Connect with us

China

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ ကွယ်လွန်ခြင်းအတွက် လွန် စွာဝမ်းနည်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ဥက္ကဋ္ဌ ခါလီဒါဇီယာသည် ဒေသစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၌ ကွယ်လွန်သွားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဒီဇင်ဘာ ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် တရုတ်နိုင်ငံသည် မစ္စ ခါလီဒါဇီယာ ကွယ်လွန်ခြင်းအတွက် လွန်စွာဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရနှင့် မစ္စ ခါလီဒါဇီယာ၏ မိသားစုဝင်များထံသို့ စိတ်ရင်းစေတနာမှန်ဖြင့် နှစ်သိမ့်အားပေးပါကြောင်း ပြောကြားခဲ့သည်။

မစ္စ ခါလီဒါဇီယာသည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်းဖြစ်ကြောင်း၊ ၎င်းသည် တရုတ်- ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေး လုပ်ငန်းများတွင် ကာလရှည်ကြာစွာ အားထားဆောင်ရွက်ခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလတွင် တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ နှစ်နိုင်ငံသည် ရေရှည် ချစ်ကြည်ရေး၊ တန်းတူညီမျှ အပြန်အလှန် အကျိုးပြုသော ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ကြောင်း၊ ၎င်း၏ တရုတ်-ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်အတွက် လုပ်ဆောင်ခဲ့သော အရေးပါသည့် အကျိုးထမ်းပိုးမှုများကို လူအများက ထာဝရ အောက်မေ့သတိရနေမည်ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
外交部:中方对孟加拉国前总理齐亚不幸辞世表示深切哀悼
新华社北京12月30日电(记者刘杨、温馨)孟加拉国民族主义党主席、前总理卡莉达·齐亚当地时间30日在孟首都达卡逝世。外交部发言人林剑30日在例行记者会上答问时表示,中方对卡莉达·齐亚女士不幸辞世表示深切哀悼,向孟加拉国临时政府以及卡莉达·齐亚女士的家属表示诚挚慰问。
林剑表示,卡莉达·齐亚女士是中国人民的老朋友。她长期致力于中孟友好事业,担任总理期间积极推动中孟关系发展,两国建立长期友好、平等互利的全面合作伙伴关系。她为推动中孟友好和两国关系发展作出的重要贡献将为人们永远铭记。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.