China
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ် တိုက်လေယာဉ်အား တရုတ်ရေတပ် လေယာဉ်တင်သင်္ဘော၏ တိုက်လေယာဉ်က “ရေဒါမီးထိုး” သည်ဟူသော ဂျပန်ဘက်က ပြောဆိုချက်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြား
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ် တိုက်လေယာဉ်အား တရုတ်ရေတပ် လေယာဉ်တင်သင်္ဘော၏ တိုက်လေယာဉ်က “ရေဒါမီးထိုး” သည်ဟူသော ဂျပန်ဘက်က ပြောဆိုချက်နှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။
ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက အရေးပေါ်သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး တရုတ်ရေတပ် “လျောင်နင်” လေယာဉ်တင်သင်္ဘော တင်ဆောင်လာသော J-15 တိုက်လေယာဉ်သည် ဒီဇင်ဘာ ၆ ရက် ညနေပိုင်းတွင် အိုကီနာဝါကျွန်း အရှေ့တောင်ပိုင်း နိုင်ငံတကာရေပိုင်နက်ဝေဟင်၌ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ် F-15 တိုက်လေယာဉ်အား ရေဒါမီး ဆက်တိုက်ထိုးခဲ့ကြောင်း၊ ယင်းကို “လေယာဉ်လုံခြုံစွာ ပျံသန်းရန် လိုအပ်သည့်အတိုင်းအတာကို ကျော်လွန်သော အန္တရာယ်များသည့် လုပ်ရပ်” အဖြစ် သတ်မှတ်ကြောင်း ပြောကြားခဲ့သလို တရုတ်ဘက်ကို “အပြင်းအထန်ကန့်ကွက်” ကြောင်း ပြောကြားခဲ့သည်ဟု သတင်းများအရ သိရကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံဘက်က မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါအရေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ်တပ်မတော်က တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ အချင်းဖြစ်ရပ်မှန်မှာ လွန်စွာ ရှင်းလင်းကြောင်း၊ တရုတ်နိုင်ငံ၏ ပုံမှန်စစ်ရေးလှုပ်ရှားမှုများကို ဂျပန်တိုက်လေယာဉ်က ကြိမ်ဖန်များစွာ အနီးကပ် ကင်းထောက်ခြင်းနှင့် နှောင့်ယှက်ခြင်းကသာ ပင်လယ်ရေပြင်နှင့် ဝေဟင်၏ အကြီးမားဆုံးသော လုံခြုံရေးအန္တရာယ်ဖြစ်ကြောင်း၊ ဂျပန်၏ ကန့်ကွက်ပြောဆိုမှုကို တရုတ်နိုင်ငံဘက်က လက်မခံဘဲ ချက်ချင်းပယ်ချခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် ပေကျင်းနှင့် တိုကျိုတွင်လည်း တန်ပြန်အရေးဆိုမှုများကို အသီးသီး အဆိုပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင် ဂျပန်ဘက်က အတိုင်းထက်အလွန် ပြောကြားနေသည့် “ရေဒါမီးထိုးခြင်း” ဆိုသော အရေးကိစ္စမှာ အမှားအမှန်ကို ကမောက်ကမပြုလုပ်ခြင်း၊ အခြားသူအပေါ် အပြစ်ပုံချခြင်း၊ အခြေအနေတင်းမာမှုများကို ကျယ်ပြန့်အောင်ပြုလုပ်ခြင်း၊ နိုင်ငံတကာအသိုက်အဝန်းကို လမ်းမှားညွှန်ခြင်းတို့ဖြစ်ရာ လုံဝဥဿုံ အခြားရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် အခိုင်အမာ ကန့်ကွက်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ပုံမှန်လေ့ကျင့်ရေးလှုပ်ရှားမှုများအား ဂျပန်ဘက်က ပြဿနာရှာနှောင့်ယှက်ခြင်းကို ချက်ချင်း ရပ်တန့်ရန်၊ ဝာာဝန်မဲ့စွာ မဟုတ်မမှန် ချဲ့ကားပြောဆိုခြင်းနှင့် နိုင်ငံရေးလုပ်ကွက် အားလုံးကို ချက်ချင်းရပ်တန့်ရန် မိမိတို့အနေဖြင့် အပြင်းအထန်တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————-
(Chinese Version)
外交部发言人就日方声称中国海军舰载机对日本自卫队战斗机“雷达照射”事答记者问
新华社北京12月7日电 外交部发言人7日就日方声称中国海军舰载机对日本自卫队战斗机“雷达照射”事答记者问。
有记者问:据报道,12月7日凌晨,日防卫大臣小泉进次郎召开临时记者会,称中国海军航母辽宁舰搭载的歼-15战斗机于12月6日下午在位冲绳本岛东南的公海上空2次对日航空自卫队F-15战斗机实施断续雷达照射,并将其定义为“超出航空器安全飞行所需范围的危险行为”,还声称已向中方提出“强烈抗议”。中方对此有何评论?
发言人表示,中国军队已就该问题阐明了严正立场。事实真相十分清楚,日本战斗机对中方正常军事活动频繁抵近侦察干扰才是最大的海空安全风险。中方不接受日方所谓交涉,已当场驳回,并在北京和东京分别提出反交涉。
发言人说,当前形势下,日方炒作所谓“雷达照射”问题,颠倒黑白、嫁祸于人,渲染紧张局势,误导国际社会,完全是别有用心。中方对此坚决反对。我们强烈敦促日方立即停止滋扰中方正常演训活动的危险行为,停止一切不负责任的虚假炒作和政治操弄。(完)
