China
ဂျပန်လက်ယာယိမ်းအင်အားစု၏ ရန်လိုသော ပြောဆိုပြုမူမှုများအပေါ် မည်သည့် သက်ညှာလိုက်လျောမှုကမဆို အာရှပြည်သူများကို အန္တရာယ်အခြေအနေသို့ ထပ်မံကျရောက်စေမည်သာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဂျပန်လက်ယာယိမ်းအင်အားစု၏ ရန်လိုသော ပြောဆိုပြုမူမှုများအပေါ် မည်သည့် သက်ညှာလိုက်လျောမှုကမဆို စစ်ဝါဒ တစ္ဆေကိုသာ ပြန်လည်နိုးထစေပြီး အာရှပြည်သူများကို အန္တရာယ်အခြေအနေသို့ ထပ်မံကျရောက်စေမည်သာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်း က ဒီဇင်ဘာ ၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
စစ်ဝါဒနှင့် ဖက်ဆစ်ဝါဒကို ပြန်လည်ထူထောင်သည့် မည်သည့် ကြံစည်ကြိုးပမ်းမှုကိုမဆို ဟန့်တားတိုက်ဖျက်ရန် နိုင်ငံအသီးသီးတွင် တာဝန်ရှိသလို လက်တွဲဆောင်ရွက်ရန်လည်း ဝတ္တရားရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
သတင်းထောက်တစ်ဦးက လတ်တလောတွင် ရုရှားစသည့် အိမ်နီးချင်းနိုင်ငံများသည် ထိုင်ဝမ်နှင့်ပတ်သက်သည့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ မှားယွင်းသော ပြောကြားချက်များကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားကြခဲ့ပြီး ပါကစ္စတန်၊ လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများကလည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လူသိရှင်ကြား ထောက်ခံခဲ့ကြသည်ကို မိမိတို့ သတိပြုမိကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များသည် အာရှနှင့် ကမ္ဘာကြီးအတွက် နက်ရှိုင်းကြီးမားသော ကပ်ဘေးများ သယ်ဆောင်ပေးခဲ့ပြီး စစ်ပွဲအလွန်တွင် ဂျပန်သည် စစ်ရာဇဝတ်မှုများကို နက်နက်ရှိုင်းရှိုင်း ပြန်လည်သုံးသပ်ခြင်းမရှိသည့်အပြင် နိုင်ငံရေးနယ်ပယ်ရှိ အင်အားစုအချို့က ကျူးကျော်မှုသမိုင်းကို ငြင်းဆိုရန်၊ ပုံပြောင်းရန် သာမက တန်ဆာဆင်ရန် ကြိုးစားခဲ့ကြသလို ငြိမ်းချမ်းရေးဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်ကာ “စစ်ရေးအသွင် ပြန်လည်ထူထောင်ရန်” စိတ်ကူးယဉ်ကြံစည်ခဲ့ကြရာ နိုင်ငံအသီးသီးရှိ ပြည်သူများ၏ ရင်းနှီးမှုများကို ပြင်းထန်စွာ ထိခိုက်စေပြီး ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခဲ့သည်ဟု ဒေသတွင်းရှိ နိုင်ငံများစွာမှ မီဒီယာများနှင့် ပညာရှင်များက ဖော်ပြခဲ့ကြကြောင်း၊ ယင်းနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။
ကောကျားခွန်းက ခေတ်သစ်ကာလတစ်လျှောက် ဂျပန်စစ်ရေးဝါဒသည် “သေရေးရှင်ရေးအကျပ်အတည်း အခြေအနေ” ဟူသော အကြောင်းပြချက်ဖြင့် တရုတ်နှင့် အခြားအာရှနိုင်ငံများအပေါ် ကျူးကျော်စစ်ပွဲများ စတင်ခဲ့ပြီး ၎င်းတို့ ရောက်ရာနေရာ၌ မကောင်းမှုမှန်သမျှ လုပ်ဆောင်ကာ အံ့ဩထိတ်လန့်ဖွယ်ကောင်းသော အသက်သွေးကြွေးများစွာ တင်ကျန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်၏ အရပ်သားများအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီး သုံးခုတွင် “နန်ကျင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” အတွင်း သတ်ဖြတ်ခံရသူ ၃၀၀,၀၀၀ ကျော်ရှိ “မနီလာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” တွင် တစ်လအတွင်းပင် ဖိလစ်ပိုင်အရပ်သား ၁၀၀,၀၀၀ ခန့် သေဆုံးခဲ့ရကြောင်း၊ “စင်ကာပူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” ကြောင့် ဒေသခံ သောင်းနှင့်ချီ သေဆုံးခဲ့ရကြောင်း၊ “အရှေ့ဖျားဒေသအတွက် အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံး၏ တရားစီရင်ချက်” တွင် မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း စသည့်နေရာများတွင် ဂျပန် ကျူးလွန်ခဲ့သော