China
တရုတ်-ဥရောပရထား “အရှေ့ပိုင်းစင်္ကြံ” ၏ ယခုနှစ် ရထားဖြတ်သန်းမှု အရေအတွက် ၅,၀၀၀ စင်း ကျော်ရှိလာ
ဟားအယ်ပင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ဒီဇင်ဘာလ ၁၀ ရက်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ဒစ်ဂျစ်တယ်ကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားသော ရထားတွဲ ၆၀ ပါ တရုတ်-ဥရောပရထားသည် တရုတ်နိုင်ငံ မန်ကျိုးလီဘူတာမှ ထွက်ခွာသွားသည်နှင့်အမျှ ယခုနှစ်တွင် တရုတ်-ဥရောပရထား၏ “အရှေ့ပိုင်းစင်္ကြံ” မှ ဖြတ်သန်းသွားသော ရထားအရေအတွက်မှာ ၅,၁၆၆ စင်းရှိလာပြီး ကုန်ပစ္စည်းအမျိုးမျိုး သယ်ယူပို့ဆောင်မှုမှာ TEU ၅၃၀,၀၀၀ ကျော်ရှိကာ ပြည်ပသို့ အဆင့်မြင့် တံခါးဖွင့်လှစ်မှုအား ဝန်ဆောင်မှုပေးရန်အတွက် ခိုင်မာအားကောင်းသောအရှိန်အဟုန်ကို ပံ့ပိုးပေးခဲ့သည်။
တရုတ်-ဥရောပ ရထား၏ “အရှေ့ပိုင်းစင်္ကြံ” ကို မန်ကျိုးလီ၊ ဆွေဖန်းဟယ်နှင့် ထုန်ကျန်း ရထားစခန်းများဖြင့် ဖွဲ့စည်းထားပြီး လက်ရှိတွင် ရထားဖြင့် သယ်ယူပို့ဆောင်သော ကုန်ပစ္စည်းအမျိုးအစားများသည် စတင်ပြေးဆွဲသည့် အစောပိုင်းကာလနှင့် နှိုင်းယှဉ်လျှင် တစ်ထောင်ကျော်အထိ တိုးပွားလာကာ ကွန်ပျူတာ၊ ရေခဲသေတ္တာနှင့် တပ်ဆင်ပြီးမော်တော်ကားစသည့် ထပ်တိုးတန်ဖိုးမြှင့်ထုတ်ကုန်များ ပါဝင်သည်။ ရထားလမ်းပြေးဆွဲသော လမ်းကြောင်းများကို ၂၇ ကြောင်းအထိ တိုးချဲ့ထားပြီး ပိုလန်၊ ဂျာမနီနှင့် နယ်သာလန် စသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံကို လွှမ်းခြုံထားသလို ချန်ရှား၊ ကျိန့်ကျိုး၊ ချိန်တူး စသည့် တရုတ်ပြည်တွင်း မြို့ပေါင်း ၆၀ ကျော်ကို ချိတ်ဆက်ပေးထားရာ တရုတ်နိုင်ငံ နိုင်ငံခြား ကုန်သွယ်စီးပွားရေးအား ကမ္ဘာ့စက်မှုလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်စနစ်တွင် နက်ရှိုင်းစွာ ပေါင်းစည်းရန် ထိရောက်စွာ အထောက်အကူပြုပေးသည်။
ရထားလုပ်ငန်းလည်ပတ်ရေး ထိရောက်မှုကို မြှင့်တင်ရန်အတွက် China Railway Harbin Group Co., Ltd. သည် တရုတ်-ဥရောပရထားအား ဦးစားပေးပြေးဆွဲသည့် အစီအစဉ်ကိုလုပ်ဆောင်ပြီး “Digital Port” စနစ်ကို အားကိုးကာ အကောက်ခွန်နှင့် နယ်စပ်စစ်ဆေးရေးဌာနတို့နှင့် ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး စာရွက်စာတမ်းမဲ့ အကောက်ခွန်ရှင်းလင်းရေးကို စဉ်ဆက်မပြတ် မြှင့်တင်လုပ်ဆောင်ခဲ့သည်။ လမ်းကျယ်ရထား (Broad-gauge) များ လက်ခံခြင်းလုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း၊ ယာဉ်စစ်ဆေးချိန်ကို တိုတောင်းစေခြင်းဖြင့် စခန်း၏ သယ်ယူပို့ဆောင်ဖွဲ့စည်းမှုလုပ်ငန်း ထိရောက်မှုကို အဆက်မပြတ် မြှင့်တင်ပြီး ရထားများ အကောက်ခွန်ရှင်းလင်းချိန်ကို အနည်းဆုံးအနေဖြင့် မိနစ် ၃၀ အတွင်းအထိ လျှော့ချပေးခဲ့ရာ အလုံးစုံလုပ်ငန်းထိရောက်မှုကို ၁၀ ရာခိုင်နှုန်း နီးပါး မြှင့်တင်ပေးခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံ ကျားမုစစ်မြို့မှ ထုန်ကျန်းရထားလမ်း စွမ်းဆောင်ရည်မြှင့်တင် တည်ဆောက်ရေးစီမံကိန်းကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ အနာဂတ်တွင် ထုန်ကျန်းရထားလမ်းစခန်း၏ ကုန်စည်ဖြတ်သန်းမှုစွမ်းဆောင်ရည်သည် ၃ ဆ တိုးလာမည်ဟု ခန့်မှန်းရပြီး စခန်း၏ လမ်းကြောင်းစွမ်းဆောင်ရည်ကို တစ်ဆင့်တိုး တိုးချဲ့ပေးမည်ဖြစ်ကာ တရုတ်-ဥရောပ ရထားများအား အရည်အသွေး ပိုမိုမြင့်မားသော၊ အကျိုးခံစားခွင့် ပိုမိုကောင်းမွန်သော၊ ပိုမိုဘေးကင်းလုံခြုံသော ဦးတည်ချက်ဆီ ဖွံ့ဖြိုးတိုးတက်သွားရန် စဉ်ဆက်မပြတ် မြှင့်တင်ပေးမည်ဖြစ်သည်။ (Xinhua)

