China
ရှီကျင့်ဖိန်နှင့် တွန်ဂါနိုင်ငံ ဘုရင် Tupou VI တွေ့ဆုံဆွေးနွေး
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော တွန်ဂါနိုင်ငံ ဘုရင် Tupou VI နှင့် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် တွန်ဂါနိုင်ငံတို့သည် မိုးဒဏ်လေဒဏ်၏ စမ်းသပ်မှုကို ခံနိုင်ရည်ရှိပြီး ဆိုးတူကောင်းဖက်အတူရှိသော မိတ်ဆွေစစ်မိတ်ဆွေမှန်များ ဖြစ်ကြရာ နှစ်နိုင်ငံချစ်ကြည်ရေးမှာ သမိုင်းကြောင်း ကြာရှည်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ချိန်မှစ၍ နှစ်ဖက်သည် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှ ဆက်ဆံမှုကို အစဉ်အမြဲ လက်ကိုင်ထားပြီး အပြန်အလှန်၏ အဓိကကျသော အကျိုးစီးပွားနှင့် အရေးကြီး စိုးရိမ်မှုများတွင် အခိုင်အမာ ထောက်ခံအားပေးခဲ့ကြောင်း၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ကြွယ်ဝပြီး ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် နက်ရှိုင်းလာကာ မတူညီသော လူမှုအသိုက်အဝန်းစနစ်၊ အရွယ်အစား မတူညီသော နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု၏ စံနာမူနာအဖြစ် ရပ်တည်ခဲ့ကြောင်း ထောက်ပြခဲ့သည်။
နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံသည် တွန်ဂါနိုင်ငံ၏ အစဉ်အမြဲ ယုံကြည်အားကိုးရသော မိတ်ဖက်ကောင်းဖြစ်သလို တွန်ဂါနိုင်ငံ၏ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာ ကာကွယ်ထိန်းသိမ်းခြင်းကို အစဉ်အမြဲ ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တွန်ဂါနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကို အားကောင်းစေပြီး ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း၊ အခြေခံအဆောက်အအုံ၊ သန့်ရှင်းသောစွမ်းအင်၊ ကျန်းမာရေးဆေးကုသမှု၊ ခရီးသွားလုပ်ငန်းနှင့် ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ဖြေရှင်းရေးစသည့် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ ပညာရေး၊ အားကစား၊ လူငယ်၊ မီဒီယာ၊ ဒေသန္တရ စသည့် ကဏ္ဍ ဖလှယ်မှုများကို ကျယ်ပြန့်စေရန်၊ တွန်ဂါနိုင်ငံ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်းမှ ဆက်လက်ကူညီပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း၊ တွန်ဂါနိုင်ငံ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ တရုတ်နိုင်ငံသို့ လာရောက်၍ ကြည့်ရှုလေ့လာရန်၊ နိုင်ငံရေးရာ စီမံခန့်ခွဲမှု အတွေ့အကြုံနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများ ဖလှယ်မှုကို အားကောင်းစေရန်၊ တရုတ်နိုင်ငံအပေါ် ဘက်စုံသိရှိနားလည်မှု တိုးတက်စေရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးသည် တရုတ်နိုင်ငံ၏ လာမည့် ငါးနှစ်အတွက် ထိပ်တန်းအလွှာ ပုံဖော်ခြင်းနှင့် မဟာဗျူဟာမြောက် စီမံကိန်းရေးဆွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်လျက် ဘက်စုံ နက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်တိုး ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြင်ပသို့ အဆင့်မြင့် တံခါးဖွင့်လှစ်မှုများကို တိုးချဲ့ဆောင်ရွက်ကာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အတူတကွ မျှဝေသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ် အဆိုပြုရခြင်းသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ဖွံ့ဖြိုးတိုးတက်မှု အတူတကွ ကြိုးပမ်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးကို အတူတကွ မျှဝေခံစားရေးကို မြှင့်တင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တွန်ဂါနိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ်ကို အတူတကွ လက်တွေ့ဖော်ဆောင်ရွက်သွားကာ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုသာယာလှပသော လူနေမှုဘဝများကို ဖန်တီးပေးရန်၊ တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ အေးအတူ ပူအမျှအသိုက်အဝန်းကို အတူတကွ တည်ဆောက်ရန်နှင့် လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်းကို ဖွဲ့စည်းတည်ဆောက်ရေးကို မြှင့်တင်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
