Connect with us

China

အင်ဒိုနီးရှားနိုင်ငံတွင် မိုးသည်းထန်းစွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သမ္မတရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုထံ စာနာနှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့

အင်ဒိုနီးရှားနိုင်ငံ၊ အေဇက်ပြည်နယ်၊ Pidie Jaya တွင် ရေကြီးရေလျှံမှုပြီးနောက် မြင်ကွင်းများကို ဒီဇင်ဘာ ၂ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားဒေသတွင် ပြင်းထန်သော မိုးသည်းထန်းစွာရွာသွန်းမှု၊ ရေကြီးရေလျှံမှု သဘာဝဘေးဒဏ်သင့်သည့်အတွက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုထံ စာနာနှစ်သိမ့်ကြောင်း သဝဏ်လွှာကို ဒီဇင်ဘာ ၃ ရက်က ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန်က အင်ဒိုနီးရှားနိုင်ငံ ဆူမတြားဒေသတွင် ပြင်းထန်သော မိုးသည်းထန်းစွာရွာသွန်းမှု၊ ရေကြီးရေလျှံမှု သဘာဝဘေးဒဏ်များကြောင့် လူများစွာ သေဆုံးဒဏ်ရာရခဲ့၍ ပိုင်ဆိုင်မှုများဆုံးရှုံးခဲ့ရသည်ဟု ကြားသိရပါကြောင်း၊ မိမိသည် တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား အသက်ဆုံးရှုံးသွားသူများအတွက် အလွန်ဝမ်းနည်းကြောင်း၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ကပ်ဘေးသင့်ပြည်သူလူထုအား စိတ်ရင်းအမှန်ဖြင့် နှစ်သိမ့်အားပေးကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံသည် အေးအတူပူအမျှအသိုက်အဝန်းတစ်ခုဖြစ်ပြီး နှစ်နိုင်ငံပြည်သူများသည် ကောင်းတူဆိုးဖက် အပြန်အလှန် ကူညီဖေးမကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံအား တတ်နိုင်သော အကူအညီများ ပေးအပ်ရန် ဆန္ဒရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအစိုးရ၏ ခိုင်မာသော ဦးဆောင်မှုအောက်တွင် ကပ်ဘေးအန္တရာယ်သင့်ဒေသများရှိ ပြည်သူများသည် သဘာဝဘေးအန္တရာယ်ကို ဆောလျင်စွာ ကျော်လွှားနိုင်ပြီး နေအိမ်ဥယျာဉ်များကို ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

……………………
(Chinese Version)
习近平就印尼遭受暴雨洪灾向印尼总统普拉博沃致慰问电
新华社北京12月3日电 12月3日,国家主席习近平就印尼苏门答腊地区遭受严重暴雨洪涝灾害向印尼总统普拉博沃致慰问电。
习近平表示,惊悉贵国苏门答腊地区遭受严重暴雨洪涝灾害,造成重大人员伤亡和财产损失。我谨代表中国政府和中国人民,对遇难者表示深切哀悼,向遇难者家属和受灾民众致以诚挚慰问。中印尼两国是命运共同体,两国人民同甘共苦,守望相助。中方愿向印尼提供力所能及的帮助。相信在印度尼西亚政府的坚强领导下,灾区人民一定能够早日战胜灾害、重建家园。(完)
图说:这是12月2日在印度尼西亚亚齐省皮迪查亚拍摄的洪灾过后的景象(无人机照片)。新华社发(法赫尔·礼萨摄)