China
ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းမှုများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖြေကြား
ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းမှုများကို ဒီဇင်ဘာ ၂၇ ရက်တွင် ဖြေကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် နယ်စပ်အထွေထွေကော်မတီ (GBC) အထူးအစည်းအဝေးတွင် အပစ်အခတ်ရပ်စဲရေး ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံက မည်သို့မှတ်ချက်ပြုပါသနည်းဟု သတင်းထောက်က ဒီဇင်ဘာ ၂၇ ရက်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
ပြောရေးဆိုခွင့်ရှိသူက ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးခြင်းကို တရုတ်နိုင်ငံက ကြိုဆိုကြောင်း၊ ဤသည်မှာ ဆွေးနွေးမှုနှင့် ညှိနှိုင်းတိုင်ပင်မှုသည် ရှုပ်ထွေးသော အငြင်းပွားမှုများကို ဖြေရှင်းရန် လက်တွေ့ကျ ထိရောက်မှုရှိသော နည်းလမ်းတစ်ခုဖြစ်သည်ကို ပြသခြင်း ဖြစ်ကြောင်း၊ တရုတ်၊ အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့သည်လည်း ထို့အတွက် အတူတကွကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံက ပိုမိုဘက်စုံဖြစ်သော၊ တိကျသော ညှိနှိုင်းဆွေးနွေးမှုများအတွက် ပလက်ဖောင်း ပံ့ပိုးရန်၊ အခြေအနေ ဖန်တီးပေးရန် ဆန္ဒရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak တို့နှင့်အတူ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး သုံးနိုင်ငံမှ စစ်တပ်ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး အခြေအနေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခိုင်မာအောင်ဆောင်ရွက်ဖို့၊ အပြန်အလှန် ကူးလူးဆက်ဆံရေး ပြန်လည်စတင်ဖို့၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့၊ ဆက်ဆံရေးမှာ အလှည့်အပြောင်းတစ်ခု ဖော်ဆောင်ဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ဖို့အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်သွားမှာဖြစ်တယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
……………….
(Chinese Version)
外交部发言人就柬泰签署停火联合声明答记者问
新华社北京12月27日电 外交部发言人27日就柬泰签署停火联合声明答记者问。
有记者问:12月27日,柬埔寨和泰国在边界总委员会(GBC)特别会议上签署停火联合声明,中方对此有何评论?
发言人表示,中方欢迎柬泰签署停火联合声明,这表明对话协商是解决复杂争端的现实有效途径,中国、东盟以及国际社会也为此做出了共同努力。
发言人说,中方愿为柬泰双方开展更全面、具体沟通继续提供平台、创造条件。中共中央政治局委员、外交部长王毅将于12月28日至29日在云南同柬埔寨副首相兼外交大臣布拉索昆、泰国外交部长西哈萨举行会晤,三国军方代表也将参加。
“中方将以自己的方式为柬泰巩固停火局面、恢复彼此交往、重建政治互信、实现关系转圜、维护地区和平发挥建设性作用。”发言人说。(完)
图说:12月27日,在泰国尖竹汶府边境口岸,泰国国防部长纳塔蓬(右)和柬埔寨副首相兼国防大臣迪西哈举行会谈。新华社记者 孙玮彤 摄
