Connect with us

China

အမျိုးသား၊ အမျိုးသမီး တွဲဖက်အဖွဲ့ တာတို မြန်နှုန်းမြင့် လက်ဆင့်ကမ်း စကိတ်စီးပြိုင်ပွဲတွင် တရုတ်အသင်း ဗိုလ်လုပွဲသို့ ဝင်ရောက်

အမျိုးသား၊ အမျိုးသမီး တွဲဖက်အဖွဲ့ မီတာ ၂,၀၀၀ လက်ဆင့်ကမ်း ဆီမီးဖိုင်နယ်ပြိုင်ပွဲအပြီး တရုတ်အသင်း လက်ရွေးစင် ဖန့်ခယ်ရှင်း (ယာဘက်)၊ လျိုရှောက်လျင် တိုကို ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲတွင် တာတိုမြန်နှုန်းမြင့် စကိတ်စီးပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ယှဉ်ပြိုင်ခဲ့ရာ တရုတ်အသင်းသည် အမျိုးသား၊ အမျိုးသမီး တွဲဖက်အဖွဲ့ မီတာ ၂,၀၀၀ လက်ဆင့်ကမ်း စကိတ်စီးပြိုင်ပွဲ၌ ဗိုလ်လုပွဲသို့ အောင်မြင်စွာ တက်ရောက်ခဲ့သည်။ ထို့အပြင် တရုတ်အသင်းမှ အဖွဲ့ဝင်များသည် တစ်ဦးချင်း ပြိုင်ပွဲများ၏ နောက်တစ်ဆင့်သို့လည်း တက်ရောက်နိုင်ခဲ့သည်။

အမျိုးသား၊ အမျိုးသမီး တွဲဖက်အဖွဲ့ မီတာ ၂,၀၀၀ လက်ဆင့်ကမ်း စကိတ်စီးပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲတွင် တရုတ်အသင်း၏ ဖန့်ခယ်ရှင်း၊ ကျန်းခြူထုန်၊ စွန်းလုန်နှင့် လျိုရှောက်လျင်တို့ လက်တွဲကာ ၂ မိနစ် ၄၆.၆၅၂ စက္ကန့်ဖြင့် ဆီမီးဖိုင်နယ်သို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် ဖန့်ခယ်ရှင်း၊ ဝမ်ရှင်းရန်၊ လျင်ရှောက်ကျွင့်နှင့် လျိုရှောက်လျင်တို့ လက်တွဲကာ ၂ မိနစ် ၄၀.၂၄၁ စက္ကန့်ဖြင့် အုပ်စု အေ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ဖေဖော်ဝါရီ ၈ ရက် ဗိုလ်လုပွဲတွင် တာတိုမြန်နှုန်းမြင့် စကိတ်စီးပြိုင်ပွဲ၏ ပထမဆုံးရွှေတံဆိပ်ဆု ပေါ်ထွက်လာမည်ဖြစ်ပြီး ယခုအကြိမ် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ၏ ပထမဆုံး ရွှေတံဆိပ်ဆုလည်း ဖြစ်နိုင်သည်။

ဝါရင့် အားကစားသမား ဖန့်ခယ်ရှင်း က “ဒီနေ့က အဓိကအားဖြင့် ခြေစစ်ပွဲဖြစ်ပါတယ်၊ အားလုံးက ကောင်းကောင်းကစားနိုင်ကြပြီး ဗိုလ်လုပွဲ (အမျိုးသား၊ အမျိုးသမီး တွဲဖက်အဖွဲ့ လက်ဆင့်ကမ်းပြိုင်ပွဲ) ကို ဝင်ရောက်မယ့် ရည်မှန်းချက်ကို ပြီးမြောက်ခဲ့ကြတယ်။ မနက်ဖြန်မှာလည်း ချောမွေ့စွာ ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် တာတိုမြန်နှုန်းမြင့် စကိတ်စီး အားကစား၏ အမျိုးသမီး၊ အမျိုးသားတစ်ဦးချင်း မီတာ ၁,၅၀၀ ကွာတားဖိုင်နယ်ပွဲ၊ အမျိုးသမီး၊ အမျိုးသားတစ်ဦးချင်း မီတာ ၅၀၀ ခြေစမ်းပွဲ၊ အမျိုးသမီး၊ အမျိုးသားတစ်ဦးချင်း မီတာ ၁,၀၀၀ ခြေစမ်းပွဲတို့ကိုလည်း ကျင်းပခဲ့သည်။ ဖန့်ခယ်ရှင်း၊ ကုန်းလိ၊ ရန်ကျင့်ရူ၊ ဇန်းရိဇယ်၊ လျင်ရှောက်ကျွင့်၊ လျိုရှောက်အောင်၊ စွန်းလုန်၊ ကျန်းခြူထုန်၊ ဝမ်ရှင်းရန် တို့ အားလုံးလည်း အောင်မြင်စွာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

လျိုရှောက်အောင်ကမူ “အနေအထားက အရင်ကထက် ပိုကောင်းတယ်လို့ ကျွန်တော်ခံစားရတယ်” ၊ “စကိတ်ကွင်းက အလွန်သက်သောင့်သက်သာရှိတယ်၊ အရင်က ပြိုင်ပွဲတွေထက် ပိုကောင်းတယ်” ၊ “ဒီနေ့ရဲ့ စိတ်ခံစားမှုက မနေ့က လေ့ကျင့်တဲ့ အချိန်ကထက် ပိုကောင်းတယ်” ၊ “မနက်ဖြန် ပိုကောင်းမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု “ကောင်း” ဟူသော စကားလုံးကို အများအပြားသုံး၍ ပြိုင်ပွဲပထမနေ့ကို တင်စားပြောကြားခဲ့သည်။

