Connect with us

China

အမိမြေသို့ ပြန်လည်ရောက်ရှိလာသော ပန်ဒါဝက်ဝံကြီး “ပေါင်တိ”၊ “ပေါင်မေ့” ကျဲ့ကျန်းပြည်နယ် ဝန်းကျိုးတိရစ္ဆာန်ဥယျာဉ်တွင် တရားဝင် ပြသ

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝန်းကျိုးတိရစ္ဆာန်ဥယျာဉ် ပန်ဒါဝက်ဝံကြီးပြခန်းတွင် ကြည့်ရှု၊ အမှတ်တရဓာတ်ပုံရိုက်ကူးနေသော မြို့ခံ၊ ခရီးသွားဧည့်သည်များအား ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝန်းကျိုး(ကျဲ့ကျန်း)၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
အမိမြေသို့ ပြန်လည်ရောက်ရှိလာသော ပန်ဒါဝက်ဝံကြီး “ပေါင်တိ”၊ “ပေါင်မေ့” တို့သည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝန်းကျိုးတိရစ္ဆာန်ဥယျာဉ်တွင် မြို့ခံ၊ ခရီးသွားဧည့်သည်များနှင့် ဇွန် ၁၅ ရက်၌ တွေ့ဆုံခဲ့သည်။ ဤပန်ဒါဝက်ဝံကြီးအမြွှာသည် ၂၀၁၉ ခုနှစ်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများကြားတွင် အလွန်ရေပန်းစား၊ ချစ်ခင်နှစ်သက်ခြင်းခံရသည်။ ၂၀၂၄ ခုနှစ် နှစ်နှောင်းပိုင်းတွင် “ပေါင်တိ”၊ “ပေါင်မေ့” တို့သည် ဘယ်လ်ဂျီယမ်ခရီးစဉ်ပြီးဆုံး၍ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ၂၀၂၅ ခုနှစ် ဇွန် ၇ ရက် ညပိုင်းတွင် ပန်ဒါဝက်ဝံကြီးအမြွှာသည် တရုတ်နိုင်ငံ ပန်ဒါဝက်ဝံကြီး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သုတေသနစင်တာမှ ဝန်းကျိုးသို့ ရောက်ရှိလာခဲ့ရာ ရက်သတ္တပတ်ကြာ ကျင့်သားရအောင် နေထိုင်ပြီးနောက် အများပြည်သူများနှင့် အဆင်ပြေချောမွေ့စွာတွေ့ဆုံခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝန်းကျိုးတိရစ္ဆာန်ဥယျာဉ် ပန်ဒါဝက်ဝံကြီးပြခန်းတွင် ပန်ဒါဝက်ဝံကြီး “ပေါင်တိ” ဝါးလေးများ စားနေသည်ကို ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
归国大熊猫“宝弟”“宝妹”在浙江温州动物园正式亮相
新华社照片,温州(浙江),2025年6月15日
当日,归国大熊猫 “宝弟”和“宝妹”在浙江省温州动物园熊猫馆与市民、游客见面。这对双胞胎大熊猫于2019年出生于比利时,深受当地民众喜爱。2024年底,“宝弟”“宝妹”结束旅比生涯回到中国。2025年6月7日晚,双胞胎大熊猫从中国大熊猫保护研究中心抵温,经一周适应,顺利与公众见面。
图说1:6月15日,市民、游客在温州动物园熊猫馆观看、拍摄大熊猫。新华社发(刘吉利 摄)
图说2:6月15日,在温州动物园熊猫馆,大熊猫“宝弟”在吃竹子。新华社发(刘吉利 摄)