Connect with us

China

စိမ့်မြေအရပ်နှင့်အတူ တိုးတက်လာသည့် ကျေးရွာမူလတန်းကျောင်းလေး၏ ထူးခြားမှု

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ချီကျိုးမြို့ ကွေ့ချီခရိုင်ရှိ သွန်းဆန့်ဗဟိုကျောင်း၏ မောင်ထန်မူလတန်းကျောင်းတွင် ကျင်းပသော သိပ္ပံပညာပေး ဟောပြောပွဲတွင် တောရိုင်းငှက်မျိုးထိန်းသိမ်းရေး စေတနာ့ဝန်ထမ်းက ငှက်များနှင့်သက်ဆိုင်သော ဗဟုသုတများ ပြောကြားနေသည်ကို နားထောင်နေကြသော ကျောင်းသားကျောင်းသူများအား နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချီကျိုး (အန်းဟွေး)၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အရှေ့တိုင်းကြိုးကြာဖြူစာသင်ခန်း၊ ဝေသာလီဗျိုင်းငှက်စာသင်ခန်း …
တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ချီကျိုးမြို့ ကွေ့ချီဒေသရှိ သွန်းဆန့်ဗဟိုကျောင်း၏ မောင်ထန်မူလတန်းကျောင်းတွင် စိမ့်မြေအရပ်ရှားပါးငှက်မျိုးစိတ်များ၏ အမည်ဖြင့် စာသင်ခန်းများအား အမည်ပေးခြင်းသည် ဤကျေးလက်ဒေသ မူလတန်းကျောင်း၏ ထူးခြားသောလက္ခဏာတစ်ရပ်ဖြစ်သည်။

မောင်ထန်မူလတန်းကျောင်းသည် စီပါးစော် ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေနှင့် ကပ်လျက်တည်ရှိသည်။ အဆိုပါထိန်းသိမ်းရေးနယ်မြေအတွင်း တောရိုင်းတိရစ္ဆာန်နှင့် အပင် အရင်းအမြစ်များ ပေါများပြီး ကြိုးကြာမျိုးစိတ်များ၊ ဘဲငန်းမျိုးစိတ်များ၊ ဆောင်းခိုသော ရေပေါ်တိရစ္ဆာန် မျိုးနွယ်များအပါအဝင် စိမ့်မြေဂေဟစနစ်ကို အဓိကထားထိန်းသိမ်းသည့်နေရာဖြစ်ကာ၊ ဤနေရာသည် မောင်ထန်မူလတန်းကျောင်း၏ ထူးခြားသော “သဘာဝစာသင်ခန်း” ဖြစ်လာပြီး ကျောင်းအတွက် သဘာဝကပေးစွမ်းသော စိမ့်မြေအရပ် ထိန်းသိမ်းရေး ပညာရေးအရင်းအမြစ်များကို ပေးအပ်ထားသည်။

နှစ်ကာလရှည်ကြာစွာ ကျောင်းသည် စိမ့်မြေအရပ်ထိန်းသိမ်းရေး ပညာရေးကို နေ့စဉ်သင်ကြားမှုတွင် ပေါင်းစပ်ထည့်သွင်းခဲ့ပြီး သဘာဝဆိုင်ရာ စာသင်ခန်းတစ်ခု ဖွင့်လှစ်ခဲ့ပြီး “ကျောင်းပြင်ပသို့ သွားရောက်ခြင်း၊ ကျောင်းအတွင်း ဖိတ်ခေါ်လာခြင်း” မှတစ်ဆင့် စေတနာ့ဝန်ထမ်းများအား ပုံမှန် ကျောင်းသို့ လာရောက်စေပြီး စိမ့်မြေအရပ် သိပ္ပံပညာပေးရေးကို လုပ်ဆောင်ခဲ့သည်။ ကျောင်းသည် ကျောင်းသားများအား စိမ့်မြေအရပ်သို့သွားရောက်၍ စောင့်ကြည့်လေ့လာရန်နှင့် မှတ်တမ်းတင်ရန်လည်း မကြာခဏစီစဉ်ပေးခဲ့ရာ စိမ့်မြေအရပ်နှင့်စပ်လျဉ်း၍ ကလေးများ၏ သိရှိနားလည်မှုကို မြှင့်တင်ပေးပြီး စိမ့်မြေအရပ်ထိန်းသိမ်းရေး မျိုးစေ့များကို ၎င်းတို့၏ နှလုံးသားထဲတွင် ဖြန့်ကြဲပေးခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ချီကျိုးမြို့ရှိ စီပါးစော် ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေတွင် မောင်ထန်မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူများသည် တောရိုင်းငှက်မျိုးထိန်းသိမ်းရေး စေတနာ့ဝန်ထမ်း၏ ဦးဆောင်မှုတွင် ကင်မရာဖြင့် ငှက်အမျိုးအစားများအား မှတ်တမ်းတင်နေသည်ကို နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………….
(Chinese Version)
与湿地共成长——这所乡村小学有特色
新华社照片,池州(安徽),2025年11月20日
白鹳班、白鹭班……在安徽省池州市贵池区墩上中心学校茅坦小学,以湿地珍稀鸟类等名称给班级命名,是这所乡村小学的一大特色。
茅坦小学毗邻十八索省级自然保护区。保护区内野生动植物资源丰富,主要保护对象为鹳类、雁鸭类越冬水禽以及湿地生态系统,这里成为茅坦小学独特的“自然教室”,赋予了学校得天独厚的湿地保护教育资源。
多年来,学校将湿地保护教育融入日常教学,开设自然大课堂,通过“走出去、请进来”的方式,邀请志愿者定期入校进行湿地科普教育,还时常组织学生到湿地观察记录,增强了孩子们对湿地的了解,将保护湿地的种子撒在孩子们的心间。
图说1:11月18日,在安徽省池州市贵池区墩上中心学校茅坦小学举办的科普宣讲活动中,学生们聆听野生鸟类保护志愿者讲解鸟类知识。 新华社记者 张端 摄
图说2:11月18日,在位于安徽省池州市的十八索省级自然保护区,茅坦小学的学生在野生鸟类保护志愿者的带领下用相机记录鸟类。新华社记者 张端 摄