“ဟားအယ်ပင်းဆိုတာကလည်း အိမ်ရှေ့တံခါးဝမှာ ပြိုင်သလိုပါပဲ စိတ်ထဲမှာ အလွန်ပိုင်ပိုင်နိုင်နိုင် ဖြစ်စေပါတယ်။ စိတ်အနေအထား တည်တည်ငြိမ်ငြိမ်နဲ့ မိမိပုံမှန်အဆင့်မှာ ကောင်းကောင်းစွမ်းဆောင်မယ်ဆိုရင် ရွှေတံဆိပ်ရသင့်တဲ့အချိန်ရောက်ရင် ရွှေတံဆိပ်ရမှာပါ” ဟု အာရှဆောင်းရာသီ အားကစားပြိုင်ပွဲကို ပထမအကြိမ် ပါဝင်ယှဉ်ပြိုင်သော လျိုရှောက်အောင်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားအသင်းမှ Park Ji Won သည် အမျိုးသားတစ်ဦးချင်း မီတာ ၅၀၀ ၊ မီတာ ၁,၀၀၀ ၊ မီတာ ၁,၅၀၀ ၏ နောက်တစ်ဆင့် ပြိုင်ပွဲများကို အောင်မြင်စွာ တက်ရောက်ခဲ့ပြီး ၎င်းသည် အသင်းသားများနှင့် အတူ အမျိုးသား၊ အမျိုးသမီး တွဲဖက်အဖွဲ့ မီတာ ၂,၀၀၀ လက်ဆင့်ကမ်းပြိုင်ပွဲကို တက်ရောက်ခဲ့သည်။ ယခုအကြိမ် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ၏ ရည်မှန်းချက်အနေဖြင့် Park Ji Won သည် “ပြိုင်ပွဲအားလုံးမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးဖို့” မျှော်လင့်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၈ ရက်သည် တာတိုမြန်နှုန်းမြင့် စကိတ်စီးပြိုင်ပွဲ၏ ဒုတိယရက်ဖြစ်ရာ အမျိုးသား၊ အမျိုးသမီး တွဲဖက်အဖွဲ့ မီတာ ၂,၀၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ စသည့် ပြိုင်ပွဲ ၅ ခု၏ ရွှေတံဆိပ်ဆုများ ပေါ်ပေါက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဖေဖော်ဝါရီ ၇ ရက် ပြိုင်ပွဲအပြီး တရုတ်အသင်း လက်ရွေးစင် လျိုရှောက်အောင် (ဝဲဘက်) က ၎င်း၏ ရလဒ်ကို ကြည့်ရှုနေစဉ် (ဆင်ဟွာ)


………………………………………….
(Chinese Version)
短道速滑混合团体接力赛中国队晋级决赛
新华社哈尔滨2月7日电(记者王春燕、刘艺淳)第九届亚冬会短道速滑项目7日开赛,中国队顺利晋级混合团体2000米接力项目决赛。此外,中国队队员们也都悉数晋级个人项目的下一轮。
在混合团体2000米接力四分之一决赛中,中国队的范可新、张楚桐、孙龙和刘少林携手以2分46秒652的成绩晋级半决赛。随后,范可新、王欣然、林孝埈和刘少林携手以2分40秒241的成绩晋级A组决赛。8日的决赛,将产生短道速滑项目的首枚金牌,这很有可能是本届亚冬会的首枚金牌。
老将范可新在赛后表示:“今天主要是预赛,大家发挥都很好,完成了进入(混合团体接力项目)决赛的目标,期待明天能顺利发挥。”
7日上午,短道速滑项目还进行了女子、男子1500米四分之一决赛,女子、男子500米预赛,女子、男子1000米预赛。范可新、公俐、杨婧茹、臧一泽、林孝埈、刘少昂、孙龙、张楚桐、王欣然也都顺利晋级。
刘少昂则用很多个“好”字来形容第一个比赛日,“我感觉状态比之前好”“冰场滑得很舒服,比之前的比赛好多了”“今天感觉比昨天训练的时候还好”“我希望明天会更好一些”。
第一次参加亚冬会的刘少昂表示:“在哈尔滨也是在家门口比赛,感觉心里很踏实。我觉得把心态放平,发挥出自己正常的水平就好,该拿金牌的时候就拿金牌。”
韩国队的朴智元顺利晋级男子500米、1000米和1500米的下一轮比赛,他还与队友一起晋级了混合团体2000米接力决赛。对于本届亚冬会的目标,朴智元期待“在所有参赛项目中获得金牌”。
8日,短道速滑项目进入第二个比赛日,将产生混合团体2000米接力等5个项目的金牌。
2月7日,中国队选手范可新(右)、刘少林在混合团体2000米接力半决赛比赛后。新华社记者 丁旭 摄
2月7日,中国选手刘少昂(左)在比赛后查看成绩。他打破亚冬会纪录,晋级半决赛。新华社记者 许雅楠 摄