အကြီးစား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ အကြိမ်ရေ ၁၀၀ ကျော်အထိရှိသည်ဟု မှတ်တမ်းတင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျပန်စစ်တပ်သည် မဟာမိတ်စစ်သုံ့ပန်းများကိုလည်း ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့ရာ ဂျပန်စစ်တပ် ဖမ်းဆီးခဲ့သော မဟာမိတ်စစ်သုံ့ပန်းများ၏ သေဆုံးမှုနှုန်းမှာ ၂၇ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ကြောင်း၊ ဘာတန် သေမင်းတမန် စစ်ကြောင်းချီခြင်း (Bataan Death March) တစ်ခုတည်းကပင် အမေရိကန်နှင့် ဖိလစ်ပိုင်စစ်သုံ့ပန်း ၁၅,၀၀၀ ကျော် သေဆုံးစေခဲ့ကြောင်း၊ ဂျပန်စစ်တပ်သည် အဓမ္မလုပ်အားပေးခိုင်းစေမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပြီး သောင်းနှင့်ချီသော အရှေ့တောင်အာရှအလုပ်သမားများနှင့် မဟာမိတ်စစ်သုံ့ပန်းများစွာသည် ထိုင်း-မြန်မာရထားလမ်း ပြုပြင်တည်ဆောက်စဉ်အတွင်း နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးခဲ့ရကြောင်း၊ ဂျပန်စစ်တပ်မှ အဓမ္မခိုင်းစေခံရသော တရုတ်အလုပ်သမား ၄ သန်းကျော်သည်လည်း ဆိုးရွားသောအခြေအနေများနှင့် အလွန်အကျွံအလုပ်လုပ်ရသောကြောင့် ဒဏ်ရာရသေဆုံးခဲ့ကြရကြောင်း၊ ထို့အပြင် ဂျပန်စစ်တပ်သည် တရုတ်၊ ကိုရီးယားကျွန်းဆွယ်၊ အရှေ့တောင်အာရှ၊ နယ်သာလန်စသည့် နိုင်ငံနှင့်ဒေသများမှ အမျိုးသမီးများကိုလည်း “အမျိုးသမီး လိင်ကျွန်များ” အဖြစ် အတင်းအကျပ်စေခိုင်းကာ လူမဆန်သော လိင်ကျွန်အဖြစ် ခိုင်းစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“စစ်ရာဇဝတ်မှုများကို ဖျောက်ဖျက်လို့မရသလို၊ ကျူးကျော်မှုသမိုင်းကို ပြောင်းပြန်လှန်လို့လည်း မရဘူး။ ဂျပန်လက်ယာယိမ်းအင်အားစုရဲ့ ရန်လိုတဲ့ ပြောဆိုပြုမူမှုတွေအပေါ် ဘယ်လိုသက်ညှာလိုက်လျောမှုကမဆို စစ်ရေးဝါဒ တစ္ဆေပြန်လည်နိုးထစေပြီး အာရှပြည်သူတွေကို အန္တရာယ်အခြေအနေသို့သာ ထပ်မံကျရောက်စေမှာဖြစ်တယ်။ စစ်ဝါဒနှင့် ဖက်ဆစ်ဝါဒကို ပြန်လည်ထူထောင်ဖို့ ဘယ်လိုကြံစည်ကြိုးပမ်းမှုကိုမဆို ဟန့်တားတိုက်ဖျက်ပြီး ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း ရလဒ်တွေကို အတူတကွ ထိန်းသိမ်းကာကွယ်ဖို့၊ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်မျာကို အတူတကွကာကွယ်ဖို့၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ သေချာစေဖို့ နိုင်ငံအသီးသီးမှာ လက်တွဲဆောင်ရွက်ဖို့ တာဝန်ရှိသလို ဝတ္တရားလည်းရှိတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
外交部:对日本右翼势力的挑衅言行,任何姑息纵容只会把亚洲人民再次置于危险境地
新华社北京12月9日电(记者刘杨、曹嘉玥)外交部发言人郭嘉昆9日在例行记者会上回答有关提问时说,对日本右翼势力的挑衅言行,任何姑息纵容只会让军国主义幽灵复活,把亚洲人民再次置于危险境地。各国有责任也有义务携起手来,阻击任何复辟军国主义和法西斯的图谋。
有记者问:我们注意到,近期俄罗斯等周边国家纷纷发声反对日本首相高市早苗涉台错误言论,巴基斯坦、老挝、柬埔寨等国公开支持一中原则。地区多国媒体和学界人士表示,日军在二战中的暴行给亚洲和世界带来深重灾难,战后日本非但没有深刻反思战争罪行,政坛一些势力反而企图否认、歪曲甚至美化侵略历史,妄图突破和平宪法搞“再军事化”,严重伤害各国人民感情,给地区和平带来威胁。发言人对此有何评论?
郭嘉昆说,近代以来,日本军国主义以所谓“存亡危机事态”为由,对中国和其他亚洲国家发动侵略战争,所到之处无恶不作,累累血债骇人听闻。
他表示,二战日军屠杀平民三大惨案中,“南京大屠杀”被害人数超过30万;“马尼拉惨案”中,一个月内就有约10万名菲律宾平民丧生;“新加坡大屠杀”导致数以万计的本地人遇害。《远东国际军事法庭判决书》记载,日本在马来西亚、印尼、缅甸、泰国等地制造的大规模屠杀高达100多起。日军还残酷虐待盟军战俘,被日军俘虏的盟军战俘死亡率高达27%,仅“巴丹死亡行军”就有1.5万余名美国和菲律宾战俘死于非命。日军大搞强迫劳动,数万名东南亚劳工和盟军战俘在修建泰缅铁路中遭虐待身亡,超过400万名被日军强征的中国劳工因恶劣条件和超强度劳动伤亡。日军还强迫来自中国、朝鲜半岛、东南亚、荷兰等国家和地区的女性充当“慰安妇”,进行惨无人道的性奴役。
“战争罪行无法抹去,侵略历史不容翻案。对日本右翼势力的挑衅言行,任何姑息纵容只会让军国主义幽灵复活,把亚洲人民再次置于危险境地。各国有责任也有义务携起手来,阻击任何复辟军国主义和法西斯的图谋,共同维护二战胜利成果,共同捍卫战后国际秩序,共同确保世界和平稳定。”郭嘉昆说。(完)
