China
တရုတ်နိုင်ငံ ပြည်ဝင်ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် တိုးတက်လာပြီး အစစ်အမှန်သည့်တရုတ်နိုင်ငံကို ကမ္ဘာက မြင်တွေ့လာ ဟု ဗြိတိန်မီဒီယာ ဖော်ပြ
လန်ဒန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ ပြည်ဝင်ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် တိုးတက်လျက်ရှိပြီး တိုးတက်နှုန်းမှာ သိသာထင်ရှားကြောင်း၊ ဤအရှိန်အဟုန်၏ အနက်အဓိပ္ပာယ်သည် စီးပွားရေး အကျိုးကျေးဇူးများတွင်သာမက နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် စစ်မှန်သော တရုတ်နိုင်ငံကို အပြည့်အဝ နားလည်ရန် အရေးကြီးသော ပြတင်းပေါက်တစ်ခုအဖြစ် ပို၍ဖြစ်လာစေခဲ့ကြောင်း ဗြိတိန် ကျွမ်းကျင် ခရီးသွားလုပ်ငန်း မီဒီယာ “Tourism Review” ဝက်ဘ်ဆိုက်၌ ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သော မှတ်ချက်ဆောင်းပါးတွင် ရေးသားထားသည်။ ထိုဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ ပြည်ဝင်ခရီးသွားလုပ်ငန်းသည် အရှိန်မြင့် တိုးတက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ ထုတ်ပြန်ခဲ့သော ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် စသည့် အဆင်ပြေလွယ်ကူစေသော မူဝါဒများသည် ပြည်ဝင် ခရီးသွားလုပ်ငန်းဈေးကွက်အား အရှိန်မြင့် တိုးတက်စေသော အဓိက အကြောင်းရင်းများအနက် တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံခြားခရီးသွားဧည့်သည်များ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ရွေးချယ်ရသည့် အဓိက အကြောင်းရင်း ၅ ချက်ရှိကြောင်း၊ ယင်းတို့မှာ ပထမအချက်သည် တရုတ်နိုင်ငံ၏ တစ်မူထူးခြားပြီး နက်ရှိုင်းသော ယဉ်ကျေးမှုအနှစ်သာရ၊ ဒုတိယအချက်မှာ မြန်နှုန်းမြင့်ရထားလမ်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစသည့် အဆင့်မြင့်အခြေခံအဆောက်အအုံ၊ တတိယအချက်မှာ အဆင်ပြေလွယ်ကူသော ဗီဇာမူဝါဒများ၊ စတုတ္ထအချက်မှာ တွက်ခြေကိုက်သော ပြည်ဝင်ခရီးသွားအတွေ့အကြုံနှင့် ပဉ္စမအချက်မှာ ဘေးကင်း၍ ဖော်ရွေသောပတ်ဝန်းကျင်နှင့် တရုတ်လူမျိုးများ၏ ဧည့်ဝတ်ကျေပွန်မှုတို့ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသာည်။
ပြည်ဝင်ခရီးသွားလုပ်ငန်း၏ တန်ဖိုးမှာ စီးပွားရေးကဏ္ဍတွင်ပင် မဟုတ်ကြောင်း၊ ပြည်ဝင်ခရီးသွားဧည့်သည်အရေအတွက် အဆက်မပြတ်တိုးတက်လာသည်နှင့်အမျှ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ပိုမိုစစ်မှန်သော၊ လူနေမှုဘဝအငွေ့အသက်များဖြင့်ပြည့်ဝနေသော တရုတ်နိုင်ငံ မြင်တွေ့ရမည်ဖြစ်ကြောင်း၊ သမိုင်းတွင် ပဋိပက္ခများစွာသည် အထင်အမြင်လွဲမှားမှုများနှင့် ပုံသေထင်မှတ်မှုမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မျက်နှာချင်းဆိုင် ဖလှယ်ပြောဆိုခြင်းသည် အတားအဆီးများကို ဖယ်ရှားရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ရင်းနှီးဖော်ရွေမှု၊ အဆင်ပြေလွယ်ကူမှု၊ ထိရောက်မှုရှိသော ဝန်ဆောင်မှုများ တွေ့ကြုံခဲ့ရသော ခရီးသွားဧည့်သည်တိုင်းသည် နိုင်ငံခြားသားများ၏ တရုတ်နိုင်ငံအပေါ် ပုံသေထင်မှတ်မှုများကို တိတ်တဆိတ် ဖြိုခွင်းလျက်ရှိကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့ နန်အန့်ခရိုင် နန်ပင်းလမ်းတွင် ချုံချင့်အစားအစာများ သုံးဆောင်ကာ ညအလှကို ရှုစားနေကြသော နိုင်ငံခြားခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(Chinese Version)
全球瞭望|英媒:中国入境游持续升温 世界看到真实中国
新华社伦敦12月9日电(记者赵小娜)英国专业旅游行业媒体《旅游评论》杂志网站8日发表评论文章说,2025年中国入境游持续升温,增速显著。这一趋势的意义不仅在于经济收益,更成为国际社会全面理解真实中国的重要窗口。文章摘要如下:
2025年,中国入境游呈爆发式增长。中国推出的免签入境等便利政策是推动入境游市场强劲增长的关键因素之一。
外国游客选择中国之旅主要有五大原因:一是中国独特且深厚的文化底蕴,二是高铁、数字支付等先进的基础设施,三是便利的签证政策,四是高性价比的入境游体验,五是安全友好的环境与中国人的热情好客。
入境游的价值不止于经济层面。随着入境游客数量不断上升,国际社会看到一个更加真实、升腾烟火气的中国。历史上许多冲突源于误解和刻板印象,而面对面的交流是消除隔阂的最佳方式。每一位在中国经历友好、便利和高效服务的游客,都在悄然打破外国人的对华刻板印象。(完)
图说1:10月1日,在重庆江北国际机场,入境旅客排队等候查验信息。新华社发(曾言延 摄)
图说2:9月30日,外国游客在重庆市南岸区南滨路品尝重庆美食、欣赏夜景。新华社记者 黄伟 摄
