China
၁၅၉ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများ စတင်
ကူမင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၅၃၁၀၇၊ ၅၃၁၀၈ နှင့် ၅၃၁၀၉ ရေယာဉ်များသည် နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီခန့်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟား ရဲဘက်ဆိုင်ရာဆိပ်ကမ်းမှ စတင်ထွက်ခွာလာသည်နှင့်အတူ ၁၅၉ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများကို တရားဝင် စတင်ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် လှုပ်ရှားမှုတွင် ပါဝင်သော လာအိုနှင့် မြန်မာနိုင်ငံမှ ဥပဒေစိုးမိုးရေးရေယာဉ်များသည် လာအိုနိုင်ငံ မောင်မိုနှင့် မြန်မာနိုင်ငံ ဝမ်ပုံဆိပ်ကမ်းတို့မှ အသီးသီး တစ်ပြိုင်တည်း ထွက်ခွာလာခဲ့ကြပြီး ကြိုတင်သတ်မှတ်ထားသော မဲခေါင်မြစ် ရေပြင်နယ်နိမိတ်တွင် တွေ့ဆုံပြီးနောက် ပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများကို အတူတကွ ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုဝင်ဘာလ ၂၄ ရက်တွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း လေးနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်ဟုန်မြို့၌ တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ခြင်းနှင့်တရားဥပဒေစိုးမိုးရေး ကွပ်ကဲရေးမှူးများ ပူးတွဲအစည်းအဝေး ကျင်းပခဲ့ပြီး မြစ်ကြောင်းတစ်လျှောက် ပူးတွဲကင်းလှည့်၍ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ခြင်း၊ အပိုင်းလိုက်ကင်းလှည့်သွားလာခြင်းနှင့် ပူးတွဲလေ့ကျင့်ခြင်းစသည့် ဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်များစွာအတွက် တိကျသော အစီအစဉ်များကို အတူတကွ ဆွေးနွေးကာ သဘောတူညီချက်များ ရရှိခဲ့ကြသည်။ ယခုအကြိမ် လှုပ်ရှားမှုသည် တရုတ်ရေယာဉ် ၅၃၁၀၉ တွင် ပူးတွဲကင်းလှည့်ခြင်းနှင့် ဥပဒေစိုးမိုးရေး ကွပ်ကဲရေးစခန်းကို တည်ထောင်ခဲ့ပြီး တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ ကွပ်ကဲရေးမှူးတို့က ကိုယ်စားလှယ်အဖွဲ့များ အသီးသီးဦးဆောင်ကာ လှုပ်ရှားမှုကို အတူတကွ ညွှန်ကြားခဲ့သည်။
လှုပ်ရှားမှုကာလအတွင်း တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း လေးနိုင်ငံတို့သည် မဲခေါင်မြစ်၏ အဓိကနေရာအသီးသီးတွင် ရေလမ်း၊ ကုန်းလမ်း ပူးတွဲစစ်ဆေးခြင်းနှင့် ပူးတွဲအခြေစိုက်လေ့ကျင့်ခြင်း စသည်တို့ကို ပူးတွဲလုပ်ဆောင်ရန်အတွက် ဥပဒေစိုးမိုးရေးရေယာဉ် ၇ စင်းနှင့် ဥပဒေစိုးမိုးရေးအဖွဲ့ဝင် ၁၀၀ ကျော်ကို ချထားမည်ဖြစ်သည်။ မူးယစ်ဆေးဝါး၊ လိမ်လည်မှု၊ မှောင်ခိုမှုနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှု စသည့် နယ်စပ်ဖြတ်ကျော် တရားမဝင်ပြစ်မှုအမျိုးမျိုးကို စုပေါင်းအင်အားဖြင့်တိုက်ဖျက်မည်ဖြစ်သည်။ ထို့အပြင် လေးနိုင်ငံမှ သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးဌာနများသည် ထိုင်းနိုင်ငံ ချင်းဆန်မြို့တွင် နိုင်ငံစုံသတင်းအချက်အလက်ဖလှယ်ရေးအစည်းအဝေး ကျင်းပမည်ဖြစ်ပြီး လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ၏ လက်ရှိ လုံခြုံရေးအခြေအနေ၊ မှုခင်းသဲလွန်စ စသည်တို့နှင့်စပ်လျဉ်း၍ သုံးသပ်နှီးနှောကာ ဒီဇင်ဘာလအတွက် တရားဥပဒေစိုးမိုးရေး အဓိက ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သည်။ (Xinhua)
…………………..
(Chinese Version)
第159次中老缅泰湄公河联合巡逻执法行动启动
新华社昆明11月25日电(记者王研、胡了然)11月25日上午9时许,随着中方53107艇、53108艇、53109艇从云南省西双版纳傣族自治州景哈警务码头鸣笛启航,第159次中老缅泰湄公河联合巡逻执法行动正式启动。与此同时,参与行动的老挝、缅甸执法艇分别从老挝孟莫、缅甸万崩码头同步启航,将在湄公河既定水域会合后,共同开展联合巡逻执法行动。
11月24日,中老缅泰四国代表团在景洪召开中老缅泰湄公河联合巡逻执法指挥官联席会议,共同研商全线联巡执法、分段巡航、联合驻训等系列执法行动具体安排并达成共识。此次行动在中方53109艇设联合巡逻执法编队指挥所,中老缅泰四方指挥长分别率代表团共同指挥行动。
行动期间,中老缅泰四国将派出执法艇7艘、执法队员100余名在湄公河各重点水域开展水陆联合查缉、联合驻训等联合执法行动,合力打击涉毒、涉诈、走私、偷渡等各类跨境违法犯罪行为。另外,四国有关执法部门还将在泰国清盛召开多边信息交流会,就当前澜湄流域安全形势、犯罪线索等进行交流分析,并对12月份重点执法合作事宜进行磋商。(完)
