China
ဆင်ဟွာသတင်းဌာန ဓာတ်ပုံ-နှစ်ပတ်လည် အမှတ်တရများ၊ တရုတ်နိုင်ငံ စီးပွားရေးတွင် ရေပန်းစားခဲ့သော စကားလုံးများ၏ ရုပ်ပုံလမ်းညွှန်
ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ စီးပွားရေးသည် တည်ငြိမ်စွာ တိုးတက်လျက်ရှိပြီး အရှိန်မြင့် ရှေ့သို့လှမ်းချီခဲ့ရာ စီးပွားရေးကဏ္ဍနှင့် လူနေမှုဘဝတွင် ရေပန်းစားသော စကားလုံးများစွာ ပေါ်ထွက်လာခဲ့သည်။
ဉာဏ်ရည်တု AI+၊ လက်တွေ့နှင့် အပြန်အလှန်ချိတ်ဆက် လုပ်ဆောင်နိုင်သည့် ဉာဏ်ရည်တုစနစ် (Embodied Intelligence)၊ လူပုံစံတူ စက်ရုပ်များ၊ DeepSeek၊ တရုတ်ခေတ်မီယဉ်ကျေးမှု တီထွင်ဖန်တီးမှုများ၊ LABUBU၊ အစိုးရထောက်ပံ့ကြေးများ၊ ကျွန်းမှထွက်ခွာ အခွန်ကင်းလွတ်ခွင့်မူဝါဒ၊ တရုတ်နိုင်ငံသို့ ခရီးသွားခြင်း (China Travel)၊ ဝေဟင်နိမ့် စီးပွားရေး၊ စီးပွားဖြစ် အာကာသကဏ္ဍ၊ စမတ်စက်ရုံများ၊ ငွေရောင်စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအသစ် အကြောင်းအရာစသည့်များကို ကင်မရာအောက်တွင် ရေပန်းစားသော စကားလုံးများစွာ သက်ဝင်လှုပ်ရှားသော ပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး တရုတ်နိုင်ငံ စီးပွားရေး အခက်အခဲများကျော်လွှားကာ ရှေ့သို့တက်လှမ်းမှုနှင့် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော သက်သေအထောက်အထားများ ဖြစ်လာခဲ့သည်။ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကို မျှော်မှန်း ကြည့်လျှင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် လှိုင်းဒဏ်လေဒဏ်များကို ကျော်ဖြတ်၍ ပိုမိုကျယ်ပြန့်သော အနာဂတ်ဆီသို့ ဦးတည်သွားမည်ဖြစ်သည်။ (Xinhua)

၄ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးပြပွဲ၏ ဒစ်ဂျစ်တယ်စမတ်အနာဂတ်ခေါင်းစဉ် ပြသခန်းရှိ ဟန်ကျိုး Six Little Dragons အဖွဲ့ သီးသန့်ပြသရာနေရာ၌ လာရောက်လည်ပတ်သူများက ဟန်ကျိုး ယွီစုသိပ္ပံနည်းပညာကုမ္ပဏီမှ လူပုံစံတူ စက်ရုပ်များ လက်ဝှေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က ကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲကျန်းပြည်နယ် ဟန်ကျိုးမြို့ ဝိန်ဆန်းဒစ်ဂျစ်တယ်လူနေမှုရပ်ကွက်ရှိ AI Black Technology ဈေးကွက်မှာ DeepSeek ၏ ကြီးမားသော AI မော်ဒယ်ကို တွေ့ကြုံခံစားနေသူများအား ၂၀၂၅ ခုနှစ် မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)









………………………..
(Chinese Version)
新华社出图•年度记忆丨中国经济热词图鉴
新华社照片,北京,2025年12月25日
2025年,中国经济稳中有进,奋力向前,一批“热词”出现在经济领域与社会生活之中。
人工智能+、具身智能、人形机器人、DeepSeek、国潮文创、LABUBU、国补、离岛免税、China Travel、低空经济、商业航天、智能工厂、银发经济、新职业故事…… 镜头之下,一个个“热词”化为生动影像,成为中国经济砥砺前行、高质量发展的有力见证。展望“十五五”,中国经济将乘风破浪,驶向更加广阔的未来。
图说1:这是9月6日在2025全球工业互联网大会上拍摄的人形机器人。 新华社记者 潘昱龙 摄
图说2:9月25日,在第四届全球数字贸易博览会数智未来主题展区的杭州六小龙专区,观众观看宇树科技的人形机器人进行格斗擂台赛。新华社记者 徐昱 摄
图说3:5月4日,人们在浙江省杭州市文三数字生活街区的AI黑科技市集上体验DeepSeek的人工智能大模型。新华社发(龙巍摄)
