Connect with us

China

ရှီကျင့်ဖိန်နှင့် အမေရိကန်သမ္မတ ထရမ့်တို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်သမ္မတ ထရမ့်တို့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ၂၀၂၅ ခုနှစ် ဒေသစံတော်ချိန် အောက်တိုဘာ ၃၀ ရက်က တွေ့ဆုံဆွေးနွေးကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်သမ္မတ ထရမ့်တို့သည် နိုဝင်ဘာ ၂၄ ရက် ညပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့်လ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အရေးကြီးသော သဘောတူညီမှုများစွာ ရရှိခဲ့ကြောင်း၊ ယင်းမှာ တရုတ်-အမေရိကန် ဆက်ဆံရေးဟူသော ဤဧရာမသင်္ဘောကြီး တည်ငြိမ်ကောင်းမွန်စွာ ရှေ့သို့ မောင်းနှင်ရန်အတွက် ဦးတည်ချက်လမ်းကြောင်းကို တည့်မတ်ပေးကာ တွန်းအားများ ဖြည့်တင်းပေးခဲ့သလို ကမ္ဘာကြီးထံ အပြုသဘောဆောင်သော သတင်းစကားပါးခဲ့ကြောင်း၊ ဘူဆန်တွေ့ဆုံဆွေးနွေးမှုပြီးနောက် တရုတ်-အမေရိကန် ဆက်ဆံရေး ယေဘုယျ တည်ငြိမ်ကောင်းမွန်ပြီး နှစ်နိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့်ကြိုဆိုမှုကိုရရှိခဲ့ကြောင်း၊ တရုတ်နှင့် အမေရိကန်ကြား “ပူးပေါင်းဆောင်ရွက်လျှင် နှစ်ဖက်အကျိုးဖြစ်ထွန်းပြီး တိုက်ခိုက်လျှင် နှစ်ဖက်အထိနာမည်” ဆိုသည်မှာ လက်တွေ့လုပ်ဆောင်မှုများဖြင့် အကြိမ်ကြိမ် စမ်းသပ်၍ သက်သေပြုထားသည့် အခြေခံအသိအမြင်ဖြစ်သလို တရုတ်နှင့် အမေရိကန်ကြား “အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေပြီး ဘုံကြွယ်ဝချမ်းသာခြင်း” ဟူသည့် မြင်နိုင်သော၊ လက်တွေ့ကျသော မြင်ကွင်းအစစ်အမှန်များဖြစ်သည်ကို ဖြစ်ရပ်မှန်များက ထပ်မံဖော်ပြခဲ့ပြီးဖြစ်ကြောင်း ထောက်ပြခဲ့သည်။

နှစ်ဖက်အနေဖြင့် ဤအရှိန်အဟုန်ကို ထိန်းထားပြီး မှန်ကန်သော ဦးတည်ချက်ကို အခိုင်အမာထားရှိရန်၊ တန်းတူညီမျှမှု၊ လေးစားမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော သဘောထားများကို လက်ကိုင်ထားရန်၊ ပူးပေါင်းဆောင်ရွက်မှု စာရင်းကို တိုးပွားလာစေပြီး ပြဿနာစာရင်းကို လျှော့ချရန်၊ ပိုမိုများပြားသော အပြုသဘောဆောင်သည့် တိုးတက်မှုများရရှိရန် ကြိုးပမ်းကာ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအလားအလာအသစ်များ ဖွင့်လှစ်ပေးပြီး နှစ်နိုင်ငံ ပြည်သူများနှင့် ကမ္ဘာ့ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ထိုင်ဝမ်အရေးတွင် တရုတ်နိုင်ငံ၏ အခြေခံမူ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံသို့ ထိုင်ဝမ် ပြန်လည်ရောက်ရှိခြင်းသည် စစ်ပွဲအလွန် နိုင်ငံတကာစနစ်၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်-အမေရိကန်သည် ယခင်က ပခုံးချင်းယှဉ်၍ ဖက်ဆစ်ဝါဒနှင့် စစ်ဝါဒကို တိုက်ဖျက်ခဲ့ကြပြီး လက်ရှိတွင် ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း ရလဒ်များကို အတူတကွ ထိန်းသိမ်းကာကွယ်ရန် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်က သမ္မတ ရှီကျင့်ဖိန်သည် ကြီးမြတ်သော ခေါင်းဆောင်ဖြစ်ကြောင်း၊ မိမိနှင့် သမ္မတ ရှီကျင့်ဖိန်၏ ဘူဆန်မြို့ တွေ့ဆုံဆွေးနွေးမှုမှာ အလွန်နှစ်လိုဖွယ်ရှိကြောင်း၊ အဆွေတော်၏ နှစ်နိုင်ငံဆက်ဆံရေးအပေါ် အမြင်သဘောထားများကို အပြည့်အဝ ထောက်ခံကြောင်း၊ နှစ်ဖက်သည် ဘူဆန်တွေ့ဆုံဆွေးနွေးမှုတွင် ရရှိခဲ့သော အရေးကြီး သဘောတူညီချက်များကို ဘက်စုံ လက်တွေ့ဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ဒုတိယ ကမ္ဘာစစ် အောင်နိုင်ခြင်းအတွက် ထိုစဉ်က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ရာ ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံအတွက် အရေးပါမှုကို အမေရိကန်အနေဖြင့် နားလည်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ယူကရိန်းအကျပ်အတည်းနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့သည်။ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုမှန်သမျှကို ထောက်ခံအားပေးကြောင်း၊ ဘက်အသီးသီးအနေဖြင့် သဘောထားကွဲလွဲမှုများကို အဆက်မပြတ် လျှော့ချသွားကာ တရားမျှတသော၊ ရေရှည်တည်တံ့သော၊ ထိန်းချုပ်နိုင်မှုရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ဆောလျင်စွာ ရရှိရန်၊ ဤအကျပ်အတည်းကို အရင်းအမြစ်မှဖြေရှင်းရန် မျှော်လင့်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
习近平同美国总统特朗普通电话
新华社北京11月24日电 11月24日晚,国家主席习近平同美国总统特朗普通电话。
习近平指出,上个月我们在韩国釜山成功举行会晤,达成很多重要共识,为中美关系这艘巨轮稳健前行校准航向、注入动力,也向世界传递积极信号。釜山会晤以来,中美关系总体稳定向好,受到两国和国际社会普遍欢迎,事实再次说明,中美“合则两利、斗则俱伤”是经过实践反复验证的常识,中美“相互成就、共同繁荣”是看得见、摸得着的实景。双方要保持住这个势头,坚持正确方向,秉持平等、尊重、互惠态度,拉长合作清单、压缩问题清单,争取更多积极进展,为中美关系打开新的合作空间,更好造福两国人民和世界人民。
习近平阐明了中方在台湾问题上的原则立场,强调台湾回归中国是战后国际秩序重要组成部分。中美曾并肩抗击法西斯和军国主义,当前更应该共同维护好二战胜利成果。
特朗普表示,习近平主席是伟大的领导人。我同习近平主席在釜山的会晤非常愉快,完全赞同您对两国关系的看法。双方正在全面落实釜山会晤达成的重要共识。中国当年为二战胜利发挥了重要作用,美方理解台湾问题对于中国的重要性。
两国元首还谈及乌克兰危机。习近平强调,中方支持一切致力于和平的努力,希望各方不断缩小分歧,早日达成一个公平、持久、有约束力的和平协议,从根源上解决这场危机。(完)
图说:当地时间10月30日,国家主席习近平在釜山同美国总统特朗普举行会晤。新华社记者 申宏 摄