Connect with us

China

တရုတ်-ဗီယက်နမ် ပေပုပင်လယ်ကွေ့ ၃၉ ကြိမ်မြောက် ပူးတွဲကင်းလှည့်မှု အောင်မြင်စွာပြီးစီး

တရုတ်-ဗီယက်နမ် ပေပုပင်လယ်ကွေ့ ပူးတွဲကင်းလှည့်သည့်ကာလအတွင်း တရုတ်ဘက်မှ တာဝန်ကျရေယာဉ် ခုတ်မောင်းနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်-ဗီယက်နမ် တပ်မတော်နှစ်ရပ်၏ သက်ဆိုင်ရာ သဘောတူညီချက်နှင့် နှစ်စဉ်အစီအစဉ်အရ နိုဝင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံ ရေတပ် ကွမ်ယွမ်စစ်ရေယာဉ်၊ အားပါ့စစ်ရေယာဉ်နှင့် ဗီယက်နမ်ရေတပ်မှ စစ်ရေယာဉ်နှစ်စင်းတို့ အုပ်စုဖွဲ့ကာ ၃၉ ကြိမ်မြောက် ပေပုပင်လယ်ကွေ့ ပူးတွဲကင်းလှည့်မှု လုပ်ဆောင်ခဲ့သည်။
ပူးတွဲကင်းလှည့်သည့်ကာလအတွင်း နှစ်ဖက် စစ်ရေယာဉ်အုပ်စုသည် ပေပုပင်လယ်ကွေ့၏ ရေပြင်နှင့် ဝေဟင်လုံခြုံမှုအခြေအနေအား စစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီး မောင်းနှင်မှုဦးတည်ချက်၊ မောင်းနှင်မှု အမြန်နှုန်းနှင့် ဇလဗေဒအခြေအနေ စသည့် အချက်အလက်များအား မကြာခဏ အပြန်အလှန်အကြောင်းကြားကာ အလှည့်ကျညွှန်ကြားမှုဖြင့် ကွပ်ကဲမှုနှင့် လှုပ်ရှားမှု‌ ညှိနှိုင်းပေါင်းစပ်ခြင်းအား မြှင့်တင်ခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်တွင် ပူးတွဲကင်းလှည့်မှုအခြေခံ၌ စစ်ရေယာဉ်အုပ်စုက နှစ်နိုင်ငံ ကိုယ်စီ၏ ငါးဖမ်းသင်္ဘောတစ်စင်းသည် ပေပုပင်လယ်ကွေ့ရေပြင်၌ အန္တရာယ်တွေ့ကြုံမှု အခြေအနေအား လက်တွေ့နမူနာထားခြင်းဖြင့် ပူးတွဲရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှု လုပ်ဆောင်ခဲ့ရာ လေ့ကျင့်မှုတွင် ပါဝင်သည့်တပ်ဖွဲ့က ရှုပ်ထွေးသောပတ်ဝန်းကျင် စီမံညွှန်ကြားမှုနှင့် အရေးပေါ်တုံ့ပြန်စီမံမှုစွမ်းရည်အား အားကောင်းစွာ ပြသခဲ့သည်။ ထို့နောက် စစ်ရေယာဉ်အုပ်စုသည် ဆက်သွယ်ရေးလေ့ကျင့်မှု၊ စစ်ရေယာဉ်အုပ်စု လှုပ်ရှားမှုလေ့ကျင့်ရေး စသည်တို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်တွင် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံက “တရုတ်-ဗီယက်နမ် ရေတပ် ပေပုပင်လယ်ကွေ့ ပူးတွဲကင်းလှည့်မှု သဘောတူညီချက်” လက်မှတ်ရေးထိုးပြီးကတည်းက တရုတ်-ဗီယက်နမ် ပေပုပင်လယ်ကွေ့ ပူးတွဲကင်းလှည့်မှုသည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်သည့်၊ တပ်မတော်နှစ်ရပ် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှု ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး အဆင့်အတန်းအား မြှင့်တင်သည့် တည်ငြိမ်သောပလက်ဖောင်းနှင့် ကူးလူးဖလှယ်သည့်လမ်းကြောင်း ဖြစ်လာပြီဖြစ်သည်။ (Xinhua)

တရုတ်-ဗီယက်နမ်ပူးတွဲကင်းလှည့်မှု ရေယာဉ်သည် အုပ်စုလိုက် လှုပ်ရှားလေ့ကျင့်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-ဗီယက်နမ်ပူးတွဲကင်းလှည့်မှု ရေယာဉ်အုပ်စုက ရှာဖွေကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှု လုပ်ဆောင်စဉ်တွင် တရုတ်တာဝန်ကျ အရာရှိစစ်သည်က စောင့်ကြည့်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
中越北部湾第39次联合巡逻圆满结束
新华社广州11月21日电(杨晓敏、张彬)根据中越两军相关协议和年度计划安排,11月19日至20日,中国海军广元舰、阿坝舰与越南海军2艘舰艇组成编队,开展第39次北部湾联合巡逻。
联合巡逻期间,双方舰艇编队对北部湾的海空安全情况实施巡视,不时互相通报航向、航速及水文气象等信息,并通过交替指挥,提高指挥融合和行动联合。
20日,在进行联合巡逻的基础上,编队开展了以两国各有一艘渔船在北部湾海区遇险为背景的联合搜救演练,有力展示了参演部队在复杂环境下的组织指挥和应急处置能力。之后,编队还开展了通信演练、编队运动演练等。
自2005年中越签署《中越海军北部湾联合巡逻协议》以来,中越北部湾联合巡逻已成为加强两国海军深度合作、提升两军战略互信协作水平的稳定平台和交流渠道。(完)
图说1、11月19日,中越北部湾联合巡逻期间,中方任务舰艇在航行中。新华社发(李正嵩摄)
图说2、11月20日,中越联合巡逻舰艇开展编队运动演练。新华社发(李正嵩摄)
图说3、11月20日,中越联合巡逻舰艇编队开展联合搜救演练,中方任务官兵在观测。新华社发(李正嵩摄)