China
တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ
ဟနွိုင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ပင်လယ်ပြင်ခရီးဝေး ဘက်စုံလက်တွေ့လေ့ကျင့်ရေးမစ်ရှင် ဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့သည် ဗီယက်နမ်နိုင်ငံ ကမ်းရန် (Cam Ranh) ဆိပ်ကမ်းသို့ နိုဝင်ဘာ ၂၁ ရက်က ရောက်ရှိပြီး ၄ ရက်ကြာ ဗီယက်နမ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ် စတင်ခဲ့သည်။
ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် တရုတ်ရေတပ် ချန်ပိုင်ဆန်းသင်္ဘော၊ ကျိန့်ဟော် သင်္ဘောနှင့် “ရှန့်ချန်ကျင့် အမှတ် (၁)” သင်္ဘောများသည် သတ်မှတ်ရေးပြင်ဧရိယာသို့ ရောက်ရှိပြီး ဗီယက်နမ်ရေတပ် ဖရီးဂိတ်သင်္ဘော “Dinh Tien Hoang” နှင့်အတူ ဆုံစည်းကာ အုပ်စုဖွဲ့၍ ကမ်းရန်ဆိပ်ကမ်းသို့ မောင်းနှင်ခဲ့ရာ နံနက် ၁၀ နာရီခန့်တွင် ကမ်းရန်ဆိပ်ကမ်းသို့ ကမ်းကပ်ခဲ့သည်။
ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးဝန်ထမ်းများ၊ ဒေသခံ တရုတ်လူမျိုးနှင့် တရုတ်နွယ်ဖွားကိုယ်စားလှယ်များ၊ ဗီယက်နမ်နိုင်ငံ ရေတပ် အရာရှိစစ်သည် စသည်တို့က မိုးရွာထဲတွင် ဆိပ်ကမ်းသို့လာရောက်၍ ကြိုဆိုခဲ့သည်။ ရေယာဉ်သင်္ဘောနှင့်အတူ လက်တွေ့လေ့ကျင့်ရေးခရီးစဉ် ရောက်ရှိလာသည့် ရေတပ်အင်ဂျင်နီယာတက္ကသိုလ်၊ ရေတပ်လေကြောင်းတက္ကသိုလ်မှ သင်တန်းသားများက သင်္ဘောကုန်းပတ်တွင် အဖွဲ့လိုက်တန်းစီကာ လာရောက်ကြိုဆိုသည့် လူထုကို နှုတ်ဆက်ခဲ့ကြသည်။
ယခုအကြိမ်ခရီးစဉ်တွင် ချန်ပိုင်ဆန်း သင်္ဘောနှင့် “ရှန့်ချန်ကျင့် အမှတ်(၁)” သင်္ဘောသည် ပထမဆုံးအကြိမ် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိခြင်းဖြစ်ပြီး ကျိန့်ဟော်သင်္ဘောသည် တတိယအကြိမ်မြောက် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိခြင်းဖြစ်သည်။ ခရီးစဉ်ရောက်ရှိသည့်ကာလအတွင်း ချန်ပိုင်ဆန်းသင်္ဘော၊ ကျိန့်ဟော် သင်္ဘောတို့တွင် အများပြည်သူလာရောက်ကြည့်ရှုရေးအစီအစဉ် ကျင်းပသွားမည်ဖြစ်ပြီး တပ်ဖွဲ့အရာရှိစစ်သည်များက ဗီယက်နမ်ရေတပ် အမှတ် ၄ စစ်ဒေသကြီး၊ ဗီယက်နမ်ရေတပ်အကယ်ဒမီ စသည်တို့ကို သွားရောက်လေ့လာကြည့်ရှုခြင်း၊ နှီးနှောဖလှယ်ခြင်းနှင့် ဘောလုံးအားကစား ချစ်ကြည်ရေးပြိုင်ပွဲ စသည့်အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်သည်။ တပ်ဖွဲ့အနေဖြင့် နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ချန်ပိုင်ဆန်း သင်္ဘောကြီး၏ ကုန်းပတ်၌ ကြိုဆိုဧည့်ခံပွဲလည်း ကျင်းပမည် ဖြစ်သည်။ (Xinhua)

ဗီယက်နမ်နိုင်ငံ ကမ်းရန်ဆိပ်ကမ်းသို့ တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ ရောက်ရှိလာပြီး ၄ ရက်ကြာ ဗီယက်နမ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ် စတင်လိုက်သည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ကမ်းရန်ဆိပ်ကမ်းတွင် ဒေသခံ တရုတ်လူမျိုးများနှင့် တရုတ်နွယ်ဖွားများ မိုးရွာထဲတွင် တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့အား လာရောက်ကြိုဆိုသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ကမ်းရန်ဆိပ်ကမ်းတွင် ဒေသခံပြည်သူများက ဗီယက်နမ်ရိုးရာဝတ်စားဆင်ယင်မှုဖြင့် တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့အား လာရောက်ကြိုဆိုသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
中国海军989编队抵达越南进行友好访问
新华社河内11月21日电(齐呈荣 吕志浩)正在执行远海综合实习任务的中国海军989编队21日抵达越南金兰港,开始对越南进行为期4天的友好访问。
当地时间凌晨,中国海军长白山舰、郑和舰和“向前进1号”船抵达预定海域,与越南海军“丁先皇”号护卫舰汇合,组成编队驶向金兰港,10时许靠泊金兰港码头。中国驻越南大使馆工作人员、当地华侨华人代表、越南海军官兵等冒雨到码头迎接。随舰实习出访的海军工程大学、海军航空大学学员在甲板上分区列队,向欢迎人群致意。
本次访问是长白山舰和“向前进1号”船首访越南,郑和舰第3次访问越南。访问期间,长白山舰、郑和舰将举行舰艇开放活动,编队官兵将赴越南海军第四区、越南海军学院等开展参观、座谈和球类友谊赛等活动。编队还将于23日晚在长白山舰举行甲板招待会。(完)
1. 11月21日,在越南金兰港,越南海军官兵迎接中国海军989编队。新华社发(吕志浩摄)
2. 11月21日,中国海军989编队抵达越南金兰港,开始对越南进行为期4天的友好访问。新华社发(段振军摄)
3. 11月21日,在越南金兰港,当地华侨华人冒雨迎接中国海军989编队。新华社发(武航摄)
4. 11月21日,在越南金兰港,当地民众身着越南传统服饰到码头迎接中国海军989编队。新华社发(段振军摄)
