Connect with us

China

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim နှင့် ဝမ်ရိ တွေ့ဆုံဆွေးနွေး

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim က မလေးရှားနိုင်ငံသို့လာရောက်၍ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဇူလိုင် ၁၁ ရက်တွင် မလေးရှားနိုင်ငံ Putrajaya မြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim သည် မလေးရှားနိုင်ငံသို့ လာရောက်၍ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်အလည်အစည်းအဝေး တက်ရောက်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် မလေးရှားနိုင်ငံ Putrajaya မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် Anwar Ibrahim က သမ္မတ ရှီကျင့်ဖိန်ထံသို့ နှုတ်ခွန်းဆက်စကားအား တစ်ဆင့်ပြောကြားပေးရန် ဝမ်ရိအား ပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံ၏ ယုံကြည်အားထားထိုက်သော မိတ်ဆွေနှင့် မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က ယခုနှစ်တွင် ခရီးစဉ် အောင်မြင်စွာ လာရောက်ခဲ့ခြင်းသည် မလေးရှား-တရုတ် ဆက်ဆံရေးသမိုင်း၌ ကိစ္စကြီးတစ်ရပ်ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာကြီး၏ ရှေ့ရေးကံကြမ္မာအား ဂရုပြု၍ ထည့်သွင်းစဉ်းစားမှုသည် မလေးရှားနိုင်ငံ အစိုးရနှင့် ပြည်သူများ စိတ်နှလုံးအတွင်းမှ လေးစားမှု ခံရကြောင်း၊ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုသည် မလေးရှားနိုင်ငံ အစိုးရနှင့် ပြည်သူများ၏ သဘောတူညီမှုဖြစ်ပြီး မလေးရှား-တရုတ် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များသည် နှစ်နိုင်ငံပြည်သူများကို အကျိုးဖြစ်ထွန်းစေကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိကမ္ဘာကြီးတွင် BRICS စသည့် ပူးပေါင်းဆောင်ရွက်မှုယန္တရားများ အင်အားတောင့်တင်းလာကြောင်း၊ နိုင်ငံအသီးသီးက လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်၍ စည်ပင်ဝပြောမှုအား ဖော်ဆောင်နေရာ တရုတ်နိုင်ငံက ၎င်းအနက် ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး မလေးရှားနိုင်ငံက များစွာ တန်ဖိုးထားချီးကျူးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံခေါင်းဆောင်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်မှုကို တစ်ဆင့်ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်သည် ယခုနှစ် ဧပြီလတွင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် အောင်မြင်စွာလာရောက်ခဲ့ပြီး နှစ်နိုင်ငံက အဆင့်မြင့် မဟာဗျူဟာမြောက် တရုတ်-မလေးရှား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မည်ဟု ကြေညာခဲ့ကြောင်း၊ တရုတ်-မလေးရှား နှစ်နိုင်ငံခေါင်းဆောင်များ၏ အတူတကွ ဦးဆောင်မှုဖြင့် တရုတ်-မလေးရှား ဆက်ဆံရေးသည် သမိုင်း၏ အကောင်းဆုံးအချိန်ကာလသို့ ဝင်ရောက်လာကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံ၏ စစ်မှန်ရိုးသားသော မိတ်ဆွေဖြစ်ကြောင်း၊ မလေးရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်အား ကောင်းမွန်စွာ အကောင်အထည်ဖော်၍ အဆင့်မြင့် မဟာဗျူဟာမြောက် တရုတ်-မလေးရှား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မြဲလာစေရန် တွန်းအားပေးသွားလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မလေးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် ထမ်းဆောင်ခြင်းအား အစွမ်းကုန်ထောက်ခံအားပေးကြောင်း၊ မလေးရှားနိုင်ငံက နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှပါဝင်ရန် ထောက်ခံအားပေးကြောင်း၊ တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှုက ခြေလှမ်းသစ်များ အဆက်မပြတ် လျှောက်လှမ်းနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမိုင်းရေစီးကြောင်းသည် တလိမ့်လိမ့်ရှေ့သို့ စီးဆင်းလျက်ရှိပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ တိုးတက်လာမှုသည် တားဆီး၍မရကြောင်း၊ တရုတ်-မလေးရှားသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ထွန်းသစ်စ စီးပွားရေးအစုအဖွဲ့များနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရေးကြီးကိုယ်စားလှယ်အနေဖြင့် စိန်ခေါ်မှုများကို အတူလက်တွဲရင်ဆိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို အတူဖော်ဆောင်ရမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အမေရိကန်က ပမာဏမြင့်မားသော စည်းကြပ်ခွန်အား တစ်ဖက်သတ်ကောက်ခံခြင်းသည် တာဝန်ယူမှု မရှိခြင်းဖြစ်ပြီး အများပြည်သူ၏ ထောက်ခံအားပေးခြင်း ခံရမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများစွာနှင့် အစဉ်အမြဲရပ်တည်ပြီး အဆင့်မြင့် တံခါးဖွင့်လှစ်မှုအား လက်ကိုင်ထားကာ တရုတ်နိုင်ငံ၏ အထူးကြီးမားသောဈေးကွက် အကျိုးအမြတ်ကို မျှဝေ၍ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှုအား အတူတကွချဲ့ထွင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ခရီးစဉ်ကာလအတွင်း ဝမ်ရိက မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
马来西亚总理安瓦尔会见王毅
新华社吉隆坡7月11日电(记者毛鹏飞 王嘉伟)2025年7月11日,马来西亚总理安瓦尔在布城会见来马出席东亚合作年度系列外长会的中共中央政治局委员、外交部长王毅。
安瓦尔请王毅转达对习近平主席的亲切问候,表示中国是马来西亚值得信赖的朋友和伙伴。习近平主席今年成功访问,是马中关系史上一件大事。习近平主席关心和思考世界的前途命运,赢得马政府和人民发自内心的敬重。对华友好是马来西亚政府和人民的共识,马中各领域合作成果惠及两国人民。当今世界,金砖国家等合作机制卓然壮大,各国都在追求独立自主和发展繁荣,中国在其中发挥了引领作用,马方深表赞赏。
王毅转达了中国领导人的亲切问候。王毅说,习近平主席今年4月对马来西亚成功进行国事访问,双方宣布构建高水平战略性中马命运共同体。在中马领导人共同引领下,中马关系进入历史最好时期。中国是马来西亚真诚朋友,愿同马方落实好两国领导人重要共识,推动高水平战略性中马命运共同体建设走深走实。中方全力支持马方担任东盟轮值主席国,支持马来西亚在国际和地区事务中发挥更大作用,期待中国东盟合作不断迈出新步伐。
王毅说,历史潮流滚滚向前,全球南方崛起不可阻挡。中马作为发展中国家、新兴经济体和全球南方重要代表,要携手应对挑战,共谋发展振兴。美国单边征收高额关税,不负责任、不得人心。中国将始终同广大发展中国家站在一起,坚持高水平对外开放,分享中国超大市场红利,共同做大合作共赢的蛋糕。
访问期间,王毅还会见了马来西亚外长穆罕默德。(完)
图说:7月11日,马来西亚总理安瓦尔在布城会见来马出席东亚合作年度系列外长会的中共中央政治局委员、外交部长王毅。 新华社记者 程一恒 摄