Connect with us

China

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ “တိမ်တိုက်ကြားက ကောင်းကင်ရထားလမ်း” ဖြင့် ဖော်ဆောင်ထားသော သာယာချမ်းမြေ့မှု

တရုတ်နိုင်ငံ လိကျန်း-ရှန်ဂရီလာရထားလမ်း၏ အဓိကထိန်းချုပ်မှုစီမံကိန်းဖြစ်သော ယူနန်ပြည်နယ်ရှိ ကျားခုန်မြစ်ကျဉ်း ကျင်းဆားမြစ် ရထားလမ်းတံတားကြီးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဂရီလာ (ယူနန်)၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ ယူနန်-ရှီးဇန့်ရထားလမ်း၏ အရေးကြီးအစိတ်အပိုင်းဖြစ်သော လိကျန်း-ရှန်ဂရီလာ ရထားလမ်း စတင်ပြေးဆွဲလည်ပတ်ခြင်း ၂ နှစ်ပြည့်တော့မည်ဖြစ်သည်။ အဆိုပါ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့နှင့် ရှန်ဂရီလာမြို့အား ချိတ်ဆက်ထားသည့် “တိမ်တိုက်ကြားက ကောင်းကင်ရထားလမ်း” သည် စုစုပေါင်းအရှည် ၁၃၉.၇ ကီလိုမီတာရှိပြီး ယူနန်ပြည်နယ် တီချင့် ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ရထားလမ်းမပေါက်သည့် သမိုင်းကို အဆုံးသတ်ခဲ့သည်။
လိကျန်း-ရှန်ဂရီလာ ရထားလမ်းပြေးဆွဲသည့် နှစ်နှစ်တာကာလအတွင်း ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှုသည် ပမာဏနှင့် အရည်အသွေး နှစ်မျိုးလုံးမြင့်တက်လာခဲ့သည်။ ရထားလမ်းတစ်လျှောက် လူမျိုးစုမျိုးစုံ ပြည်သူများက “လူသွားလာမှု အဆင်ပြေ၍ ကုန်စည်စီးဆင်းမှုချောမွေ့ခြင်း” ဟူသော သာယာချမ်းမြေ့သည့် မျှော်မှန်းချက်သည် လက်တွေ့အကောင်အထည်ပေါ်လာခဲ့သည်။
ရထားလမ်းသည် တည်ငြိမ်သော ခရီးသည်စီးဆင်းမှုကို သယ်ဆောင်လာသည်သာမက ရွာသူ၊ ရွာသားများစွာကလည်း မိမိနေအိမ်တံခါးဝတွင်ပင် “ခရီးသွားလုပ်ငန်း အလုပ်” လုပ်ကိုင်လာနိုင်ခဲ့သည်။ ကားလမ်းနှင့် ရထားလမ်း ပူးတွဲပို့ဆောင်ရေးစီမံကိန်းမှာလည်း တစ်ဆင့်ချင်း တိုးပွားလာသောကြောင့် ပေါကြွယ်ဝသောကုန်စည်ပစ္စည်းများကို ရထားလမ်းမှတစ်ဆင့် ကုန်းပြင်မြင့်ကနေ အဆက်မပြတ် ထွက်ခွာပို့ဆောင်လျက်ရှိပါသည်။
လိကျန်း-ရှန်ဂရီလာရထားလမ်းသည် ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်သကဲ့သို့ ဒေသတွင်း “စီးပွားရေးလမ်းကြောင်း” ၊ “သာယာချမ်းမြေ့မှုလမ်းကြောင်း” လည်းဖြစ်ပေသည်။ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အား မျှော်မှန်းရာတွင် လိကျန်း-ရှန်ဂရီလာရထားလမ်းသည် တိုင်းရင်းသားဒေသ ပို့ဆောင်ရေးဝန်ဆောင်မှု အာမခံနိုင်မှုစွမ်းရည်ကို အင်တိုက်အားတိုက် မြှင့်တင်ပေးပြီး ဒေသတွင်းစီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား အားဖြည့်ကူညီပေးသွားမည်ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှန်ဂရီလာဘူတာ၌ လိကျန်းမြို့သို့ သွားရောက်၍ မိသားစုနှင့်တွေ့ဆုံမည့် ဖူမီလူမျိုး ခရီးသွားဧည့်သည် ကျော်မာချစ်အယ်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————————————-
(Chinese Version)
十五五规划@你丨一条“云岭天路”串起的幸福密码
新华社照片,香格里拉(云南),2025年11月24日
2025年11月26日,我国滇藏铁路重要组成部分——丽江至香格里拉铁路(下称“丽香铁路”),将迎来开通运营两周年。这条连接丽江与香格里拉的”云岭天路”全长139.7公里,结束了云南迪庆藏族自治州不通铁路的历史。
丽香铁路开通运营两年来,客货运输量质双升,沿线各族群众“人享其行、货畅其流”的美好愿景成为现实。铁路不仅带来了稳定的客流,让不少村民在家门口吃上了“旅游饭”,也使公铁联运项目逐步增多,让丰富的物资源源不断通过铁路走出高原。
丽香铁路既是交通线,又当地的”经济线””幸福线”。展望“十五五”,丽香铁路将有力提升民族地区运输服务保障能力,助力区域经济高质量发展。
图说1:这是11月21日拍摄的虎跳峡金沙江铁路大桥。大桥全长882.5米,起于玉龙雪山隧道出口,止于哈巴雪山隧道进口,是丽香铁路的重点控制性工程(无人机照片)。 新华社发(杨紫轩摄)
图说2:11月20日,普米族旅客卓玛次尔在云南香格里拉站乘车前往丽江探亲。新华社发(杨紫轩摄)