ဘုရင် Tupou VI က တွန်ဂါသည် တရုတ်နိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာ မိတ်ဆက်ဆက်ဆံရေးတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ပြီး တွန်ဂါ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ရေရှည် ကိုယ်ကျိုးမငဲ့သော အကူအညီများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
တွန်ဂါနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အလွန်အလေးထားပြီး တရုတ်တစ်နိုင်ငံတည်း အခြေခံမူကို ခိုင်မာစွာ လိုက်နာကာ မည်သည့် “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ပုံစံကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တရုတ်အစိုးရ၏ အမျိုးသားပြန်လည်ပေါင်းစည်းရေး ဖော်ဆောင်ခြင်းကို အခိုင်အမာ ထောက်ခံကြောင်း၊ တွန်ဂါနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်စီးပွား၊ စိုက်ပျိုးရေး၊ သန့်ရှင်းသောစွမ်းအင်၊ ပညာရေး၊ ဆေးကုသရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ နှစ်နိုင်ငံဆက်ဆံရေးတွင် ပိုမိုလက်တွေ့ကျ ခိုင်မာသော ရလဒ်များ ရရှိရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံက မဟာအောင်မြင်မှုများ ရရှိခဲ့သည့်အပေါ် တွန်ဂါနိုင်ငံအနေဖြင့် ဂုဏ်ပြုချီးကျူးပြီး တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးရာ စီမံခန့်ခွဲမှုတွင် အောင်မြင်မှု အတွေ့အကြုံများကို လေ့လာသင်ယူရန် မျှော်လင့်ကြောင်း၊ တွန်ဂါနိုင်ငံသည် သမ္မတ ရှီကျင့်ဖိန် အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ်ကို ထောက်ခံအားပေးကာ တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး ရာသီဥတုပြောင်းလဲမှုစသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ တုံ့ပြန်ဖြေရှင်းရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း နှစ်ဖက်သည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တွန်ဂါဘုရင့်နိုင်ငံ ပူးတွဲကြေညာချက်” ကို ထုတ်ပြန်ခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံအကြီးအကဲများသည် ကုန်သွယ်စီးပွား၊ သိပ္ပံနည်းပညာ၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက် စာရွက်စာတမ်းများစွာ လက်မှတ်ရေးထိုးမှုအား မျက်မြင်သက်သေပြုခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်သည် ဘုရင် Tupou VI နှင့် မိဖုရား Nanasipau’u တို့အတွက် ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပခဲ့သည်။
ထျန်းအန်းမန် ရင်ပြင်တွင် ဂုဏ်ပြုအမြောက် ၂၁ ချက်ဖောက်၍ ဂုဏ်ပြုတပ်ဖွဲ့ တန်းစီ၍ အလေးပြုခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် စစ်ဆေးကြည့်ရှုသည့်စင်မြင့်သို့ တက်ရောက်ခဲ့ပြီး စစ်တီးဝိုင်းက တရုတ်နိုင်ငံ နိုင်ငံတော်သီချင်းနှင့် တွန်ဂါနိုင်ငံ နိုင်ငံတော်သီချင်းအား တီးမှုတ်ခဲ့သည်။ Tupou VI က ရှီကျင့်ဖိန်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြည့်ရှုပြီး တပ်ဖွဲ့အလိုက်ချီတက်မှုအား ကြည့်ရှုခဲ့ကြသည်။
အဆိုပါနေ့ မွန်းတည့်ချိန်တွင် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့က Tupou VI ဇနီးမောင်နှံတို့အတွက် ကြိုဆိုဧည့်ခံပွဲ ကျင်းပခဲ့သည်။
အထက်ပါ အစီအစဉ်များတွင် ဝမ်ရိ ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော တွန်ဂါနိုင်ငံ ဘုရင် Tupou VI တို့ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြရာ ယင်းမှာ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့က ဘုရင် Tupou VI နှင့် မိဖုရား Nanasipau’u တို့အတူ စုပေါင်းဓာတ်ပုံ ရိုက်ကူးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
……………………………..
