Connect with us

China

ခါးဖန်သော ပင်လယ်ရေမှ ကြည်လင်အေးမြသော သောက်သုံးရေအဖြစ်သို့ – ပင်လယ်ရေချိုထုတ်လုပ်ရေးစီမံကိန်းအား သွားရောက်လေ့လာခြင်း

ပင်လယ်ဝါနံဘေးရှိ တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ယန်ချိန်မြို့ ကျန်းဆူး ဖုန်းဟိုင် စွမ်းအင်သစ် ပင်လယ်ရေချိုထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်အား ဇွန် ၇ ရက်တွင် ဝေဟင်မှတွေ့ရစဉ် (ဆင်ဟွာ)

ယန်ချိန် (ကျန်းဆူး)၊ ဇွန် ၉ ရက် (ဆင်ဟွာ)
ပင်လယ်ရေ တစ်ပုလင်းသည် လေအားနှင့် နေရောင်ခြည်စွမ်းအင်တို့ အတူတကွပေါင်းစပ်မှုဖြင့် နောက်ကျိနေသော အခြေနေမှ ကြည်လင်ချိုမြလာသည်အထိ ပြောင်းလဲနိုင်သည်။

စွမ်းအင်သစ်နှင့် ပင်လယ်ရေချိုထုတ်လုပ်ရေးရာတွင် အရင်းအမြစ်အကျပ်အတည်းအား ထိုးဖောက်နိုင်သည့် ပြောင်းလဲမှုတစ်ခု စတင်လာပြီဖြစ်သည်။
လတ်လောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ်သည် ပင်လယ်ရေချိုထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို အင်တိုက်အားတိုက်ဖော်ဆောင်ပြီး ခေတ်မီကာ ပင်လယ်ရေချိုထုတ်လုပ်ရေး၌ အသုံးပြုရန်သင့်လျော်သော နည်းပညာများ မိတ်ဆက်ခြင်းနှင့် လက်တွေ့အသုံးပြုခြင်းကို မြှင့်တင်လာသည်။ ကမ်းရိုးတန်းဒေသများ၌ ဒေသနှင့်ကိုက်ညီသည့် ပင်လယ်ချိုထုတ်လုပ်ရေး စီမံကိန်း တည်ဆောက်မှုကို ထောက်ခံအားပေးပြီး ရေချိုအဖြစ်ထုတ်လုပ်ထားသည့် ပင်လယ်ရေက ဒေသတွင်း ရေအရင်းအမြစ်အတွက် မဟာဗျူဟာအားဖြည့်မှု ဖြစ်လာရန် တွန်းအားပေးလျက်ရှိသည်။

ပင်လယ်ဝါနံဘေးရှိ ကျန်းဆူးပြည်နယ် ယန်ချိန်မြို့သည် ပင်လယ်သမုဒ္ဒရာကဏ္ဍအင်အားကြီးမြို့ တည်ဆောက်ရေးကို အဓိကရည်မှန်းချက်အဖြစ် ထားရှိပြီး ပင်လယ်သမုဒ္ဒရာလုပ်ငန်း အားကောင်းတိုးတက်လာရေးကို ဖော်ဆောင်လျက်ရှိသည်။ ဦးဆောင်နိုင်မှု စွမ်းရည်မြင့်မားသော ပင်လယ်သမုဒ္ဒရာလုပ်ငန်း စီမံကိန်းနှင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု ပလက်ဖောင်းများ တည်ဆောက်ခြင်းဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်သော “တိုးတက်မှု ဝင်ရိုးစွန်းအသစ်” များ ဖြစ်ပေါ်လာရန် တွန်းအားပေးလျက်ရှိသည်။

