Connect with us

China

တရုတ်နိုင်ငံက Shijian-26 ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်

ကျိုချွမ်၊ မေ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက မတ် ၂၉ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ ၁၂ မိနစ်တွင် ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ Long March-4B သယ်ဆောင်ရေးဒုံးပျံကိုအသုံးပြုကာ Shijian-26 ဂြိုဟ်တုကို အာကာသအတွင်းသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ရာ ထိုဂြိုဟ်တုသည် သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်ခဲ့ပြီး လွှတ်တင်ရေး မစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့သည်။
Shijian-26 ဂြိုဟ်တုကို အဓိကအားဖြင့် အမိမြေစစ်တမ်းကောက်ယူရေးနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု စသည့်ကဏ္ဍများတွင် အသုံးပြုမည်ဖြစ်ပြီး အမျိုးသားစီးပွားရေးတည်ဆောက်မှုအတွက် အချက်အလက်ဝန်ဆောင်မှုများ ပံ့ပိုးပေးမည်ဖြစ်သည်။
ယခုအကြိမ် မစ်ရှင်သည် Long March စီးရီး ဂြိုဟ်တုများ၏ ၅၇၉ ကြိမ်မြောက် ပျံသန်းခြင်းဖြစ်သည်။ (Xinhua)

 


………………………
(Chinese Version)
中国成功发射实践二十六号卫星
新华社酒泉5月29日电(李国利、王晨宇)5月29日12时12分,中国在酒泉卫星发射中心使用长征四号乙运载火箭,成功将实践二十六号卫星发射升空,卫星顺利进入预定轨道,发射任务获得圆满成功。
实践二十六号卫星主要用于国土普查、环境治理等领域,为国民经济建设提供信息服务。
这次任务是长征系列运载火箭的第579次飞行。(完)