China
ဝမ်ရိနှင့် မလေးရှားနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ ညွန်ကြားရေးမှူးချုပ် Raja Dato’ Nushirwan bin Zainal Abidin တွေ့ဆုံဆွေးနွေး
ပေကျင်း၊ နိုဝင်ညာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် တရုတ်နိုင်ငံသို့ လာရောက်၍ ဒုတိယအကြိမ်မြောက် တရုတ်-မလေးရှား ပင်လယ်ရေကြောင်းကိစ္စရပ်ဆိုင်ရာ နှစ်ဖက်ဆွေးနွေးမှု အစည်းအဝေးတက်ရောက်လာသော မလေးရှားနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ ညွန်ကြားရေးမှူးချုပ် Raja Dato’ Nushirwan bin Zainal Abidin နှင့် ပေကျင်းမြို့၌ နိုဝင်ဘာ ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံအနေဖြင့် မလေးရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို လမ်းညွှန်မှုအဖြစ်ထားရှိကာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကို အားကောင်းစေရန်၊ နိုင်ငံရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်များတွင် ပိုမိုများပြားသော အောင်မြင်မှုရလဒ်များ ရရှိရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ ပင်လယ်ရေကြောင်းကိစ္စရပ်ဆိုင်ရာ ဆွေးနွေးမှုပလက်ဖောင်း အခန်းကဏ္ဍကို ကောင်းမွန်စွာ အသုံးချပြီး သဘောထားကွဲလွဲမှုများကို ကောင်းမွန်ဆီလျော်စွာ စီမံခန့်ခွဲပြီး ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ရေရှည် လိုက်နာထိန်းသိမ်းထားပြီး မည်သည့် “ထိုင်ဝမ်ခွဲထွက်ရေး” ပြောဆိုပြုမူမှုများကိုမဆို မထောက်ခံကြောင်း ပြတ်ပြတ်သားသားဖော်ပြခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် အထူးလေးစားချီးကျူးကြောင်း ပြောကြားခဲ့သည်။
Nushirwan က မလေးရှား-တရုတ် ပင်လယ်ရေကြောင်းဆိုင်ရာ ဆွေးနွေးမှုတွင် အပြုသဘောဆောင်သော အောင်မြင်မှုရလဒ်များ ရရှိခဲ့ပြီး ပူးတွဲသုတေသနပြုခြင်း အပါအဝင် သဘောတူညီမှုများ လက်တွေ့ဖော်ဆောင်မှုကို မြှင့်တင်ရန်နှင့် ပင်လယ်ရေကြောင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွထိန်းသိမ်းကာကွယ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
王毅会见马来西亚国家安全委员会主任努西尔万
新华社北京11月25日电 中共中央政治局委员、中央外办主任王毅25日在北京会见来华出席中马海上问题双边对话第二次会议的马来西亚国家安全委员会主任努西尔万。
王毅表示,中方愿同马方一道,以两国领导人重要共识为引领,加强发展战略对接,深化政治安全合作,推动务实合作取得更多成果。要发挥好海上问题对话平台作用,妥善管控处理分歧。中方高度赞赏马方长期恪守一个中国原则并明确表示不支持任何“台独”言行。
努西尔万表示,此次马中海上问题对话取得积极成果,愿推动落实包括联合研究等共识,共同维护海上和平稳定。(完)
图说:11月25日,中共中央政治局委员、中央外办主任王毅在北京会见来华出席中马海上问题双边对话第二次会议的马来西亚国家安全委员会主任努西尔万。 新华社记者 王晔 摄
