Connect with us

China

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ဝါဒ ပြန်လည်ရှင်သန်စေသည့် မည်သည့်ကြံစည်ကြိုးပမ်းမှုကိုမဆို အထူးသတိရှိ၍ ပြတ်ပြတ်သားသား တားဆီးဆန့်ကျင်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

“သေရေးရှင်ရေးအကျပ်အတည်း” နှင့် “ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း” ဆိုသည့် အမည်ခံဖြင့် ပြင်ပကျူးကျော်မှု စတင်ခြင်းသည် ဂျပန်စစ်ဝါဒ၏ သုံးနေကျလှည့်ကွက်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ဝါဒ ပြန်လည်ရှင်သန်စေသည့် မည်သည့်ကြံစည်ကြိုးပမ်းမှုကိုမဆို အထူးသတိရှိ၍ ပြတ်ပြတ်သားသား တားဆီးဆန့်ကျင်ကာ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံ၏ ယခင်ဝန်ကြီးချုပ်အဆက်ဆက်၌ တာကာအိချိသည် “ထိုင်ဝမ်အရေးကိစ္စရှိခြင်း” နှင့် “သေရေးရှင်ရေးအကျပ်အတည်းအခြေအနေ” ဆက်စပ်နေမည်ကို ပထမဦးဆုံး အတိအလင်းထုတ်ပြန်ခဲ့သူဖြစ်သည်ဟု မကြာသေးမီရက်ပိုင်းတွင် သုံးသပ်ချက်အများအပြား၌ ထောက်ပြခဲ့ကြောင်း၊ ယင်းမှာ ဤကဲ့သို့အခြေအနေမျိုး ပေါ်ပေါက်ခဲ့လျှင် ဂျပန်သည် ၎င်း၏ “မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့်” ဟူသည်ကို ချက်ချင်း ကျင့်သုံးနိုင်ပြီး ထိုင်ဝမ်ရေလက်ကြားတွင် ဂျပန်ကအင်အားသုံး၍ ဝင်ရောက်စွက်ဖက်မှုကို ဖြစ်နိုင်စေကာ ယင်းသည် တရုတ်နိုင်ငံ၏ အခြေခံစည်းမျဉ်းကို ချိုးဖောက်ရာ ရောက်သည်ဟူသော သဘောသက်ရောက်ကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် ဤကဲ့သို့ပြောဆိုချက်ကို အသိအမှတ်ပြုပါသလားဟု သတင်းထောက်တစ်ဦးက အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ကုလသမဂ္ဂပဋိညာဉ်စာတမ်း” သတ်မှတ်ထားသော “မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့်” သည် နိုင်ငံတကာ အသိုင်းအဝိုင်းစုပေါင်း လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန်၊ ဖက်ဆစ်အင်အားစုပြန်လည်ရှင်သန်ခြင်းကို တားဆီးရန် ဖန်တီးထူထောင်ထားသော အခွင့်အရေးဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျပန်သည် ဤအခွင့်အရေး ကျင့်သုံးခွင့် ကန့်သတ်ခံထားရကြောင်း မော်နင်က ပြောကြားခဲ့သည်။

