China
၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေး- “နှင်းနဂါး” ချင်လျင်စခန်းသို့ ရောက်ရှိပြီး ကုန်ပစ္စည်းချခြင်း စတင်
နှင်းနဂါး၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင်ကို တာဝန်ထမ်းဆောင်နေသာ “နှင်းနဂါး” ဝင်ရိုးစွန်းဒေသ သိပ္ပံလေ့လာရေး ရေခဲခွဲသင်္ဘောသည် ပေကျင်းစံတော်ချိန် ဒီဇင်ဘာ ၂၉ ရက်တွင် ချင်လျင်စခန်း ပင်လယ်ပြင်သို့ ရောက်ရှိပြီး ကုန်ပစ္စည်းချခြင်းလုပ်ငန်း စတင်လုပ်ဆောင်ခဲ့သည်။ ယခုအကြိမ် ကုန်ချမည့်အထောက်အပံ့ပစ္စည်းများ၏ စုစုပေါင်းအလေးချိန်မှာ တန်ချိန် ၁,၄၀၀ ခန့်ရှိပြီး ၎င်းတို့တွင် ချင်လျင်စခန်း ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ၊ အင်ဂျင်နီယာပစ္စည်းများ၊ သိပ္ပံသုတေသနပစ္စည်းများနှင့် လောင်စာဆီများပါဝင်သည်။ ယင်းအထောက်အပံ့ပစ္စည်းများကို သမ္ဗန်ဖြင့် စခန်းသို့ သယ်ယူပို့ဆောင်မည်ဖြစ်သည်။ (Xinhua)

အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသော သမ္ဗန်သည် “နှင်းနဂါး” ရေခဲခွဲသင်္ဘောမှ ချင်လျန်စခန်းသို့ ထွက်ခွာသွားသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



………………….
(Chinese Version)
第42次南极考察|“雪龙”号抵达秦岭站开始卸货
新华社照片,“雪龙”号,2025年12月29日
北京时间12月29日,执行中国第42次南极考察任务的“雪龙”号极地科考破冰船顺利抵达秦岭站海域,并开展卸货作业。本次卸运物资总重量约1400吨,包括秦岭站后勤保障物资、工程物资、科研物资和油料。物资将通过驳船卸运上站。
图说1:12月29日,“雪龙”号极地科考破冰船顺利抵达秦岭站海域,“雪鹰102”直升机接送人员上站。 新华社记者 顾天成 摄
图说2:12月29日,装载好物资的驳船从“雪龙”号驶向秦岭站。新华社记者 顾天成 摄
