China
Glinka တရုတ်သိပ္ပံပညာရှင် ကမ္ဘာ့မြေဆီလွှာဆု ချီးမြှင့်ခံရ
ရောမ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သည် ဒီဇင်ဘာ ၅ ရက်က အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပသော ကမ္ဘာ့မြေဆီလွှာနေ့ တရားဝင်ဂုဏ်ပြုအခမ်းအနား၌ တရုတ်သိပ္ပံအကယ်ဒမီ၊ နန်ကျင်းမြေဆီလွှာသုတေသနဌာနမှ သုတေသီ ကျန်းကန်လျင်အား ၂၀၂၅ ခုနှစ် Glinka ကမ္ဘာ့မြေဆီလွှာဆု ချီးမြှင့်ခဲ့သည်။ ဆုအကဲဖြတ်ကော်မတီသည် ကျန်းကန်လျင်၏ မြေဆီလွှာအမျိုးအစားခွဲခြားခြင်း၊ စစ်တမ်းမြေပုံရေးဆွဲခြင်းနှင့် အရင်းအမြစ်အကဲဖြတ်ခြင်းစသည့် ကဏ္ဍများတွင် စွန့်ဦးတီထွင်မှုရလဒ်များရရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာ မြေဆီလွှာအချက်အလက်များ အတူမျှဝေခြင်းနှင့် စဉ်ဆက်မပြတ်ဖြစ်သော မြေဆီလွှာစီမံခန့်ခွဲမှု မြှင့်တင်ခြင် ကဏ္ဍများ၌ အရေးပါသော အကျိုးထမ်းဆောင်မှုများကို အထူးချီးကျူးခဲ့ကြသည်။ (Xinhua)

အီတလီနိုင်ငံ မြို့တော်ရောမတွင် ကျင်းပသော အခမ်းအနား၌ ကျန်းကန်လျင်က အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


………………………
(Chinese Version)
中国科学家获颁格林卡世界土壤奖
新华社罗马12月5日电(记者任耀庭)5日,在联合国粮食及农业组织于罗马主办的世界土壤日官方庆典活动上,中国科学院南京土壤研究所研究员张甘霖获颁2025年格林卡世界土壤奖。评奖委员会高度评价张甘霖在土壤分类、调查制图和资源评价等领域取得的开创性成果,以及在推动全球土壤数据共享和可持续土壤管理方面作出的重要贡献。(完)
图说1:12月5日,在意大利首都罗马,联合国粮农组织总干事屈冬玉(右)向张甘霖(中)颁授2025年格林卡世界土壤奖奖牌。新华社记者 任耀庭 摄
图说2:12月5日,在意大利首都罗马,张甘霖在活动现场发言。新华社记者 任耀庭 摄
