Connect with us

China

ဟားအယ်ပင်း ၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပွဲ ပိတ်ပွဲအခမ်းအနားသို့ လီချန်တက်ရောက်မည်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဖေဖော်ဝါရီ ၁၄ ရက်တွင် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့၌ ကျင်းပမည့် ၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို တက်ရောက်မည်ဖြစ်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသို့လာရောက်ကာ ပိတ်ပွဲအခမ်းအနား တက်ရောက်သည့် ပြည်ပနိုင်ငံခေါင်းဆောင်များအတွက် ကြိုဆိုဧည့်ခံပွဲနှင့် နှစ်ဖက်အခမ်းအနားအစီအစဉ်များ ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၁၃ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
李强将出席哈尔滨第九届亚洲冬季运动会闭幕式并举行外事活动
新华社北京2月13日电 外交部发言人13日宣布:国务院总理李强将于2月14日出席哈尔滨第九届亚洲冬季运动会闭幕式,并为来华出席闭幕式的外国领导人举行欢迎宴会和双边活动。(完)