China
ဂါဇာပြည်သူများ ရင်ဆိုင်နေရသော လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးများအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ဂါဇာပြည်သူများ ရင်ဆိုင်နေရသော လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးများအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အား အကောင်အထည်ဖော်၍ နောက်ဆုံးတွင် ပါလက်စတိုင်းအရေးအား ဘက်စုံ တရားမျှတ ရေရှည်တည်တံ့သော ဖြေရှင်းမှု ရရှိရန် ဆက်လက်ဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇူလိုင် ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းချက်များကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
လတ်တလောတွင် ဂါဇာရှိ လူသားချင်းစာနာမှုအခြေအနေသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သော စိုးရိမ်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာတို့က ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုနိုင်ကြောင်း၊ တစ်ချိန်တည်းမှာပင် အစ္စရေး လုံခြုံရေးအစိုးရအဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသကို “ဘက်စုံစစ်ရေးသိမ်းပိုက်မှု” ပြုလုပ်ရန်နှင့် ဟားမက်စ်လှုပ်ရှားမှု ပိုမိုတက်ကြွသည့် အချို့သောမြို့လယ်နေရာများကို “ဝန်းရံပိတ်ဆို့မှု” ပြုလုပ်ရန် စဉ်းစားနေဆဲဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားကြောင်း၊ လက်ရှိဂါဇာအခြေအနေနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။
“တရုတ်နိုင်ငံအနေနဲ့ လက်ရှိဂါဇာအခြေအနေကို အထူးဂရုပြုလျက်ရှိတယ်။ ဂါဇာဒေသမှာ အစ္စရေး စစ်ရေးလှုပ်ရှားမှုတွေအဆင့်မြှင့်ခြင်းကို ကန့်ကွက်ပြီး ဂါဇာပြည်သူတွေ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတွေအပေါ် အလွန်ပင် စိုးရိမ်မိပါတယ်” ဟူ၍ ကောကျားခွန်းက ပြောကြားခဲ့သည်။
ယခုအကြိမ် ပဋိပက္ခသည် ၂၁ လကြာဆက်လက်ဖြစ်ပွားနေခဲ့ရာ ဂါဇာ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများသည် မကြုံစဖူး အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ ယခုနှစ်အတွင်း ဂါဇာ၌ အာဟာရချို့တဲ့၍ သေဆုံးမှု စုစုပေါင်း ၇၄ ဦးရှိပြီး ယခုတစ်လအတွင်း၌ပင်သေဆုံးသူ ၆၃ ဦးရှိရာ ယင်းတို့အနက် ၂၅ ဦးမှာ ကလေးငယ်များဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားကြောင်း၊ ဤသည်မှာ ဂါဇာရှိ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေး၏ နောက်ဆုံးအထောက်အထားများ ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“သက်ဆိုင်ရာ ဘက်အသီးသီး၊ အထူးသဖြင့် အစ္စရေးအနေနဲ့ ဂါဇာဒေသက စစ်ရေးလှုပ်ရှားတွေကို ချက်ချင်း ရပ်တန့်ဖို့၊ ပိုမိုကြီးမားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပွားခြင်းကို တားဆီးဖို့ ဂါဇာအား ပိတ်ဆို့ ဝန်းရံထားခြင်းကို ပယ်ဖျက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်မှုကို ဘက်စုံပြန်လည်စတင်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
ပါလက်စတိုင်းပြဿနာသည် အရှေ့အလယ်ပိုင်းပြဿနာ၏ ပင်မဖြစ်ရာ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” သည် ပါလက်စတိုင်းပြဿနာဖြေရှင်းရေး၏ တစ်ခုတည်းသော လက်တွေ့ကျသည့် ထွက်လမ်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းပြည်သူများ လွတ်လပ်သော နိုင်ငံတည်ထောင်ခြင်းကို အခိုင်အမာထောက်ခံကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဂါဇာစစ်မက်မီးလျှံ ဆောလျင်စွာ ငြိမ်းအေးကာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပြေလျော့ရန်တွန်းအားပေးပြီး “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” လက်တွေ့အကောင်အထည်ဖော်၍ နောက်ဆုံးတွင် ပါလက်စတိုင်းအရေးအား ဘက်စုံ တရားမျှတ၍ ရေရှည်တည်တံ့သော ဖြေရှင်းမှု ရရှိရန် ဆက်လက်ဆောင်ရွက်သွားလိုကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………….
(Chinese Version)
外交部:对加沙人民遭遇的人道主义灾难深表关切
新华社北京7月30日电(记者马卓言、许可)外交部发言人郭嘉昆30日在例行记者会上答问时表示,中方对加沙人民遭遇的人道主义灾难深表关切,愿继续同国际社会一道,落实“两国方案”,最终实现巴勒斯坦问题全面、公正、持久解决。
有记者问:近期,加沙人道主义局势引发国际社会广泛关切。法国总统马克龙、英国首相斯塔默均表示可能在联合国大会上承认巴勒斯坦国。与此同时,有报道称以色列安全内阁仍在考虑对加沙地带进行“全面军事占领”,并对哈马斯活动较为活跃的某些城市中心“实施围困”。中方对当前加沙局势有何评论?
“中方高度关注当前加沙局势,反对以色列对加沙升级军事行动,对加沙人民遭遇的人道主义灾难深表关切。”郭嘉昆说,本轮冲突已持续21个月,加沙人道局势恶化到前所未有的地步。世界卫生组织日前发布的公报显示,今年以来加沙共报告74例营养不良死亡病例,仅本月就有63例,其中25例是儿童。这是加沙人道主义灾难的最新例证。
“我们呼吁有关各方特别是以色列立即停止在加沙的军事行动,解除对加沙的封锁围困,全面恢复人道物资准入,防止更大规模的人道主义危机。”郭嘉昆说。
郭嘉昆表示,巴勒斯坦问题是中东问题的核心,“两国方案”是解决巴勒斯坦问题的唯一现实出路。中方坚定支持巴勒斯坦人民实现独立建国,愿继续同国际社会一道,推动早日平息加沙战火,缓解人道危机,落实“两国方案”,最终实现巴勒斯坦问题全面、公正、持久解决。(完)