China Railway Harbin Group Co., Ltd. မန်ကျိုးလီဘူတာရုံဝန်းအတွင်းတွင် ထွက်ခွာရန် အသင့်ဖြစ်နေသော တရုတ်-ဥရောပရထားအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

China Railway Harbin Group Co., Ltd. မန်ကျိုးလီဘူတာရုံဝန်းအတွင်းတွင် ထွက်ခွာရန် အသင့်ဖြစ်နေသော တရုတ်-ဥရောပရထားအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

China Railway Harbin Group Co., Ltd. ၏ ဆွေဖန်းဟယ်ဘူတာရှိ စင်္ကြံသုံးခု၏ ကုန်တင်ဧရိယာ၌ အရှေ့ဘက်ဝန်ချီစက်က ကွန်တိန်နာတစ်ခု ချနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် တွေ့ရစဉ် (ဆင်ဟွာ)



……………….
(Chinese Version)
中欧班列“东通道”今年通行量突破5000列
新华社哈尔滨12月10日电(记者徐凯鑫)12月10日,伴随一列编组60辆,满载家用电器和数码产品的中欧班列驶出满洲里铁路口岸,今年中欧班列“东通道”通行班列数量已达5166列,运送各类货品超53万标准箱,为服务高水平对外开放提供了强劲动能。
中欧班列“东通道”由满洲里、绥芬河、同江铁路口岸组成,目前班列运输货物品类较开行初期增至千余种,涵盖电脑、冰箱、成品汽车等高附加值产品,班列通行线路拓展到27条,覆盖波兰、德国、荷兰等14个国家,联通国内长沙、郑州、成都等60余个城市,有效助力我国外贸经济深度融入全球产业链供应链体系。
为提高班列运行效率,中国铁路哈尔滨局集团有限公司优先安排班列开行计划,依托“数字口岸”系统,加强与海关、边检协同配合,持续推行无纸化通关,通过优化宽轨接车流程、缩短车辆查验时间等措施,不断提升口岸运输组织效能,实现班列通关时间最短压缩至30分钟以内,整体效率提升近10%。
目前,佳木斯至同江铁路扩能改造工程正在加快推进,未来同江铁路口岸通过能力预计提升3倍,将进一步扩充口岸通道能力,持续推动中欧班列朝着更高质量、更好效益、更加安全的方向发展。(完)
图说1/2/3:12月10日早晨,中欧班列在中国铁路哈尔滨局集团有限公司满洲里站整装待发(无人机照片)。新华社发(黄旭摄)
图说4:12月10日,中国铁路哈尔滨局集团有限公司绥芬河站三货区正面吊在进行倒箱作业(无人机照片)。新华社发(曲艺伟摄)
