China
တရုတ်နိုင်ငံအပေါ် တိုးမြှင့်ကောက်ခံသည့် စည်းကြပ်ခွန်များကို အမေရိကန် ပြန်လည်ချိန်ညှိ

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်အိမ်ဖြူတော်က မေ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုကို တုံ့ပြန်သောအားဖြင့် အလားတူစည်းကြပ်ခွန်နှုန်းများကို ပြင်ဆင်ခြင်းဆိုင်ရာ အမိန့်ကြေညာချက်” အရ အမေရိကန်သည် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် မေ ၁၄ ရက် နံနက်အစောပိုင်း ၀၀:၀၁ တွင် ၂၀၂၅ ခုနှစ် ဧပြီ ၈ ရက်၏ အမိန့်ကြေညာစာ အမှတ် ၁၄၂၅၉ နှင့် ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်၏ အမိန့်ကြေညာစာ အမှတ် ၁၄၂၆၆ တို့အရ တရုတ်ကုန်ပစ္စည်းများ (ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသနှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသတို့မှ ကုန်ပစ္စည်းများအပါအဝင်) အပေါ် တိုးမြှင့်ကောက်ခံသည့် စုစုပေါင်း ၉၁ ရာခိုင်နှုန်း အကောက်ခွန်များကို ရုပ်သိမ်းလိုက်ကြောင်း၊ ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက် အမိန့်ကြေညာစာ အမှတ် ၁၄၂၅၇ အရ တရုတ်ကုန်ပစ္စည်းများ (ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသနှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသတို့မှ ကုန်ပစ္စည်းများအပါအဝင်) အပေါ် တိုးမြှင့်ကောက်ခံသည့် ၃၄ ရာခိုင်နှုန်း အလားတူစည်းကြပ်ခွန်နှုန်းအစီအမံ ပြင်ဆင်ကြောင်း၊ ယင်းအနက် စည်းကြပ်ခွန် ၂၄ ရာခိုင်နှုန်းကို ရက် ၉၀ ကြာ ယာယီဆိုင်းငံ့ထားပြီး ကျန်စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သတင်းထောက်က မေ ၁၄ ရက်တွင် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်ဘက်က တရုတ်နိုင်ငံမှ တန်ဖိုးနည်းပါဆယ်များ (ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသမှ တန်ဖိုးနည်းပါဆယ်များ အပါအဝင်) အပေါ် တိုးမြှင့်ကောက်ခံသည့် စည်းကြပ်ခွန်များကိုလည်း လျှော့ချခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းများ ပြုလုပ်ခဲ့ကာ အပြည်ပြည်ဆိုင်ရာစာတိုက်ပစ္စည်းများအတွက် တန်ဖိုးအလိုက်ကောက်ခံသည့် အကောက်ခွန်နှုန်းကို ၁၂၀ ရာခိုင်နှုန်း မှ ၅၄ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်မှစ၍ အရေအတွက်အလိုက်ကောက်ခံသည့် အကောက်ခွန်ကို ပါဆယ်တစ်ခုလျှင် ကန်ဒေါ်လာ ၁၀၀ မှ ၂၀၀ အထိ တိုးမြှင့်ခဲ့သည့် မူလအစီအမံကိုလည်း ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုတွင် ရရှိခဲ့သော သဘောတူညီမှုများအရ အမေရိကန်ဘက်က တရုတ်နိုင်ငံအပေါ် တိုးမြှင့်ကောက်ခံသည့် သက်ဆိုင်ရာ စည်းကြပ်ခွန်များကို ရုပ်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ပြန်လည်ချိန်ညှိခြင်းများ ပြုလုပ်ခဲ့ခြင်းကို ထည့်သွင်းစဉ်းစားသောအားဖြင် တရုတ်ဘက်ကလည်း အမေရိကန်အပေါ် သက်ဆိုင်ရာ စည်းကြပ်ခွန်များနှင့် အကောက်ခွန်မဟုတ်သည့် တန်ပြန်အစီအမံများကို လျော်ညီစွာ ပြန်လည်ချိန်ညှိခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
美国调整对华加征关税
新华社北京5月14日电 记者14日从商务部获悉,根据美国白宫5月12日发布的《修改对等关税税率以反映与中华人民共和国会谈情况的行政令》,美方已于美东时间5月14日凌晨00:01撤销根据2025年4月8日第14259号行政令和2025年4月9日第14266号行政令对中国商品(包括香港特别行政区和澳门特别行政区商品)加征的共计91%的关税,修改2025年4月2日第14257号行政令对中国商品(包括香港特别行政区和澳门特别行政区商品)加征的34%的对等关税措施,其中24%的关税暂停加征90天,保留剩余10%的关税。同时,美方还下调或撤销对中国小额包裹(包括香港特别行政区小额包裹)加征的关税,将国际邮件从价税率由120%下调至54%,撤销原定于2025年6月1日起将从量税由每件100美元调增为200美元的措施。
鉴于美方根据中美经贸高层会谈共识撤销、暂停或调整有关对华加征关税,中方相应调整有关关税和非关税对美反制措施。(完)
图说:这是5月10日在美国洛杉矶港拍摄的货船。 新华社发(邱晨摄)