Connect with us

China

ကမ္ဘာ့ဘဏ်က ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို မြှင့်တင်

တရုတ်နိုင်ငံ ချင်းသောင်ဆိပ်ကမ်းရှိ ချန်ဝမ်းဆိပ်ကမ်းဧရိယာကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်နိုင်ငံ စီးပွားရေးအကျဉ်းချုပ်သတင်းကို နောက်ဆုံးထုတ်ပြန်ခဲ့ရာ ယခင်အကျဉ်းချုပ်သတင်းတင်ပြမှုနှင့် နှိုင်းယှဉ်ပါက ၎င်းသည် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို ၀.၄ ရာခိုင်နှုန်းပွိုင့် မြှင့်တင်ခဲ့သည်။

တရုတ်နိုင်ငံအစိုးရ၏ ပိုမိုတက်ကြွသော ဘဏ္ဍာရေးမူဝါဒများနှင့် သင့်တင့်စွာ ပြေလျော့သော ငွေကြေးမူဝါဒများက ပြည်တွင်း ဝယ်ယူစားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ထောက်ပံ့ပေးခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ ပို့ကုန်ဈေးကွက် ပိုမိုအမျိုးစုံလင်လာမှုက ပို့ကုန်တင်ပို့မှု၏ ကြံ့ကြံ့ခံနိုင်မှုကို ထိန်းသိမ်းထားရန် ထောက်ခံမှု ပံ့ပိုးပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

“လာမယ့်နှစ်တွေမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုက ပြည်တွင်းဝယ်လိုအားအပေါ် ပိုမိုမှီခိုလာမှာဖြစ်တယ်” ဟု တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ဌာနခွဲ ညွှန်ကြားရေးမှူး Mara Warwick က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ပိုမိုတက်ကြွသော ဘဏ္ဍာရေးမူဝါဒများ၊ စဉ်ဆက်မပြတ် နက်ရှိုင်းစေသော ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပိုမိုခန့်မှန်းနိုင်သော စီးပွားရေးပတ်ဝန်းကျင်တို့သည် ယုံကြည်မှုကို မြှင့်တင်ပေးရန် အထောက်အကူပြုပြီး ကြံ့ခိုင်မှု ကြွယ်ဝသော၊ စဉ်ဆက်မပြတ်ဖြစ်သော တိုးတက်မှုအတွက် အခြေခံအုတ်မြစ် ချမှတ်ပေးလိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ချင်းသောင်ဆိပ်ကမ်းရှိ ချန်ဝမ်းဆိပ်ကမ်းဧရိယာတွင် ကွန်တိန်နာတင်ထရပ်ကားများ ကုန်ချနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(Chinese Version)
世界银行上调2025年中国经济增速预期
新华社北京12月11日电(记者任军、庞元元)世界银行12月11日在京发布最新一期中国经济简报,相较上期简报,对2025年中国经济增速预期上调0.4个百分点。
世行方面表示,中国政府更加积极的财政政策和适度宽松的货币政策支撑了国内消费和投资。同时,中国出口市场更加多元化,为保持出口韧性提供了支撑。
“未来几年中国的经济增长将更加依赖内需。”世行中国局局长华玛雅表示,中国更加积极的财政政策、持续深化的结构性改革、更可预期的营商环境,有助于提振信心,并为富有韧性、可持续的增长奠定基础。(完)
图说1:12月8日拍摄的青岛港前湾港区(无人机照片)。新华社记者 李紫恒 摄
图说2:12月8日,集装箱货运卡车在青岛港前湾港区装卸作业。新华社记者 李紫恒 摄