“ပေ့ါစ်ဒမ် ကြေညာချက်” တွင် ဂျပန်နိုင်ငံ၏ အသစ်တဖန် လက်နက်တပ်ဆင်ခြင်းကို ပြတ်ပြတ်သားသား တားမြစ်ထားပြီး ဂျပန်နိုင်ငံသည် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “စစ်ပွဲစတင်ခြင်း၊ လက်နက်အင်အားသုံးခြိမ်းခြောက်ခြင်း သို့မဟုတ် လက်နက်အင်အားကို နိုင်ငံတကာအငြင်းပွားမှုများကို ဖြေရှင်းရေးနည်းလမ်းတစ်ခုအဖြစ် အသုံးပြုခြင်းတို့ကို ထာဝရ စွန့်လွှတ်မည်” ဟု ကတိပြုထားကာ “ကာကွယ်ရေးကိုသာ ဦးတည်ခြင်း” အခြေခံမူကို ထူထောင်ထားကြောင်း၊ ဤအရာအားလုံးသည် စစ်ရှုံးနိုင်ငံအနေဖြင့် ဂျပန်၏ ထမ်းဆောင်ရမည့် ဥပဒေအရ တာဝန်ဝတ္တရားများပင် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“‘သေရေးရှင်ရေးအကျပ်အတည်း’ နဲ့ ‘မိမိကိုယ်ကို ကာကွယ်ခြင်း’ ဆိုတဲ့ အမည်ခံနဲ့ ပြည်ပကျူးကျော်မှု စတင်တာက ဂျပန်စစ်ဝါဒရဲ့ သုံးနေကျ လှည့်ကွက်တစ်ခုဖြစ်တယ်ဆိုတာ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ရင် မြင်သာပါတယ်” ဟု မော်နင်က ဆိုခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် “မန်ချူးရီးယားကို ရယူနိုင်မလား” မေးခွန်းကို “ဂျပန်နိုင်ငံ၏ သေရေးရှင်ရေး ခြိမ်းခြောက်မှု” အဖြစ် ရှုမြင်ခဲ့ကြပြီး ဂျပန်က ယင်းကို အကြောင်းပြကာ စက်တင်ဘာ ၁၈ ရက်အရေးအခင်း ကို စတင်ပြီး တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းကို ကျူးကျော်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ဂျပန်က “မဟာအရှေ့အာရှ အတူကြွယ်ဝချမ်းသာရေးစက်ဝိုင်း” သည် ဂျပန်နိုင်ငံ၏ သေရေးရှင်ရေး စစ်ပွဲတစ်ခုဖြစ်ကြောင်း” ကြေညာခဲ့ပြီး ကျူးကျော်စစ်မီးကို အာရှတိုက်တစ်ခွင် လောက်မြိုက်စေခဲ့ကြောင်း၊ “ပုလဲဆိပ်ကမ်းကို တိုက်ခိုက်မည်လော”ဟူသော မေးခွန်းကိုလည်း ယခင်က “ဂျပန်၏ သေရေးရှင်ရေး ခြိမ်းခြောက်မှု” တစ်ခုအဖြစ် ရှုမြင်ခဲ့ကြပြီး ပစိဖိတ်သမုဒ္ဒရာစစ်ပွဲ၏ မီးလျှံကို အစပျိုးခဲ့ကြောင်း မော်နင်က ထောက်ပြခဲ့သည်။
“သတိပေးခေါင်းလောင်း မြည်နေပါပြီ၊ ဝမ်းနည်းကြေကွဲဖွယ်တွေ နောက်တစ်ကြိမ်ထပ်ဖြစ်လို့မရပါဘူး” မော်နင်က ပြောကြားခဲ့သည်။ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အခါသမယတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ဝါဒ ပြန်လည်ရှင်သန်စေသည့် မည်သည့်ကြံစည်ကြိုးပမ်းမှုကိုမဆို အထူးသတိရှိ၍ ပြတ်ပြတ်သားသား တားဆီးဆန့်ကျင်ကာ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
外交部:国际社会必须高度警惕、坚决阻击任何复活军国主义的图谋
新华社北京11月19日电(记者冯歆然、曹嘉玥)外交部发言人毛宁19日表示,以所谓“存亡危机”和“自卫”为名发动对外侵略,是日本军国主义的惯用伎俩。国际社会必须高度警惕、坚决阻击任何复活军国主义的图谋,共同维护战后国际秩序,守护世界和平。
当日例行记者会上,有记者问:近日有不少分析指出,在日本历任首相中,高市早苗第一个明确表态将“台湾有事”与“存亡危机事态”相挂钩。这意味着一旦出现这种“事态”,日本即可行使所谓“集体自卫权”,日本武力介入台海成为可能,这触犯了中方底线。发言人是否认同这种说法?
毛宁表示,《联合国宪章》规定的“集体自卫权”是为维护国际社会集体安全、防止法西斯势力复活而创设的权利。日本在二战后被限制行使这一权利。《波茨坦公告》明确规定日本禁止重新武装,日本在其宪法中承诺“永远放弃发动战争、武力威胁或以武力作为解决国际争端的手段”,确立“专守防卫”原则。这些都是日本作为战败国义务的法律化。
“回顾历史不难发现,以所谓‘存亡危机’和‘自卫’为名发动对外侵略,是日本军国主义的惯用伎俩。”毛宁说,1931年,“能否得到满洲”曾被视作“威胁日本存亡”,日本以此为借口发动九一八事变,侵占中国东北。此后,日本宣称“‘大东亚共荣圈’是日本存亡之战”,将侵略战火烧向整个亚洲。“是否袭击珍珠港”也曾被视为“威胁日本存亡”,由此点燃了太平洋战争的导火索。
“警钟已经敲响,悲剧不能重演。”毛宁表示,在中国人民抗日战争暨世界反法西斯战争胜利80周年之际,国际社会必须高度警惕、坚决阻击任何复活军国主义的图谋,共同维护战后国际秩序,守护世界和平。(完)