China
ဝမ်ရိနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဒီဇင်ဘာ ၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ကိုယ်စီ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသလို ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ဖြေရှင်းရန်အတွက် အကျိုးပြုကြောင်း ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ မူဝါဒများအား ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျမှုရှိသော အခြေအနေသို့ ပြန်လည်ရောက်ရှိရန်နှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု၏ မှန်ကန်သော လမ်းကြောင်းကို အခိုင်အမာဆောင်ရွက်ရန် မြှင့်တင်ပေးမည်ဟု မျှော်လင့်ကြောင်း၊ တရုတ်-ဂျာမနီအနေဖြင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေပြီး ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ဖွဲ့စည်းတည်ဆောက်ရေးကို မြှင့်တင်ရန် လုပ်ဆောင်သင့်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် တရုတ်-ဂျာမနီ ဆက်ဆံရေး၏ အရေးကြီးသော နိုင်ငံရေးအုတ်မြစ်ဖြစ်ပြီး မရှင်းမလင်းဖြစ်စေသော မည်သည့်အနေအထားမျှမရှိကြောင်း ပြောကြားခဲ့သည်။
Wadephul က ဂျာမနီနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး ဤရပ်တည်ချက်မှာ ပြောင်းလဲသွားမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံရှိ ဂျာမနီကုမ္ပဏီလုပ်ငန်းများအားလုံးသည် တရုတ်နိုင်ငံအပေါ် ယုံကြည်မှုရှိပြီး တရုတ်ဈေးကွက်တွင် အခြေစိုက်ကာ ဆက်လက်၍ နက်နက်ရှိုင်းရှိုင်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ-တရုတ်က အပြန်အလှန်ဆွေးနွေးမှုဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်းကို ထောက်ခံအားပေးကြောင်း၊ ယင်းအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
王毅同德国外长瓦德富尔会谈
新华社北京12月8日电 中共中央政治局委员、外交部长王毅8日在北京同德国外长瓦德富尔举行会谈。
王毅表示,中德合作有利于助力两国各自发展,有利于共同应对全球挑战。希望德方推动欧盟回归理性务实对华政策,坚持互利合作正确方向。中德应加强团结协作,推动构建更加公正合理的全球治理体系。一个中国原则是中德关系的重要政治基础,没有任何模糊空间。
瓦德富尔表示,德方坚定奉行一个中国政策,这一立场不会改变。德国在华企业都对中国抱有信心,愿继续深耕中国市场。德方支持欧中通过对话寻求互利共赢,愿为此发挥建设性作用。(完)
图说:12月8日,中共中央政治局委员、外交部长王毅在北京同德国外长瓦德富尔举行会谈。 新华社记者 戴天放 摄
