Connect with us

China

“လမ်းကြောင်းတစ်ခု” မှ “ကွန်ရက်တစ်ခု” သို့ – အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံသစ် တည်ဆောက်ခဲ့သော ၈ နှစ်ကြာကာလအား ပြန်လည်ကြည့်ရှုခြင်း

တရုတ်နိုင်ငံ ချင်ကျိုးဆိပ်ကမ်း တစ်ခုလုံး မြင်ကွင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံသစ်၏ ရှေ့ပြေးဖြစ်သော ချုံချင့်-ကွေ့ကျိုး-ကွမ်ရှီး “တောင်ပိုင်းစင်္ကြံ” အသစ် ရထားသည် တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ပထမဆုံးပြေးဆွဲမှု ပြုလုပ်ခဲ့ရာ ယင်းမှာ တရုတ်နိုင်ငံ အနောက်ပိုင်းပြည်နယ်၊ ဒေသ၊ မြို့များနှင့် အာဆီယံနိုင်ငံများ ပူးပေါင်းတည်ဆောက်ထားသော နိုင်ငံတကာကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံသစ် တရားဝင်ဖွင့်လှစ်ခြင်းအား အမှတ်သင်္ကေတပြုလျက်ရှိသည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံသစ်ကို အမျိုးသားမဟာဗျူဟာအဖြစ် တရားဝင်မြှင့်တင်ခဲ့သည်။

မကြာသေးမီနှစ်များတွင် အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံသစ် ရထားပြေးဆွဲမှုအတိုင်းအတာမှာ အဆက်မပြတ်တိုးချဲ့ခဲ့ပြီး သင်္ဘောကုမ္ပဏီစုံ၊ ဆိပ်ကမ်းစုံနှင့် ထုတ်ကုန်အမျိုးအစားစုံပါဝင်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့သည်။ စီစဉ်ထားသောရထားလမ်းကြောင်းအရေအတွက်သည် ၂၀၁၉ ခုနှစ်တွင် ၂ ခုမှ ၂၀၂၅ ခုနှစ်တွင် ၂၆ ခုအထိ တိုးလာခဲ့သည်။
တရုတ်နိုင်ငံ ရထားလမ်း နန်နင်းအုပ်စု (CR Nanning) ၏ အချက်အလက်များအရ ၂၀၁၇ ခုနှစ်တွင် စတင်လည်ပတ်ချိန်မှစ၍ အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံသစ် ရထားသည် ကွန်တိန်နာ ကုန်စည်ပမာဏ စုစုပေါင်း TEU ၅ သန်းကျော် သယ်ယူပို့ဆောင်ခဲ့ပြီး ယခုနှစ်တွင် TEU ၁.၃ သန်းကျော် သယ်ယူပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)

အထက်ပုံမှာ တရုတ်နိုင်ငံ ချင်ကျိုးဆိပ်ကမ်း အရှေ့ဘက်စခန်း တိုးချဲ့တည်ဆောက်ရေး ပထမအပိုင်း ပြုပြင်မွမ်းမံခြင်းမပြုမီ မြင်ကွင်းကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်၊ အောက်ပုံမှာ ပြုပြင်မွမ်းမံပြီးဖြစ်သော ချင်ကျိုးဆိပ်ကမ်း အရှေ့ဘက်စခန်းအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
从“一条线”到“一张网”——西部陆海新通道建设8年回眸
新华社照片,南宁,2025年12月29日
2017年9月,西部陆海新通道的前身——渝黔桂新“南向通道”班列在重庆首发,标志着中国西部省区市与东盟国家合作打造的国际陆海贸易新通道正式开通。2019年8月,西部陆海新通道正式上升为国家战略。
近年来,西部陆海新通道班列辐射范围不断扩大,实现多船企、多港口、多品类全面发展,图定班列线路由2019年的2条增至2025年的26条。
国铁南宁局数据显示,从2017年开行以来,西部陆海新通道班列已累计发送集装箱货物超500万标箱,今年发送量超130万标箱。
图说1:这是无人机拍摄的钦州港全貌(2025年12月27日摄)。 新华社记者 张爱林 摄
图说2:拼版照片:上图为钦州港东站扩建一期工程改造前的场景(2018年7月19日摄,无人机照片);下图为改造后钦州港东站(2025年12月27日摄,无人机照片) 。新华社记者 张爱林 摄