China
“ပါလက်စတိုင်းပြည်သူများနှင့် သွေးစည်းညီညွတ်ရေး အပြည်ပြည်ဆိုင်ရာနေ့” အထိမ်းအမှတ် ညီလာခံသို့ ရှီကျင့်ဖိန် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂက “ပါလက်စတိုင်းပြည်သူများနှင့် သွေးစည်းညီညွတ်ရေး အပြည်ပြည်ဆိုင်ရာနေ့” အထိမ်းအမှတ် ညီလာခံ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ညီလာခံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
ထိုသို့ သဝဏ်လွှာပေးပို့ရာတွင် ရှီကျင့်ဖိန်က ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်းအရေး၏ အချက်အချာဖြစ်ပြီး နိုင်ငံတကာတရားမျှတမှု၊ သမာသမတ်ကျမှုနှင့် သက်ဆိုင်ကာ ဒေသတွင်းအခြေအနေအပေါ် သက်ရောက်မှုရှိကြောင်း၊ လက်ရှိအခြေအနေများတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဂါဇာဒေသ၌ ဘက်စုံ ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးကို သေချာစေရန်နှင့် စစ်မက်မီးလျှံ ပြန်လည်တောက်လောင်ခြင်းကို ကာကွယ်ရန် သဘောတူညီမှုများကို တစ်ဆင့်တိုး စုစည်းကာ ပိုမိုအပြုသဘောဆောင်သော လုပ်ဆောင်ချက်များ လုပ်ဆောင်သင့်ကြောင်း ထောက်ပြပြောကြားခဲ့သည်။
“ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံအုပ်ချုပ်ရေး” မူကို လက်ကိုင်ထား၍ ဂါဇာ စစ်ပြီးကာလ စီမံခန့်ခွဲရေးနှင့် ပြန်လည်တည်ဆောက်ရေးကို ဆောင်ရွက်ကာ ပါလက်စတိုင်းပြည်သူများ၏ ဆန္ဒကို လေးစားပြီး ဒေသတွင်းနိုင်ငံများ၏ ကျိုးကြောင်းဆီလျော်သော စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်ကြောင်း၊ ပါလက်စတိုင်းပြည်သူများ၏ ဒုက္ခအခက်အခဲများကို သက်သာစေရန်အတွက် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုအခြေအနေကို အမြန်ဆုံး ကောင်းမွန်တိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အရေးကြီးဆုံးမှာ “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” ၏ ဦးတည်ချက်ကြီးကို ခိုင်ခံ့စေပြီး ပါလက်စတိုင်းအရေးအား နိုင်ငံရေးအရ ဖြေရှင်းမှုကို ဆောလျင်စွာ ဖော်ဆောင်ရန် မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ပါလက်စတိုင်းအရေးသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးစနစ်၏ ထိရောက်မှုရှိသော စမ်းသပ်မှုလည်းဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးပေးပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းအရေး၏ အရင်းခံအကြောင်းရင်းများကို မျက်နှာချင်းဆိုင်ရှုမြင်ရန်၊ တာဝန်ယူမှုကို ပြသရန်၊ အားကောင်းသော လုပ်ဆောင်မှုများ ချမှတ်လုပ်ဆောင်ရန်၊ သမိုင်း မတရားမှုများကို မှန်ကန်အောင်ပြုပြင်ရန်နှင့် တရားမျှတမှု၊ သမာသမတ်ကျမှုကို ထိန်းသိမ်းကာကွယ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် တရုတ်နိုင်ငံသည် ပါလက်စတိုင်းပြည်သူများ၏ အမျိုးသား တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွား ပြန်လည်ဖော်ဆောင်မှုဟူသော တရားမျှတရေးလုပ်ငန်းအပေါ် ခိုင်မာစွာထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ပါလက်စတိုင်းအရေး ဘက်စုံ၊ တရားမျှတ၍ ရေရှည်တည်တံ့သော ဖြေရှင်းချက် ဆောလျင်စွာရရှိရေးအတွက် မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်လုပ်ဆောင်သွားလိုကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
习近平向“声援巴勒斯坦人民国际日”纪念大会致贺电
新华社北京11月26日电 11月25日,联合国举行“声援巴勒斯坦人民国际日”纪念大会,国家主席习近平向大会致贺电。
习近平指出,巴勒斯坦问题是中东问题的核心,关乎国际公平正义,牵动地区局势。当前形势下,国际社会应进一步凝聚共识,采取更积极行动,确保实现加沙全面持久停火,避免战火重燃。要秉持“巴人治巴”原则开展加沙战后治理和重建,尊重巴勒斯坦人民的意愿,照顾地区国家的合理关切。要尽快改善加沙人道局势,减轻巴勒斯坦人民苦难。最重要的是锚定“两国方案”大方向,推动巴勒斯坦问题早日实现政治解决。
习近平强调,巴勒斯坦问题也是对全球治理体系有效性的考验。中方呼吁国际社会直面巴勒斯坦问题根源,展现责任担当,采取有力行动,纠正历史不公,维护公平正义。中国作为联合国安理会常任理事国,坚定支持巴勒斯坦人民恢复民族合法权利的正义事业。中方将继续同国际社会一道,为推动巴勒斯坦问题早日得到全面、公正、持久解决作出不懈努力。(完)
