Connect with us

China

ဖုန်လိယွမ်နှင့် ပြင်သစ်နိုင်ငံ သမ္မတ၏ ဇနီး Brigitte Macron တို့ ပေကျင်းပြည်သူ့အနုပညာဇာတ်ရုံအား အတူလေ့လာကြည့်ရှု

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့်အတူ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော သမ္မတ၏ ဇနီး Brigitte Macron နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ပေကျင်းပြည်သူ့အနုပညာဇာတ်ရုံအား လေ့လာကြည့်ရှုနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့်အတူ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော သမ္မတ၏ဇနီး Brigitte Macron နှင့် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ပေကျင်းပြည်သူ့အနုပညာဇာတ်ရုံအား လေ့လာကြည့်ရှုခဲ့သည်။

ဖုန်လိယွမ်နှင့် Brigitte Macron တို့သည် ပြဇာတ်ရုံပြတိုက်သို့ အတူသွားရောက်၍ ပေကျင်းပြည်သူ့အနုပညာဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်နှင့် ပြင်သစ်ပြဇာတ်လောကနှင့် သွားလာဆက်ဆံမှု အခြေအနေအား အသေးစိတ်လေ့လာခဲ့သည်။ နှစ်နိုင်ငံအကြီးအကဲများ၏ ဇနီးတို့သည် ပြဇာတ်အတွင်း၌ ဂန္ထဝင်ပြဇာတ် “လက်ဖက်ရည်ကြမ်းဆိုင်” စင်မြင့်ခင်းကျင်းပြသထားပုံကို စိတ်ဝင်တစား‌ လေ့လာကြည့်ရှုခဲ့သည်။ ပြဇာတ်စင်တာ၌ ဖုန်လိယွမ်သည် ပြဇာတ်အတူတကွရှုစားရန် Brigitte Macron အား ဖိတ်ခေါ်ခဲ့ပြီး ဖျော်ဖြေတင်ဆက်သူများနှင့် ရင်းနှီးစွာအပြန်အလှန်ဖလှယ်ခဲ့သည်။

ဖုန်လိယွမ်က တရုတ်ပြဇာတ်ပညာရှင်များ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်သည် အနုပညာဖန်တီးမှုပြုလုပ်ရာတွင် တရုတ်နိုင်ငံ၏ ကောင်းမွန်သောရိုးရာယဉ်ကျေးမှုအား လက်ဆင့်ကမ်း ပြန့်ပွားအောင် လုပ်ဆောင်မှုကို အခိုင်အမာ လက်ကိုင်ထားပြီး နိုင်ငံခြားပြဇာတ်များ၏ အကျိုးရှိသော လုပ်ဆောင်ချက်များကို အလေးထားလက်ခံကာ ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်မှုကို တက်တက်ကြွကြွ တွန်းအားပေးဖော်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ယဉ်ကျေးမှုနိုင်ငံကြီးများဖြစ်ကြကြောင်း၊ နှစ်နိုင်ငံ အနုပညာရှင်များက အပြန်အလှန် လေ့လာသင်ယူဖလှယ်မှုကို မြှင့်တင်ပြီး ပိုမိုထူးချွန်သည့် အနုပညာ လက်ရာများ ဖန်တီးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Brigitte Macron က ဖုန်လိယွမ်၏ အသေးစိတ်စီစဉ်မှုကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ဖော်ပြ၍ တရုတ်ပြဇာတ်အနုပညာအပေါ် များစွာချီးကျူးပြောကြားခဲ့ပြီး နှစ်နိုင်ငံ လူမှုယဉ်ကျေးမှုဖလှယ်ရေးအား တွန်းအားပေးရန်၊ ပြည်သူများ အပြန်အလှန်နားလည်သိရှိရင်းနှီးမှုကို တိုးမြှင့်ရန် တက်ကြွစွာ လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
彭丽媛同法国总统夫人布丽吉特参观北京人民艺术剧院
新华社北京12月4日电(记者温馨)12月4日上午,国家主席习近平夫人彭丽媛和陪同法国总统马克龙来华进行国事访问的总统夫人布丽吉特参观北京人民艺术剧院。
彭丽媛和布丽吉特一同前往戏剧博物馆,详细了解北京人艺发展历程及同法国戏剧界交往情况。两国元首夫人在剧场饶有兴致地观看经典话剧《茶馆》舞台布景。在戏剧中心,彭丽媛邀请布丽吉特共同欣赏话剧片段,并同演员亲切交流。
彭丽媛表示,一代代中国戏剧家在进行艺术创作时,坚持传承弘扬中华优秀传统文化,注重汲取外国戏剧有益做法,积极推进创新发展。中国和法国都是文化大国。希望两国艺术家加强交流互鉴,创作出更多优秀艺术作品。布丽吉特衷心感谢彭丽媛的精心安排,对中国话剧艺术给予高度评价,表示愿积极推动两国人文交流,增进人民相知相亲。(完)
图说:12月4日上午,国家主席习近平夫人彭丽媛和陪同法国总统马克龙来华进行国事访问的总统夫人布丽吉特参观北京人民艺术剧院。 新华社记者 李响 摄