Connect with us

China

လက်ဖျားထိပ်မှ ဖန်တီးပေါ်ထွက်လာသော ဖြူပြာရောင် ဆေးရောင်စုံ – တရုတ်နိုင်ငံ ပိုင်လူမျိုး ဆေးဆိုးပန်းရိုက်ပညာ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှီကျိုးမြို့နယ် ကျိုးချိန်ရွာ “ဖူကျန်းဆေးဆိုးရုံ” ၌ ဆေးဆိုးရန် ကြိုးချည်ထားသည့်နေရာများအား ဖြည်နေသည့် ပိုင်လူမျိုး ဆေးဆိုးပန်းရိုက်ပညာ အမွေဆက်ခံသူ တွမ့်ယဉ်မယ့် (ဝဲဘက်) နှင့် လက်မှုပညာရှင် တွမ့်လိလန်တို့အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တာ့လီ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ကျိုးချိန်ရွာသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တာ့လီမြို့ ရှီကျိုးမြို့နယ်၌ တည်ရှိသည်။ အရှေ့ဘက်တွင် အယ်ဟိုင်ရေကန်၊ အနောက်ဘက်တွင် ချန်းဆန်းတောင်ရှိရာ ယူနန်ပြည်နယ်၏ အကြီးဆုံး ပိုင်လူမျိုးရွာဖြစ်သလို နာမည်ကျော်ကြားသည့် “ပိုင်လူမျိုး ဆေးဆိုးပန်းရိုက် ဇာတိ”လည်း ဖြစ်ပေသည်။ တစ်ရွာလုံးတွင် လက်ရှိဆေးဆိုးပန်းရိုက်လုပ်ငန်း လုပ်ဆောင်သည့်မိသားစု ၂၀၀ ကျော်ရှိပြီး လုပ်ငန်းလုပ်ကိုင်သူပေါင်း ၄,၀၀၀ ကျော်ခန့်ရှိသည်။ တာ့လီဒေသတွင် လက်ဖြင့် ဆေးဆိုးသော ရိုးရာလက်မှုပညာအနေဖြင့် ပိုင်လူမျိုး ဆေးဆိုးပန်းရိုက်သည် ယနေ့တိုင် နှစ်ပေါင်းထောင်ချီ သမိုင်းရှိပြီဖြစ်သည်။

ပိုင်လူမျိူးဆေးဆိုးပန်းရိုက်သည် ပန်လန်ကန်း (Chinese woad) ကို အဓိကဆိုးဆေးအဖြစ် အသုံးပြုပြီး လုပ်ငန်းစဉ်များတွင် ဒီဇီုင်းပုံရေးဆွဲမှု၊ ဒီဇိုင်းပုံနှိပ်မှု၊ ဒီဇိုင်းအလိုက်ကြိုးချည်မှု၊ အရောင်ဆိုးမှု၊ ချွတ်ဆေးဆိုးမှု၊ ကြိုးချည်ထားမှုများဖြည်မှု၊ နေလှန်းမှု စသည်တို့ ပါဝင်သည်။ ၎င်းအနက် ဒီဇိုင်းအလိုက်ကြိုးချည်၍ ဆေးဆိုးခြင်းသည် အဓိကအဆင့်ဖြစ်ပြီး လက်မှုပညာရှင်များက အပ်ကိုင်ကာကြိုးချည်မှုဖြင့် ပိတ်ပေါ်တွင် ဒီဇိုင်းပုံစံအမျိုးမျိုး ကြိုးချည်လိုက်သည်။ ထို့နောက် အပင်ဆိုးဆေးဖြင့် အပြာရောင်အခံ အဖြူရောင်ပန်း ဒီဇိုင်းအမျိုးမျိုးကို အရောင်ဆိုးပုံဖော်လိုက်သည်။
၂၀၀၆ ခုနှစ်တွင် ပိုင်လူမျိုးဆေးဆိုးပန်းရိုက်သည် ပထမဆုံးအသုတ် တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှီကျိုးမြို့နယ် ကျိုးချိန်ရွာ “ဖူကျန်းဆေးဆိုးရုံ” ဝေဟင်မြင်ကွင်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှီကျိုးမြို့နယ် ကျိုးချိန်ရွာ “ဖူကျန်းဆေးဆိုးရုံ” ၌ ဆေးဆိုးရန်မိုလ်အား ပြုလုပ်နေသည့် ပိုင်လူမျိုး ဆေးဆိုးပန်းရိုက်ပညာ အမွေဆက်ခံသူ တွမ့်ယွမ်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
白族扎染:指尖流转蓝白韵
新华社照片,大理,2025年11月22日
周城,位于大理白族自治州大理市喜洲镇,东临洱海、西枕苍山,是云南省最大的白族自然村,也是著名的“白族扎染之乡”,全村现有扎染经营户200多家,从业人员4000余人。作为大理地区传统手工印染工艺,白族扎染距今已有上千年历史。
白族扎染以板蓝根为主要染料,工序包含绘图、制版、印花、扎花、染色、漂洗、拆花、晾晒等。其中,扎花、浸染为核心步骤,手工艺人执针走线,在布料上扎出不同类型的图案,再用植物染料染出蓝底白花、生灵百态。2006年,白族扎染被列入第一批国家级非物质文化遗产名录。
1、白族扎染技艺传承人段银妹(左)和手工艺人段利兰在周城村“璞真染坊”拆花(11月21日摄)。 新华社记者 胡超 摄
2、云南省大理市喜洲镇周城村“璞真染坊”一景(无人机照片,11月21日摄)。新华社记者 胡超 摄
3、白族扎染技艺传承人段袁在周城村“璞真染坊”制作扎染模板(11月21日摄)。新华社记者 胡超 摄