China
ချိုမိုလန်းမားတောင်ခြေတွင် နွေးထွေးသောအိမ်အသစ်၌ ဝင်ရောက်နေထိုင်နေကြသူများ
ရစ်ခါကျယ် (ရှီးဇန့်)၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ဆောင်းရာသီသို့ ဝင်ရောက်လာချိန်တွင် ချိုမိုလန်းမားတောင်ခြေရှိ တရုတ်နိုင်ငံ ရှီးဇန့်ဒေသ တိန့်ရစ်ခရိုင် ငလျင်ဒဏ်သင့်ဒေသ၌ ပြန်လည်တည်ဆောက်ထားသော လူနေအိမ်အလုံးရေ ၂၂,၀၀၀ ကျော်နှင့် ခိုင်ခံ့အောင် ပြင်ဆင်တည်ဆောက်ထားသော လူနေအိမ် အလုံးရေ ၁၀,၅၀၀ ကျော်ကို အသုံးပြုရန် အပြည့်အဝ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ရာ အများပြည်သူများ အိမ်အသစ်သို့ရွှေ့ပြောင်းနေထိုင်ရင်း ဆောင်းရာသီကို နွေးထွေးစွာ ဖြတ်သန်းနေကြသည်။
ယခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ တိန့်ရစ်ခရိုင်၌ ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ နေအိမ်အများအပြား ပြိုကျပျက်စီးခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ၃ ရက်မြောက်တွင် ရှီးဇန့်ဒေသသည် ငလျင်အလွန် ပြန်လည်တည်ဆောက်ရေး ဘက်စုံအစီအစဥ် ချမှတ်မှုလုပ်ငန်း စတင်ခဲ့ပြီး နေအိမ်အမျိုးအစား ဒီဇိုင်းရေးဆွဲမှု၊ မြေတိုင်းတာ၍ ရေးဆွဲမှု၊ အပျက်အစီးများ ရှင်းလင်းမှု စသည့် ကနဦးလုပ်ငန်းများအား လုပ်ကိုင်ခဲ့သည်။
မတ်လ လဆန်းပိုင်း၌ တည်ဆောက်မှုလုပ်ငန်း စတင်ခဲ့ပြီး ဇွန်လ လဆန်းပိုင်းတွင် ဘက်စုံလုပ်ငန်းစတင်ကာ အောက်တိုဘာလ လကုန်ပိုင်း၌ ငလျင်ဒဏ်သင့်ပြည်သူများထံသို့ ပြန်လည်တည်ဆောက်ထားသောနှင့် ခိုင်ခံ့အောင် ပြင်ဆင်တည်ဆောက်ထားသော အိမ်အသစ်များအား တည်ဆောက်ပြီးစီး၍ လွှဲပြောင်းပေးအပ်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ တိန့်ရစ်ခရိုင် ချော့ကော်ရွာအုပ်စု ရယ်ကျန်းရွာ၌ တည်ဆောက်ပြီးစီး၍ အများပြည်သူအသုံးပြုရန် လွှဲပြောင်းပေးအပ်ထားသော နေအိမ်အသစ်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ တိန့်ရစ်ခရိုင် ချွီလော့ကျေးရွာအုပ်စု ချော့အောင်ရွာ ရွာသူ တာဝါကျော်မာ (အနောက် အလယ်) မိသားစုက အိမ်အသစ်ရှေ့၌ မိသားစုဓာတ်ပုံရိုက်ကူးရန် ပြင်ဆင်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



——————-
(Chinese Version)
珠峰脚下,他们住进温暖的家
新华社照片,日喀则(西藏),2025年11月23日
进入冬季,珠峰脚下西藏定日地震灾区重建的2.2万余户民房和维修加固的1.05万余户房屋已全部交付使用,群众陆续搬入新居温暖过冬。
今年1月7日,西藏日喀则市定日县发生6.8级地震,大量房屋倒塌。震后第3天,西藏启动灾后恢复重建总体方案编制,开展民房户型设计、测绘地勘、清理废墟等前期工作。3月初启动建设,6月初全面开工,10月底建成并交付受灾群众重建和维修加固的新房。
图说1、珠穆朗玛峰脚下的西藏定日县措果乡野江村,靠近珠峰方向为建成并交付群众使用的新房(11月12日摄,无人机照片)。 新华社记者 姜帆 摄
图说2、藏定日县措果乡野江村建成并交付群众使用的新房(11月12日摄,无人机照片)。新华社记者 姜帆 摄
图说3、西藏定日县曲洛乡措昂村村民达瓦卓玛(后中)一家在新房前准备拍摄“全家福”(10月27日摄)。新华社发(陈小军摄)