ကျန်းဆူး ဖုန်းဟိုင် စွမ်းအင်သစ် ပင်လယ်ရေချိုထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တွင် ပင်လယ်ရေကို အနည်ထိုင်ခြင်း၊ စစ်ထုတ်ခြင်း စသည့် လုပ်ငန်း အဆင့်ဆင့်စီမံပြီးနောက် နောက်ဆုံးတွင် ပုလင်းထဲသို့ ထည့်သွင်းထုပ်ပိုးခဲ့သည်။ ထုပ်ပိုးပြီးနောက် သောက်သုံးရေပုလင်းများကို စူပါမားကတ်နှင့် အွန်လိုင်းပလက်ဖောင်းများစွာသို့ ပို့ဆောင်ရောင်းချခဲ့ရာ တစ်နှစ်ရောင်းအားပမာဏသည် ယွမ် ၁၀ သန်းကျော် ရှိကြောင်း သိရသည်။
သမားရိုးကျ ပင်လယ်ရေချိုထုတ်လုပ်မှု နည်းပညာသည် စွမ်းအင်အသုံးပြုမှုပမာဏ အတန်အသင့်များသည်။ တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ယန်ချိန်မြို့ တာ့ဖုန်းဆိပ်ကမ်းဇုန်အတွင်းရှိ ကျန်းဆူး ဖုန်းဟိုင် စွမ်းအင်သစ် ပင်လယ်ရေချိုထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်သည် ဆိပ်ကမ်းဇုန် ကမ်းလွန်ပင်လယ်ပြင်အားသာချက်နှင့် ဒေသတွင်း လေအားလျှပ်စစ်လုပ်ငန်း အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်မှုကို အားကိုးကာ လေအားနှင့် နေရောင်ခြည်စွမ်းအင်တို့ အပြန်အလှန်ဖြည့်စွက်မှုဖြင့် ပင်လယ်ရေချိုထုတ်လုပ်ရန်အတွက် စွမ်းအင်ပံ့ပိုးပေးသောကြောင့် အထီးကျန်ကျွန်းငယ်နှင့် အယ်ကာလိုင်းရေဒေသများတွင် လျှပ်စစ်နှင့်ရေရှားပါးသည့် ပြဿနာဖြေရှင်းရန် နည်းလမ်း ပံ့ပိုးပေးလိုက်သည်။

ယနေ့တွင် အဆိုပါစွမ်းအင်သစ် အသေးစားကွန်ရက် ပင်လယ်ရေချိုထုတ်လုပ်မှု စက်ပစ္စည်းကို တရုတ်နိုင်ငံ ပြည်တွင်းရှိ ရှီးဆားကျွန်းစု၊ လျန်ယွင်ကန် ခိုင်းစန်းကျွန်း စသည့်ကျွန်းများနှင့် မော်လ်ဒိုက်၊ ဘရာဇီး၊ အိုမန်၊ မလေးရှား စသည့်နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီဖြစ်ကာ နိုင်ငံနှင့်ဒေသအများအပြားအတွက် ရေနှင့်လျှပ်စစ် အထွေထွေဖြေရှင်းရေးနည်းလမ်း ပံ့ပိုးပေးခဲ့သည်။ (Xinhua)

ကျန်းဆူး ဖုန်းဟိုင် စွမ်းအင်သစ် ပင်လယ်ရေချိုထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ ဝန်ထမ်းများက ဆားဓာတ်ဖယ်ရှားပြီးနောက် ထုတ်လုပ်ထားသည့် သန့်ရှင်းသောရေအား စစ်ဆေးမှု လုပ်ဆောင်နေသည်ကို ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျန်းဆူး ဖုန်းဟိုင် စွမ်းအင်သစ် ပင်လယ်ရေချိုထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်၏ ပင်လယ်ရေချိုထုတ်လုပ်ရေးစက်ခန်းအား ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
从苦涩海水到清冽饮用水——记者探访海水淡化项目
新华社照片,盐城(江苏),2025年6月8日
一瓶海水,依托风、光共同发力,从浑浊不堪变为清澈甘甜。
当新能源遇见海水淡化,一场破解资源困局的变革正在展开。
近年来,江苏积极推动海水淡化产业发展,加强先进适用海水淡化技术推广应用,支持沿海地区因地制宜建设海水淡化工程,推动淡化海水成为当地水资源战略增量。
位于黄海之滨的江苏省盐城市以建设海洋强市为总目标,培育壮大海洋产业,建设一批带动性强的海洋产业项目和科技创新平台,推动形成高质量发展的蓝色“新增长极”。
在江苏丰海新能源淡化海水发展有限公司,海水经过沉淀、过滤等多道工序处理后,最终被装入瓶中。包装完成后的瓶装饮用水将被运往各大商超及网络平台进行销售,年销售额超千万元。
传统的海水淡化技术能耗较大。位于江苏盐城大丰港区的江苏丰海新能源淡化海水发展有限公司,依托港区近海优势和当地风电产业的蓬勃发展,通过风光互补为淡化海水提供能源,为一些孤岛和苦咸水地区缺电缺水问题提供了解决方案。
如今,这套新能源微网淡化海水装备已广泛应用于国内西沙群岛、连云港开山岛等岛屿,以及马尔代夫、巴西、阿曼、马来西亚等国家,为多个国家和地区提供了水和电的综合解决方案。
1. 位于黄海边的江苏省盐城市的江苏丰海新能源淡化海水发展有限公司(6月7日摄,无人机照片)。 新华社记者 晋美多吉 摄
2. 江苏丰海新能源淡化海水发展有限公司的工作人员正在对海水淡化后生产的纯净水进行检测(6月7日摄)。新华社记者 万象 摄
3. 这是江苏丰海新能源淡化海水发展有限公司的海水淡化车间(6月7日摄,无人机照片)。新华社记者 杨晨光 摄