးဆွဲကာ မဟာဗျူဟာအာမခံချက် ပံ့ပိုးပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကာဂျစ္စတန်နိုင်ငံ၏ ထာဝရယုံကြည်ထိုက်သည့် မိတ်ဆွေ၊ အားကိုးထိုက်သည့် မိတ်ဖက် ဖြစ်ကြောင်း၊ ကာဂျစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံရေး ကာကွယ်ထိန်းသိမ်းမှုများကို အစဉ်အမြဲ မပြောင်းမလဲ ထောက်ခံအားပေးသွားမည် ဖြစ်သလို ကာဂျစ္စတန်နိုင်ငံက ၎င်း၏မိမိနိုင်ငံအခြေအနေဖြင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းမှုအပေါ် ထောက်ခံအားပေးပြီး ကာဂျစ္စတန်ပြည်တွင်းရေးအား စွက်ဖက်သည့် မည်သည့်အင်အားစုကိုမဆို ဆန့်ကျင်ကန့်ကွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကာဂျစ္စတန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ သဘောတူညီချက်ကို လေးစားလိုက်နာကာ ပူးပေါင်းဆောင်ရွက်ရေးအနာဂတ်အစီအစဉ်အား လက်တွေ့လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားရန်၊ ကိုယ်စီခေတ်မီအသွင်ပြောင်းရေးကို ကြီးကြီးမားမားဖော်ဆောင်သွားရန်၊ တရုတ်-ကာဂျစ္စတန် ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အနှစ်သာရကို ကြွယ်ဝအောင် စဉ်ဆက်မပြတ် ဖြည့်တင်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
吉尔吉斯斯坦总统扎帕罗夫会见王毅
新华社比什凯克11月19日电(记者江宥林)吉尔吉斯斯坦总统扎帕罗夫19日在比什凯克会见中共中央政治局委员、外交部长王毅。
扎帕罗夫请王毅转达对习近平主席的亲切问候,祝贺中国发展取得的辉煌成就,表示“好邻居、无价宝”,这是对吉中关系的生动描述。吉中关系已迈入历史最好时期。吉方愿同中方密切高层往来,扩大贸易规模,推进中吉乌铁路建设,打造两国牢固友谊新标杆。加强民航、物流、口岸等重点领域合作,提升互联互通水平,加强安全合作,打击“三股势力”,全面推进吉中新时代全面战略伙伴关系。吉方高度赞赏和支持习近平主席提出的四大全球倡议,愿同中方加强在联合国、中国-中亚机制的协调合作,希望中方支持吉方担任上合组织轮值主席国工作,共同促进地区安全稳定、繁荣发展。
王毅转达习近平主席对扎帕罗夫的诚挚问候,表示元首外交对两国关系发展具有不可替代的引领作用。总统先生同习近平主席今年三次会晤,为两国关系发展作出顶层设计、提供战略保障。中方永远是吉方可信赖的朋友、可倚重的伙伴,将一如既往支持吉方维护主权、独立和领土完整,支持吉方走符合本国国情的发展道路,反对任何势力干涉吉方内政。中方愿同吉方一道,以两国元首共识为遵循,将合作蓝图转化为具体行动,大踏步实现各自现代化,不断丰富中吉新时代全面战略伙伴关系内涵。(完)
1. 11月19日,吉尔吉斯斯坦总统扎帕罗夫在比什凯克会见中共中央政治局委员、外交部长王毅。 新华社发(罗曼摄)
