China
သမ္မတ ရှီကျင့်ဖိန်က လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၅၀ ပြည့်အတွက် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ Thongloun Sisoulith ထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၂ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၅၀ ပြည့်အတွက် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ Thongloun Sisoulith ထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
ထိုသို့ ပေးပို့ရာတွင် ရှီကျင့်ဖိန်က လာအိုပြည်သူ့တော်လှန်ရေးပါတီသည် လာအိုပြည်သူများအား စည်းလုံးညီညွတ်စွာ ဦးဆောင်၍ ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်ပြီး ဒုက္ခအခက်အခဲများ ကျော်လွှားကာ ရှေ့သို့ချီတက်ခဲ့ကြကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်ရေးဆိုင်ရာ ကြိုးပမ်းမှုများတွင် ဝမ်းမြောက်ဖွယ် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ပြည်သူများ၏ လူနေမှုဘဝ စဉ်ဆက်မပြတ်တိုးတက်ကောင်းမွန်လာခဲ့ပြီး နိုင်ငံတကာနှင့် ဒေသတွင်း သက်ရောက်မှုမှာလည်း သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊ ရဲဘော်ရဲဘက်သာမက ညီအစ်ကိုများအနေဖြင့် တရုတ်နိုင်ငံသည် ထို့အပေါ် အလွန်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း၊ လာအိုနိုင်ငံသည် မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီမှုရှိသော ဆိုရှယ်လစ်လမ်းကြောင်းကို ကောင်းမွန်စွာ မုချ လျှောက်လှမ်းနိုင်ပြီး ၁၂ ကြိမ်မြောက် လာအိုပါတီညီလာခံကို အောင်မြင်စွာကျင်းပနိုင်မှုကို ကြိုဆိုကာ ပါတီနှင့် နိုင်ငံတည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်းမှုတွင် အခင်းအကျင်းအသစ်များ အဆက်မပြတ်ဖန်တီးနိုင်မည်ဟု မိမိတို့ ယုံကြည်ကြောင်း ထောက်ပြခဲ့သည်။
အထွေထွေအတွင်းရေးမှူးချုပ် Thongloun ယခုနှစ် စက်တင်ဘာတွင် တရုတ်နိုင်ငံသို့ အောင်မြင်စွာ ခရီးစဉ်လာရောက်ခဲ့ပြီး မိမိနှင့် အထွေထွေအတွင်းရေးမှူးချုပ်ရဲဘော်တို့သည် တရုတ်-လာအို အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး နက်ရှိုင်းစေရန်နှင့် စပ်လျဉ်း၍ မဟာဗျူဟာမြောက် သဘောတူညီချက်အသစ်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် လာအိုနိုင်ငံအား အိမ်နီးချင်း သံတမန်ရေး ဦးစားပေး ဦးတည်ချက်အဖြစ် အစဉ်မြဲထားရှိပြီး လာအိုနိုင်ငံနှင့်အတူ တရုတ်-လာအို သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၆၅ နှစ်မြောက်ကို အခွင့်အလမ်းအဖြစ် မှတ်ယူကာ အစဉ်အလာချစ်ကြည်ရေးကို ဆက်လက်မြှင့်တင်သွားရန်၊ စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေကာ ခေတ်သစ် တရုတ်-လာအို ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် နက်ရှိုင်းခိုင်မာအောင် တွန်းအားပေး ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမို များပြားသော ကောင်းကျိုးသုခများ ဆောင်ကြဉ်းပေးရန်၊ ဒေသတွင်းမှသည် တစ်ကမ္ဘာလုံးအထိ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားသောအကျိုးကို ထမ်းဆောင်ရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က အလေးအနက်ထားပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
习近平就老挝人民民主共和国成立50周年向老挝人民革命党中央委员会总书记、国家主席通伦致贺电
新华社北京12月2日电 12月2日,中共中央总书记、国家主席习近平就老挝人民民主共和国成立50周年向老挝人民革命党中央委员会总书记、国家主席通伦致贺电。
习近平指出,老挝人民革命党团结带领老挝人民艰苦奋斗、砥砺前行,在革新开放事业中取得可喜成就,人民生活持续改善,国际和地区影响力显著提升。作为同志加兄弟,中方为此深感高兴。我们坚信,老方一定能走好符合本国国情的社会主义道路,迎接老挝党十二大胜利召开,不断开创党和国家建设事业新局面。
习近平强调,通伦总书记同志今年9月成功访华,我同总书记同志就深化中老命运共同体建设达成新的战略共识。中方始终将老挝作为周边外交优先方向,愿同老方一道,以明年中老建交65周年为契机,赓续传统友谊,加强团结协作,推动新时期中老全面战略合作不断走深走实,为两国人民带来更多福祉,为地区乃至世界和平与发展作出更大贡献。(完)
图说:9月4日上午,中共中央总书记、国家主席习近平在北京人民大会堂会见来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动并进行工作访问的老挝人民革命党中央总书记、国家主席通伦。 新华社记者 黄敬文 摄
