Connect with us

China

နေရောင်ခြည်စွမ်းအင်သုံး (Photovoltaic) စမတ်စွမ်းအင် အဓိကထားသော ၂၀၂၅ ခုနှစ် ရှန်ဟိုင်း နေစွမ်းအင်သုံးထုတ်ကုန်ပြပွဲ ကျင်းပ

ပြပွဲတွင် အပြည့်အဝအလိုအလျောက် နေရောင်ခြည်စွမ်းအင်သုံး (photovoltaic) သန့်ရှင်းရေးစက်ရုပ်က သရုပ်ပြလုပ်ဆောင်မှုကို ကြည့်ရှုနေကြသူများအား ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
၁၈ ကြိမ်မြောက် (၂၀၂၅ ခုနှစ်) နိုင်ငံတကာ နေရောင်ခြည်စွမ်းအင်သုံး (Photovoltaic) ဆိုလာပြားနှင့် စမတ်စွမ်းအင်၊ စွမ်းအင်သိုလှောင်မှု၊ ဘက်ထရီနည်းပညာနှင့် စက်ပစ္စည်းများ (ရှန်ဟိုင်း) ပြပွဲကို ဇွန် ၁၂ ရက်တွင် အမျိုးသား ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) ၌ ကျင်းပခဲ့သည်။ လုပ်ငန်းဆိုင်ရာ ကုမ္ပဏီလုပ်ငန်း ၃,၅၀၀ ကျော်သည် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဗို့အားထုတ်စက်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ နေရောင်ခြည်စွမ်းအင်သုံး ဘက်ထရီ၊ နေရောင်ခြည်စွမ်းအင်သုံး အသုံးချပစ္စည်းများနှင့် အစိတ်အပိုင်းများ၊ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းနှင့်စနစ်၊ စွမ်းအင်သိုလှောင်မှုနှင့် မိုဘိုင်းစွမ်းအင်စနစ်၊ အင်ဗာတာနှင့် ပါဝါထောက်ပံ့ရေးစက်ပစ္စည်းများစသည့် နေရောင်ခြည်စွမ်းအင်ဆိုင်ရာ ထုတ်ကုန်ထောက်ပံ့ရေးကွင်းဆက်အသီးသီးတွင် အဆင့်မြင့်သိပ္ပံနည်းပညာရလဒ်များနှင့် ခေတ်မီနည်းပညာပစ္စည်းများကို ပြသထားသည်။ (Xinhua)

လေ့လာကြည့်ရှုသူများက နေရောင်ခြည်စွမ်းအင်သုံး (photovoltaic) အင်ဗာတာ ပြသထားမှုအား အနီးကပ် ကြည့်ရှုနေသည်ကို ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
聚焦光伏智慧能源 2025上海光伏展举行
新华社照片,上海,2025年6月12日
当日,第十八届(2025) 国际太阳能光伏和智慧能源&储能及电池技术与装备(上海)展览会,在国家会展中心(上海)举行。超3500家行业企业,在光伏生产设备、材料、光伏电池、光伏应用产品和组件,以及光伏工程及系统、储能及移动能源、逆变器及电源设备等光伏产业链的各个环节,展出尖端科技成果和前沿技术产品。
图说1:6月12日,参观者在展会现场观看全自动光伏清洁机器人进行作业演示。 新华社记者 方喆 摄
图说2:6月12日,参观者近距离观看一个光伏逆变器展品。新华社记者 方喆 摄