Connect with us

China

အမေရိကန်၏ ဒရုန်းကဏ္ဍတွင် “မယုံကြည်ရသော ပံ့ပိုးသူစာရင်း” ထပ်တိုးခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ဒရုန်းစိန်ခေါ်မှုပြိုင်ပွဲကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်သည် “အမျိုးသားလုံခြုံရေး” ဟူသော အကြောင်းပြချက်ဖြင့် ပြည်ပထုတ်လုပ်သော ဒရုန်းစနစ်များနှင့် ယင်းတို့၏ အဓိကအစိတ်အပိုင်းများစသည့် အားလုံးကို “မယုံကြည်ရသော ပံ့ပိုးသူစာရင်း” တွင် ထည့်သွင်းခဲ့ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
သက်ဆိုင်ရာမေးခွန်းများကို ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီနှစ်များအတွင်း အမေရိကန်သည် တရုတ်-အမေရိကန် နှစ်နိုင်ငံကုမ္ပဏီများအကြား ပုံမှန် ကုန်သွယ်ရေးဆိုင်ရာ အရောင်းအဝယ်များနှင့် ကုန်သွယ်ရေး ဖလှယ်မှုများ ပြုလုပ်ခြင်းကို လျစ်လျူရှုခဲ့ပြီး နှစ်နိုင်ငံလုံးမှ စက်မှုလုပ်ငန်းနယ်ပယ်၏ ပြင်းပြသော တောင်းဆိုသံများကို လျစ်လျူရှုခဲ့ကြောင်း၊ ၎င်းသည် အမျိုးသားလုံခြုံရေး အယူအဆများကို အကြိမ်ကြိမ် ကျယ်ကျယ်ပြန့်ပြန့်အသုံးချပြီး တရုတ်ကုမ္ပဏီလုပ်ငန်းများ အပါအဝင် အခြားနိုင်ငံများမှ ကုမ္ပဏီလုပ်ငန်းများကို နိုင်ငံအင်အားသုံး၍ ဖိနှိပ်ခဲ့ရာ ယင်းမှာ စံတင်လောက်သော ဈေးကွက် ပုံဖျက်မှုနှင့် တစ်ဖက်သတ် အနိုင်ကျင့်မှု လုပ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် မှားယွင်းသော လုပ်ရပ်များ ရပ်တန့်ရန်၊ သက်ဆိုင်ရာ အစီအမံများ ချက်ချင်းရုပ်သိမ်းရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ အမေရိကန်အနေဖြင့် တဇွတ်ထိုးဆက်လက်လုပ်ဆောင်ပါက တရုတ်နိုင်ငံသည် လိုအပ်သော အစီအမံများကို အခိုင်အမာချမှတ်လုပ်ဆောင်ပြီး တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ပြတ်ပြတ်သားသား ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

…………………..
(Chinese Version)
商务部:坚决反对美针对无人机领域增列“不可信供应商清单”
新华社北京12月23日电 商务部新闻发言人23日表示,美方以所谓“国家安全”为由,将所有外国生产的无人机系统及其关键零部件等列入“不可信供应商清单”,中方对此坚决反对。
发言人在回答有关提问时说,近年来,美方不顾中美两国企业开展正常商业交易和贸易往来,不顾中美两国业界的强烈呼声,一再泛化国家安全概念,动用国家力量打击包括中国企业在内的他国企业,这是典型的市场扭曲和单边霸凌做法。
发言人表示,中方敦促美方停止错误做法,立即撤销有关措施。若美方继续一意孤行,中方将坚决采取必要措施,坚定维护中国企业的正当权益。(完)
图说:10月17日在河北省石家庄国际会展中心拍摄的无人机挑战比赛。新华社发(陈其保摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.