China
ထိုင်း-ကမ္ဘောဒီးယားတို့အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာအား ကောင်းမွန်စွာဖြေရှင်းရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က နယ်စပ်ဒေသတွင် ပဋိပက္ခ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇူလိုင် ၂၄ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံအနေဖြင့် လက်ရှိကိစ္စရပ် ဖြစ်ပေါ်တိုးတက်မှုအခြေအနေအား များစွာစိုးရိမ်ပူပန်မိကြောင်း၊ နှစ်ဖက်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာအား ကောင်းမွန်စွာ ဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထိုင်း၊ ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးသည် တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်သလို အာဆီယံ၏ အရေးကြီးအဖွဲ့ဝင်များလည်းဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ သင့်မြတ်၍ ချစ်ကြည်ရင်းနှီးမှု၊ ကွဲလွဲမှုအား သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းမှုသည် နှစ်ဖက်၏ အခြေခံနှင့် ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“ဒေသတွင်းနိုင်ငံရဲ့ ဘုံအကျိုးစီးပွားနဲ့ တောင်းဆိုချက်အရ ကြည့်ရင် တရုတ်နိုင်ငံက တရားမျှတတဲ့ ရပ်တည်ချက်ကို အရင်းခံကာ မိမိရဲ့နည်းလမ်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သလို ဆက်လက်လုပ်ဆောင်သွားမှာလည်းဖြစ်ပြီး အခြေအနေ အရှိန်လျော့ကျလာရေးကို တွန်းအားပေးရန်အတွက် အပြုသဘော အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部:希望泰柬通过对话协商妥善解决问题
新华社北京7月24日电(记者邵艺博、赵瀚泽)就泰国和柬埔寨在边境地区发生冲突,外交部发言人郭嘉昆24日在例行记者会上表示,中方对当前事态发展深感担忧,希望双方通过对话协商妥善解决问题。
郭嘉昆说,泰、柬两国都是中国的友好邻邦,也是东盟重要成员,睦邻友好、妥处分歧符合双方根本和长远利益。
“从地区国家的共同利益和诉求出发,中方秉持公正公允立场,已经并将继续以自己的方式做劝和促谈工作,为推动缓局降温发挥建设性作用。”他说。(完)