China
၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ သံတမန်ရေး၏ အကျိုးဆောင်မှုကြီး ၅ ရပ်အား ဝမ်ရိ ပြောကြား
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်သည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်သလို ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် ၈၀ ပြည့်လည်း ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒီဇင်ဘာ ၃၀ ရက်က ကျင်းပသော ၂၀၂၅ ခုနှစ် နိုင်ငံတကာအခြေအနေနှင့် တရုတ်နိုင်ငံခြားရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
သမိုင်းဆင့်ကဲပြောင်းလဲမှု လမ်းဆုံသစ်ကို ရင်ဆိုင်ရာတွင် မိမိတို့သည် ရဲဘော် ရှီကျင့်ဖိန်ကို ဗဟိုပြုသည့် ပါတီဗဟိုကော်မတီ၏ ခိုင်မာသော ဦးဆောင်မှုအောက်တွင် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အလံကို မြင့်မြင့်ကိုင်ဆောင်ကာ နိုင်ငံ့အကြီးအကဲ သံတမန်ရေးကို မဟာဗျူဟာ ဦးဆောင်မှုအဖြစ် ထားရှိပြီး အကြီးမားဆုံးသော စေတနာအရင်းခံမှုဖြင့် ကမ္ဘာ့တိုးတက်ရေးအင်အားကို သွေးစည်းစေရန်၊ အကြီးမားဆုံးသော ကြိုးပမ်းမှုဖြင့် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်သော စွမ်းအားကို စုစည်းရန်၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ အပြောင်းအလဲများကို ကိုင်တွယ်စီမံရန်၊ တရားမျှတမှုကို ထမ်းရွက်ရန်၊ တရုတ်အမျိုးသားရေးအတွက် ပြန်လည်အားသစ်လောင်းရေး ကြိုးပမ်းရန်၊ မငြိမ်မသက်လှုပ်ခတ်နေသည့် ကမ္ဘာကြီးအတွက် သဟဇာတဖြစ်၍ သင့်မြတ်စွာ တပေါင်းတစည်းတည်းရှိရေးကို အားထုတ်ရန်၊ တရုတ်ဝိသေသ လက္ခဏာရှိသော နိုင်ငံကြီးသံတမန်ဆက်ဆံရေး နယ်ပယ်သစ်ကို စဉ်ဆက်မပြတ် ဖွင့်လှစ်ရန် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တစ်နှစ်တာကာလအတွင်း တရုတ်နိုင်ငံ သံတမန်ရေး၏ အကျိုးဆောင်မှု ၅ ရပ်ကို ဝမ်ရိက ပြန်လည်အနှစ်ချုပ်ပြောကြားခဲ့သည်။ ၎င်းတို့မှာ-
ပထမအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး ရှုပ်ထွေးမှုအခင်းအကျင်းကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံက တည်ငြိမ်မှု ကျောက်ဆူး ဖြစ်ခဲ့ကြောင်း၊ မိမိတို့သည် ကမ္ဘာ့ငြိမ်းချမ်းရေးအား ကာကွယ်ထိန်းသိမ်းခြင်းကို မိမိ၏တာဝန်အဖြစ် အစဉ်အမြဲထားရှိကာ နိုင်ငံကြီးဆက်ဆံရေးပုံစံသစ် တည်ဆောက်မှုကို ကိုယ်တိုင်ကိုယ်ကျ မြှင့်တင်ဆောင်ရွက်ခဲ့သလို အရေးကြီးကိစ္စရပ်များတွင် ပြေငြိမ်းရေး ငြိမ်းချမ်းရေးဆွေးနွေးရန် ဖျောင်းဖျတွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ကမ္ဘာလုံး တစ်လှေတည်းစီး တစ်ခရီးတည်းသွား အတူကူညီဖေးမမှုဖြင့် ပထဝီနိုင်ငံရေး အားပြိုင်မှုကို ကျော်လွှားခဲ့သလို ကမ္ဘာ့ငြိမ်းချမ်းရေး ကာကွယ်ထိန်းသိမ်းရန်အတွက် နိုင်ငံကြီး၏ တာဝန်ထမ်းရွက်မှုကို ပြသခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် အိမ်နီးချင်းပတ်ဝန်းကျင် အခင်းအကျင်းသစ်ကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံက ပင်မထောက်တိုင် ဖြစ်ခဲ့ကြောင်း၊ ပါတီဗဟိုကော်မတီအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် အိမ်နီးချင်းနိုင်ငံများဆိုင်ရာ လုပ်ငန်းအစည်းအဝေးကျင်းပခဲ့ရာ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေးသည် အေးအတူ ပူအမျှ အသိုက်အဝန်း အရှိန်မြှင့် တည်ဆောက်ရေး ကာလသစ်သို့ တက်လှမ်းခဲ့ကြကြောင်း၊ တရုတ်နိုင်ငံနှင့် အိမ်နီးချင်းဖြစ်ခြင်းမှာ ကောင်းမွန်သည့်ကိစ္စရပ်၊ ကံကောင်းသည့်ကိစ္စရပ်ဖြစ်ရာ တရုတ်နိုင်ငံ၏အနီးတစ်ဝိုက်ကို အိမ်နီးချင်းချစ်ကြည်ရင်းနှီးမှု၏ စံပြဇုန်အဖြစ် ဆိုထိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအနေဖြင့် နိုင်ငံတကာစည်းစနစ် ပြောင်းလဲမှုအခင်းအကျင်းနှင့် ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် တည်ငြိမ်မှု၏ချိန်ခွင်လျှာဖြစ်ခဲ့ကြောင်း၊ မိမိတို့၏ ရွေးချယ်မှုသည် အနာဂတ်ကို မျက်နှာမူခြင်းဖြစ်ပြီး ဘက်ပေါင်းစုံနှင့်လက်တွဲကာ လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း အတူတကွ တည်ဆောက်ခဲ့သလို နိုင်ငံတကာစည်းစနစ်ကို ပို၍ တရားမျှတပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ဦးတည်ချက်သို့ တိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
စတုတ္ထအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အကျပ်အတည်းအခင်းအကျင်းကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံက ပင်မမောင်းနှင်အား ဖြစ်ခဲ့ကြောင်း၊ မိမိတို့သည် အင်အားတောင့်တင်းသော ကြံ့ကြံ့ခံနိုင်မှုနှင့် ပြည့်ဝသော ရှင်သန်စွမ်းအားဖြင့် ကမ္ဘာအတွက် ကျားကန်အင်အား ပံ့ပိုးပေးခဲ့သလို ပို၍အဆင့်မြင့်သော ပြည်ပတံခါးဖွင့်လှစ်မှုဖြင့် ကမ္ဘာကြီးနှင့်အတူ အခွင့်အလမ်းများကို မျှဝေပေးခဲ့ရာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး တောင်တက်လမ်း၏ အဓိက တွန်းကန်အားဖြစ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပဉ္စမအနေဖြင့် နိုင်ငံတကာ တရားမျှတမှု အကျပ်အတည်းအခင်းအကျင်းကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် တည်ငြိမ်မှုအင်အားဖြစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ သမာသမတ်ကျရေး၊ ဒီမိုကရေစီဖြစ်ရေး၊ လွတ်လပ်ရေးဟူသော လူသားတစ်ရပ်လုံး၏ ဘုံစံတန်ဖိုးကို မြှင့်တင်ပြီး နိုင်ငံတကာတွင် မှန်ကန်သောလမ်းကြောင်းကို ကာကွယ်ထိန်းသိမ်းရန်၊ တရားမျှတမှုလမ်းကြောင်းကို မြှင့်တင်ရန်၊ အမှန်တရားကိုဖော်ဆောင်ရန် အားထားလုပ်ဆောင်ခဲ့ရာ နိုင်ငံတကာတရားမျှတမှု၏ အခြေခံစည်းမျဉ်းများကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
王毅谈2025年中国外交五大贡献
新华社北京12月30日电(记者孙楠、曹嘉玥)12月30日,中共中央政治局委员、外交部长王毅在2025年国际形势与中国外交研讨会上表示,2025年是世界反法西斯战争胜利80周年,也是联合国成立80周年。面对历史演进新关口,我们在以习近平同志为核心的党中央坚强领导下,高举构建人类命运共同体旗帜,以元首外交为战略引领,用最大诚意团结世界进步力量,尽最大努力汇聚和平发展能量,保和平、促合作、应变局、担道义,为中华民族谋复兴,为动荡世界谋大同,不断开创中国特色大国外交新境界。王毅总结了一年来中国外交的五大贡献: 第一,面对世界和平乱局,中国是稳定锚。我们始终以维护世界和平为己任,身体力行推动构建新型大国关系,劝和促谈致力热点问题降温,坚持以同球共济超越地缘博弈,为维护世界和平展现大国担当。
第二,面对周边环境新局,中国是主心骨。党中央召开首次周边工作会议,我们同周边国家交往迈入加快构建命运共同体的新时期。与中国为邻是好事、幸事,中国的周边堪称睦邻友好的示范区。
第三,面对国际秩序变局,中国是定盘星。我们的选择是面向未来,携手各方共建人类命运共同体,推动国际秩序朝着更加公正合理的方向发展。
第四,面对全球发展困局,中国是主引擎。我们以强大韧性和充沛活力为世界提供支撑,以更高水平对外开放与世界分享机遇,成为全球发展爬坡脱困的主要推进器。
第五,面对国际道义危局,中国是压舱石。中国外交弘扬和平、发展、公平、正义、民主、自由的全人类共同价值,致力在国际上守正道、扬公道、行大道,坚定守护国际道义的底线。(完)
1. 12月30日,中共中央政治局委员、外交部长王毅在北京出席2025年国际形势与中国外交研讨会开幕式并作主旨发言。 新华社记者 李鑫 摄