(Chinese Version)
习近平会见汤加国王图普六世
新华社北京11月25日电(记者冯歆然)11月25日上午,国家主席习近平在北京人民大会堂会见来华进行国事访问的汤加国王图普六世。
习近平指出,中国和汤加是历经风雨、患难与共的真朋友,两国友好源远流长。建交以来,双方始终相互尊重、平等相待,坚定支持彼此核心利益和重大关切,务实合作成果丰硕,全面战略伙伴关系不断深化,树立了不同社会制度、不同大小国家友好合作的典范。无论国际形势如何变化,中国始终是汤加值得信赖的好伙伴,始终支持汤加维护国家独立和主权。中方愿同汤方加强发展战略对接,拓展贸易投资、农业渔业、基础设施、清洁能源、医疗卫生、旅游、应对气候变化等方面合作,扩大教育、体育、青年、媒体、地方等领域交流,继续在南南合作框架内为汤加经济社会发展提供帮助。欢迎汤加各界人士来华参观考察,加强治国理政和发展经验交流,增进对中国的全面了解。
中方愿同汤方加强发展战略对接,拓展贸易投资、农业渔业、基础设施、清洁能源、医疗卫生、旅游、应对气候变化等方面合作,扩大教育、体育、青年、媒体、地方等领域交流,继续在南南合作框架内为汤加经济社会发展提供帮助。欢迎汤加各界人士来华参观考察,加强治国理政和发展经验交流,增进对中国的全面了解。
习近平强调,中共二十届四中全会对中国未来5年经济社会发展作出顶层设计和战略擘画。中国将聚焦高质量发展,进一步全面深化改革,扩大高水平对外开放,同世界各国共享发展机遇。中方提出四大全球倡议,就是要推动世界各国共谋发展、共享和平。愿同汤加共同践行四大全球倡议,为两国人民创造更加美好的生活,共建中国-太平洋岛国命运共同体,推动构建人类命运共同体。
图普六世表示,汤加同中国全面战略伙伴关系取得长足发展,感谢中国长期以来为汤加经济社会发展提供的无私援助。汤加高度重视对华关系,坚定恪守一个中国原则,坚决反对任何形式的“台湾独立”,坚定支持中国政府实现国家统一。汤方愿同中方拓展经贸、农业、清洁能源、教育、医疗、环境保护等领域合作,推动两国关系取得更多实实在在的成果。汤加祝贺中国在习近平主席领导下取得伟大成就,希望学习中国共产党治国理政成功经验。汤加支持习近平主席提出的四大全球倡议,愿同中方加强沟通协作,共同应对气候变化等全球性挑战。
访问期间,双方发表《中华人民共和国和汤加王国联合声明》。
会见后,两国元首共同见证签署经贸、医疗、教育、发展等领域多份合作文件。
会见前,习近平和夫人彭丽媛在人民大会堂北大厅为图普六世和王后娜娜茜帕乌举行欢迎仪式。
天安门广场鸣放21响礼炮,礼兵列队致敬。两国元首登上检阅台,军乐团奏中汤两国国歌。图普六世在习近平陪同下检阅中国人民解放军仪仗队,并观看分列式。
当天中午,习近平和彭丽媛为图普六世夫妇举行欢迎宴会。
王毅参加上述活动。(完)
图说1:11月25日上午,国家主席习近平在北京人民大会堂会见来华进行国事访问的汤加国王图普六世。这是会见前,习近平在人民大会堂北大厅为图普六世举行欢迎仪式。 新华社记者 丁海涛 摄
图说2:11月25日上午,国家主席习近平在北京人民大会堂会见来华进行国事访问的汤加国王图普六世。这是习近平和夫人彭丽媛同图普六世和王后娜娜茜帕乌合影。 新华社记者 燕雁 摄
