Connect with us

China

တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘော” ဘာဘေးဒိုးစ်နိုင်ငံသို့ ရောက်ရှိ၍ ဆေးကုသရေးဝန်ဆောင်မှု လုပ်ဆောင်

“Harmony 2025” မစ်ရှင်အား ထမ်းဆောင်လျက်ရှိသည့် တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘော” သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ဘာဘေးဒိုးစ်နိုင်ငံ ဘရစ်ချ်တောင်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ ကြိုဆိုသူလူအုပ်က ဆေးရုံသင်္ဘောကြီးနံဘေးတွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘရစ်ချ်တောင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

“Harmony 2025” မစ်ရှင်အား ထမ်းဆောင်လျက်ရှိသည့် တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘော” သည် ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၀ ရက်တွင် ဘာဘေးဒိုးစ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ၇ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် စတင်ကာ ဆေးကုသရေးဝန်ဆောင်မှုများ လုပ်ဆောင်ခဲ့သည်။ ယင်းမှာ ၂၀၁၅ ခုနှစ် ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘော” ခရီးစဉ်စတင်ချိန်မှစ၍ တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီးသည် ဘာဘေးဒိုးစ်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် ရောက်ရှိခြင်းဖြစ်သည်။

ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘော” သည် ဘရစ်ချ်တောင်းဆိပ်ကမ်းသို့ ဖြည်းဖြည်းချင်း ဆိုက်ကပ်လာရာ ဘာဘေးဒိုးစ်နိုင်ငံ သက်ဆိုင်ရာ စစ်တပ်နှင့် အစိုးရအရာရှိများ၊ ဘာဘေးဒိုးစ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးဝန်ထမ်းများ၊ တရုတ်လူမျိုးများနှင့် တရုတ်နွယ်ဖွားများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း ကိုယ်စားလှယ်တို့က ဆိပ်ကမ်းတွင် လာရောက် ကြိုဆိုခဲ့ကြသည်။

ခရီးစဉ်ကာလအတွင်း ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘော” သည် ဘာဘေးဒိုးစ်နိုင်ငံ ပြည်သူများအတွက် အထွေထွေကုသမှုဌာန၊ ခွဲစိတ်ကုသမှုဌာန၊ အရိုးဌာန၊ သားဖွားနှင့်မီးယပ်ဌာန၊ ခံတွင်းဌာန စသည့် ဆေးကုသမှုဌာနဆိုင်ရာ အခမဲ့ကုသရေးဝန်ဆောင်မှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဒေသတွင်းဆေးရုံများသို့ ဆေးကုသရေးအဖွဲ့ခွဲများစေလွှတ်ပြီး ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ ဖလှယ်မှုများလုပ်ဆောင်ကာ ဘာဘေးဒိုးစ်စစ်တပ်နှင့် ဆေးကုသရေး၊ အားကစားချစ်ကြည်ရေး ဖလှယ်မှု စသည့် လှုပ်ရှားမှုများ လုပ်ဆောင်သွားမည့်အပြင် ကုန်းပတ်ဧည့်ခံပွဲလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

“Harmony 2025” မစ်ရှင်အား ထမ်းဆောင်လျက်ရှိသည့် တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘော” သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ဘာဘေးဒိုးစ်နိုင်ငံ ဘရစ်ချ်တောင်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ ဆေးရုံသင်္ဘောကြီး၏ အမည်စာရင်းသွင်းဌာန၌ လူနာလက်ခံကုသနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
中国海军“丝路方舟”号医院船抵达巴巴多斯开展医疗服务
新华社布里奇敦12月21日电(崔晓洋 唐磊)当地时间12月20日,执行“和谐使命-2025”任务的中国海军“丝路方舟”号医院船抵达巴巴多斯,开始为期7天的友好访问并提供医疗服务。这是“和平方舟”号医院船2015年到访以来,中国海军医院船第二次到访巴巴多斯。
当地时间上午10时,“丝路方舟”号医院船缓缓抵达布里奇敦港,巴巴多斯相关军政官员及中国驻巴巴多斯大使馆工作人员,华人华侨、中资机构代表等在码头迎接。
访问期间,“丝路方舟”号医院船将向巴巴多斯民众提供涵盖内科、外科、骨科、妇产科、口腔科等免费诊疗服务。同时,还派出医疗分队赴当地医院进行健康服务交流,并与巴国防军进行医疗、体育联谊活动,举行甲板招待会。(完)
1、12月20日,执行“和谐使命-2025”任务的中国海军“丝路方舟”号医院船抵达巴巴多斯布里奇敦港。这是欢迎人群在医院船旁合影。新华社发(崔晓洋摄)
2、12月20日,执行“和谐使命-2025”任务的中国海军“丝路方舟”号医院船抵达巴巴多斯布里奇敦港。这是医院船挂号处分诊现场。新华社发(崔晓洋摄)